Main menu

Background

တောင်ကိုရီးယားက အာဆီယံနိုင်ငံများနှင့်ကုန်သွယ်မှုပြုရာတွင် ဝမ်ငွေဖြင့်ငွေကြေးအလွှဲအပြောင်းလုပ်ခွင့် ပြုသွားမည်

Mon, 01/15/2024 - 14:02 -- journal_editor

တောင်ကိုရီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်း များသည် ၎င်းတို့၏ကုန်သွယ်ဖက် အာဆီယံနိုင်ငံ များနှင့် ကုန်သွယ်မှုအတွက်   ငွေပေးချေရာတွင် ဝမ်ငွေဖြင့်ပေးချေခွင့်  ရရှိမည်ဖြစ်ပါကြောင်းနှင့် အဆိုပါအစီအစဉ်ကို အစောဆုံးအနေဖြင့် ယခုနှစ် ၏ ဒုတိယနှစ်ဝက်မှစတင်၍  အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဆိုင်ရာအဖွဲ့အစည်းများက ပြောကြားခဲ့သည်။
ယင်းသို့ကိုရီးယားဝမ်ငွေဖြင့်  ငွေလွှဲပြောင်း ခွင့်ပြုရခြင်းမှာ များပြားလှသော ကုန်ကျစရိတ်များ ကို လျှော့ချလို၍ဖြစ်ကြောင်း၊ ပြည်ပသို့ငွေလွှဲရာ တွင် တောင်ကိုရီးယားဝမ်ငွေကို   အခြားသော ငွေကြေးများ (ပုံမှန်အားဖြင့်    အသုံးအများဆုံး ငွေကြေးမှာ အမေရိကန်ဒေါ်လာ)သို့   ပြောင်းရာ တွင်လည်းကောင်း၊ အခြားသောငွေကြေးမှ ဝမ်ငွေ သို့ပြောင်းရာတွင်လည်းကောင်း ကြုံတွေ့ရသည့် ငွေလဲနှုန်းအတက်အကျများကြောင့် ကုန်ကျစရိတ် များစွာရှိနေကြောင်း၊ အဆိုပါ ကုန်ကျစရိတ်များ ကို လျှော့ချနိုင်ရန် ဝမ်ငွေဖြင့်သာ တိုက်ရိုက်ပေး ချေခွင့်ပြုမည်ဖြစ်ကြောင်း၊   ယခုအစီအစဉ်သည် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်  သက် ဆိုင်ရာ ဝန်ကြီးဌာနများက ၄-၁-၂၀၂၄ ရက်တွင် ကြေညာခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် စီးပွားရေး မူဝါဒ ဦးတည်ချက်များအနက် အစီအစဉ်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက် မှစတင်၍  အကောင်အထည်ဖော်ဆောင်ရွက်သွား ရန် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း   ငွေလဲလှယ်နှုန်းနှင့် စပ်လျဉ်းသည့် စည်းမျဉ်းများကို  ပြန်လည် ပြင်ဆင် ရေးဆွဲခြင်းများကို တွန်းအားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း များက ပြောကြားခဲ့သည်။ 

စီးပွားရေးသံမှူး 
(တောင်ကိုရီးယားနိုင်ငံ)