Main menu

Background

အပန်းဖြေ ခရီးထွက်ရန် အကောင်းဆုံး နေရာအဖြစ် ဗီယက်နမ် ဖော်ပြခံရ

Mon, 01/01/2024 - 13:47 -- journal_editor

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ် နှစ်သစ်ကူး အားလပ်ရက် အပန်းဖြေခရီး သွားရောက်ရန် အကောင်းဆုံးနေရာ ငါးနေရာအနက် တစ်ခုဖြစ်ကြောင်း သြစတြေးလျနိုင်ငံ၏The Sydney Morning Herald နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။ ဇန်နဝါရီလအတွင်း ဗီယက်နမ်တွင်အေးမြသောလေနှင့်အတူ သာယာ လှပသည့် ရာသီဥတုရှိကြောင်း၊ ဗီယက်နမ်သည် “ S ”ပုံဏ္ဌာန် ကမ်းရိုးတန်း ရှိပြီး မရေမတွက်နိုင်သော ရင်သပ်ရှုမောဖွယ်ရာ သဘာဝရှုခင်းများ၊ ကြွယ်ဝ သော သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများရှိသည့်  နိုင်ငံ ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ ထို့ပြင် ခရီးသွားဧည့်သည်များအနေဖြင့် “Sea resort paradise” ဟု လူသိများသော ဖူးကွပ်(Phu Quoc)သို့ သွားရောက်လည်ပတ်သင့်ပြီး အခမ်း နားဆုံးသော ကမ်းခြေအပန်းဖြေနေရာများထဲမှတစ်ခုဖြစ်ကြောင်း  ဖော်ပြ ထားသည်။

ဝင့်နန္ဒာကျော်ကျော်(စီးပွားရေးသံမှူး၊ ဗီယက်နမ်)