Main menu

Background

ဗီယက်နမ်သည် ၁၀ နှစ်အတွင်း စီးပွားရေးတိုးတက်မှု မြင့်မားလာ

Mon, 01/01/2024 - 13:45 -- journal_editor

ဗီယက်နမ်သည် တရုတ်နှင့် အခြားအာရှ နိုင်ငံများနှင့်အတူ ပြီးခဲ့သည့်   ၁၀ နှစ်တာကာလ အတွင်း စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ၂၀ တွင် ပါဝင်ခဲ့ကြောင်း Yahoo Financeဖော်ပြ ချက်အရ သိရှိရသည်။
ဈေးကွက်သတင်းများအား    နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF) မှ   ဝက်ဆိုက်ဘ် အချက်အလက်များအပေါ် အခြေခံထားကြောင်း၊ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း နိုင်ငံအားလုံး အတွက် ပျမ်းမျှဂျီဒီပီ   တိုးတက်မှုနှုန်းကို  ထည့် သွင်းစဉ်းစားထားကြောင်း သတင်းတွင် ဖော်ပြ ထားသည်။
ဗီယက်နမ်သည် ၂၀၂၁-၂၀၂၂ခုနှစ်အတွင်း ပျမ်းမျှGDP တိုးတက်မှုနှုန်း ၆ ဒသမ ၁ ရာခိုင်နှုန်း  ရှိသဖြင့် စီးပွားရေး တိုးတက်မှု မြင့်မားသောနိုင်ငံ များ အဆင့်သတ်မှတ်ထားကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍသည် ဂျီဒီပီနှင့်အလုပ်အကိုင်ရရှိရေးတို့ကို ပံ့ပိုးပေးခြင်းဖြင့် စီးပွားရေးကို  မြင့်မားစွာပံ့ပိုးပေး ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တော-ရေထွက် ကုန်တင်ပို့မှုသည်  ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၂၂ ဘီလီယံအထိ   ရောက်ရှိခဲ့ပြီး  ယခင်နှစ်ကထက် ၉ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ရလဒ် အနေဖြင့် လယ်ယာကဏ္ဍသည် ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံအထိ ရှိလာခဲ့ပြီး စီးပွားရေး၏စုစုပေါင်းကုန်သွယ်မှု ပိုငွေ ၏ ၇၅ ရာခိုင်နှုန်းကျော်ရှိသည်။
ဗီယက်နမ်နိုင်ငံ၏   စာရင်းဇယားများ ကိုး ကားချက်အရ အမေရိကန်သည် ဗီယက်နမ်နိုင်ငံ ၏စိုက်ပျိုးရေး-သစ်တော-ရေထွက်ကုန် ထုတ်ကုန် များ၏ အကြီးမားဆုံးဈေးကွက်အဖြစ်  ဆက်လက် တည်ရှိနေကြောင်း၊ စုစုပေါင်းတင်ပို့မှု၏၂၅ ရာခိုင် နှုန်းနှင့် ညီမျှကြောင်း သိရှိရသည်။ ၎င်းနောက်တွင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော် ၁၈ ဒသမ၉ ရာခိုင်နှုန်း ၊  ဂျပန် ၄ ဒသမ  ၂ ဘီလီယံ ၇ဒသမ ၉ရာခိုင်နှုန်းနှင့် ကိုရီးယားသမ္မတ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ  ၄ ဒသမ ၇ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း  ဖော်ပြထား သည်။ တိုက်ကြီးများ (Continents) အလိုက် တင်ပို့ မှုတွင် အာရှမှ ၄၄ ဒသမ၇ ရာခိုင်နှုန်း၊ အမေရိကမှ ၂၇ ဒသမ ၄ ရာခိုင်နှုန်း၊ ဥရောပ ၁၁ ဒသမ ၃ ရာ ခိုင်နှုန်း၊Oceania ၁ဒသမ ၇ ရာခိုင်နှုန်းနှင့်အာဖရိက ၁ ဒသမ ၇ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရှိရသည်။
ဆယ်စုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ငါးနိုင်ငံမှာ ဂိုင်ယာနာ (တောင် အမေရိက)မှ ၁၅ ရာခိုင်နှုန်းနီးပါး၊    အိုင်ယာလန် (ဥရောပ) ၉ ရာခိုင်နှုန်းကျော်၊  အီသီယိုးပီးယား (အာဖရိက) ၈ ဒသမ ၄၃ရာခိုင်နှုန်း၊  တာဂျစ်ကစ္စ တန် (အာရှအလယ်ပိုင်း) ၇ ရာခိုင်နှုန်းနှင့်  အိုင်ဗရီ ကို့စ် (အနောက် အာဖရိက) တွင် ၆ ဒသမ ၈ ရာခိုင် နှုန်းရှိသည်။              

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)