Main menu

Background

ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှ ရေထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၃ခုနှစ်တွင် ၇၂ ရာခိုင်နှုန်း တိုးတက်ခဲ့

Mon, 01/15/2024 - 13:56 -- journal_editor

၂၀၂၃ ခုနှစ်တွင်   ရုရှားနိုင်ငံ၊ အရှေ့ဖျား ဒေသ Primorskyနှင့်Sakhalin  ခရိုင်တို့မှ ရေထွက် ကုန်များ တင်ပို့မှုပမာဏသည်   ယခင်နှစ်နှင့်နှိုင်း ယှဉ်ပါက ၇၂ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံ သို့ ရေထွက်ကုန်များ တင်ပို့မှုမှာ ၃ဆ   တိုးလာခဲ့ ကြောင်း ဏမငာသမျုပခရိုင်၊ တိရစ္ဆာန်နှင့်အပင်ပိုးမွှား ရောဂါကင်းရှင်းရေး      ကြီးကြပ်ကွပ်ကဲမှုဌာန Rosselkhoznadzor)မှ အကြီးအကဲက ပြောကြား ခဲ့သည်။
၂၀၂၃ ခုနှစ်တွင်  မွေးမြူရေးထုတ်ကုန်များ တင်ပို့ရာ၌ တန်ချိန် ၁ ဒသမ ၉၃ သန်းခန့် တိုးလာ ခဲ့ပြီး အဓိကတင်ပို့ခဲ့သည့်  ထွက်ကုန်မှာ ရေထွက် ကုန်များဖြစ်ကာ   တန်ချိန်အားဖြင့် ၁ ဒသမ၉၂ သန်းခန့်ရှိကြောင်း သိရှိရပါသည်။
ရုရှားနိုင်ငံသည် ရေထွက်ကုန်များကို၂၀၂၃ ခုနှစ်တွင်  နိုင်ငံပေါင်း ၂၀ သို့  တင်ပို့ခဲ့ပါသည်။ အဓိကတင်ပို့ခဲ့သောနိုင်ငံများမှာ တရုတ် (တန်ချိန် ၁၃၀ယ၅၀ဝ ဖြင့် ၆၈ ရာခိုင်နှုန်း)၊ ကိုရီးယား(တန်ချိန် ၅၅ယ၇၀ဝ ဖြင့် ၂၉ ရာခိုင်နှုန်း)နှင့် ဂျပန် (တန်ချိန် ၂၆၀ဝ ဖြင့် ၁ ဒသမ ၄ ရာခိုင်နှုန်း) ဖြစ်သည်။
နှိုင်းယှဉ်ချက်အရ   အသားထွက်ကုန်များ တင်ပို့မှုမှာလည်း အားကောင်းလာခဲ့သည်။  ၂၀၂၃ ခုနှစ်တွင်တန်ချိန် ၇၄၄ ဒသမ ၈ တန် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၅၄ တန်သာ တင်ပို့နိုင် ခဲ့၍ ၁၄ ဆခန့်   ပိုမိုတိုးတက်လာခဲ့သည်။ အဓိက တင်ပို့သည့်ကုမ္ပဏီမှာ    Rusasgro-Primoryeကုမ္ပဏီဖြစ်ပြီး တင်ပို့ခဲ့သည့်အဓိက အသားထွက် ကုန်မှာ ဝက်သားဖြစ်ကာ   ဗီယက်နမ်သို့ တင်ပို့ခဲ့ ခြင်းဖြစ်သည်။  

   (စီးပွားရေးသံမှူး၊ မော်စကိုမြို့)