Main menu

Background

ဟွန်ဒေးက ရုရှားနိုင်ငံရှိ ကားစက်ရုံကို ရောင်းချသွားမည်

Mon, 01/01/2024 - 13:43 -- journal_editor

တောင်ကိုရီးယားနိုင်ငံရှိHyundai Motor Group သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်   ထူထောင်ထားရှိသည့် ကားထုတ်လုပ်သည့်စက်ရုံ၏ ရှယ်ယာအားလုံးရောင်းချသွား မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ 
အဆိုပါကားစက်ရုံကို ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံသို့ စတင်ထိုးစစ်ဆင်တိုက်ခိုက်သည့်  ၂၀၂၂ ခုနှစ် မတ်လမှစ၍ ယနေ့ အထိ ယာယီပိတ်ထားခဲ့ရသည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   
Hyundai Motor Group ၏ ဒါရိုက်တာအဖွဲ့ကလည်း စိန့်ပီ တာစဘတ် မြို့ရှိ Hyundai Motor Manufacturing Rus (HMMR) နှင့်တကွ ၂၀၂၀ ပြည့်နှစ်တွင်   ဝယ်ယူခဲ့သည့်General Motor Plant  ကိုပါ   ရုရှားကားဝန်ဆောင်မှုကုမ္ပဏီ တစ်ခုဖြစ်သည့် Art-Finance  သို့ ရောင်းချသွားရန် သဘော တူခဲ့ကြသည်။ ဝယ်ယူရန် ကမ်းလှမ်းလာသည့် ရုရှားကုမ္ပဏီ များအနက် Art-Finance  သည် ဈေးပေးမှုအများဆုံးကုမ္ပဏီ တစ်ခုဖြစ်သည် HMMRကို ရောင်းချမည်ဖြစ်သော်လည်း ရုရှား ပြည်တွင်းရောင်းချထားသည့် ကားများအတွက် ကားရောင်း ပြီးနောက် ပေးအပ်သည့် ဝန်ဆောင်မှုကို ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  HMMR သည်Hyundai Motor Group  ၏ခြောက်ခုမြောက် ပြည်ပအခြေစိုက် ကား ထုတ်လုပ်သည့်စက်ရုံဖြစ်ပြီး   ၂၀၁၁ ခုနှစ်မှစ၍ စီးပွားဖြစ် လည်ပတ်နိုင်ခဲ့ကြောင်း၊ တစ်နှစ်လျှင် ကားစီးရေ နှစ်သိန်း ထုတ်လုပ်နိုင်ပြီး အဓိကအားဖြင့် Hyundai Solaris Creta  နှင့် Kia’s Rio မော်ဒယ်များကို ထုတ် လုပ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် တွင် ကားအစီးရေ ၂၃၄၀ဝ၀ ထုတ်လုပ်ခဲ့ပြီး  ၃၇၃၁၃၂ စီး ရောင်းချခဲ့ရကြောင်း၊  ပြည်တွင်းဈေးကွက်၏ ၂၄ ရာခိုင်နှုန်း အထိ ဈေးကွက်ဝေစုရရှိထားကြောင်း Hyundai Motor Group ထုတ်ပြန်ကြေညာခဲ့သည်။ 

(စီးပွားရေးသံမှူး၊ တောင်ကိုရီးယားနိုင်ငံ)