Main menu

Background

အင်ဒိုနီးရှားမှ ကော်ဖီတင်သွင်းမှုအပေါ် ကောက်ခံသည့် အထူးကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ်ခြင်းဆိုင်ရာ မူဝါဒကို ဖိလစ်ပိုင် ပြန်လည်သုံးသပ်မည်

Mon, 02/05/2024 - 12:10 -- journal_editor

အင်ဒိုနီးရှားမှ ကော်ဖီတင်သွင်းမှုအပေါ် ကောက်ခံ သည့် အထူးကာကွယ်ပေးမှုအကောက်ခွန်  စည်းကြပ်ခြင်း Special Safeguard Duties-SSG)ဆိုင်ရာမူဝါဒအား ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးက ဖိလစ်ပိုင်-အင်ဒိုနီးရှား နှစ်နိုင်ငံအစည်းအဝေးတွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
လတ်တလော   ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်ခဲ့သည့် အင်ဒိုနီးရှားသမ္မတ၏ နှစ်နိုင်ငံ   ချစ်ကြည်ရေးခရီးစဉ်တွင် သမ္မတ ဂျိုကိုဝီဒိုဒိုက သမ္မတမားကို့စ်ထံ  အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ပေးရန်  အကူအညီတောင်းခံ ဆွေးနွေးခဲ့ကြောင်း၊ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနအနေ ဖြင့် ကော်ဖီကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန်များအပေါ် ကုန်သွယ်ရေးဆိုင်ရာ   ကုစားမှုနည်းလမ်းတစ်ခုအနေဖြင့် အဆိုပါ အထူးကာကွယ်ပေးမှု  အကောက်ခွန်အား စည်းကြပ် လျက်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံသည်ကော်ဖီတင်သွင်းမှုအပေါ်ဈေးနှုန်း အခြေခံသည့်စနစ်ဖြင့်  အထူးကာကွယ်ပေးမှု အကောက်ခွန် SSG)အား ကောက်ခံလျက်ရှိပြီး  ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ကော်ဖီအများအပြား တင်သွင်းခဲ့သည့် ၂၀၁၈ ခုနှစ် နောက် ပိုင်းကာလများမှ စတင်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ပြည် တွင်းသို့ တင်သွင်းလာသည့်   ကုန်စည်ပမာဏ မြင့်တက်မှု ကြောင့် ယင်းကုန်စည်နှင့် အလားတူသော သို့မဟုတ် တိုက် ရိုက်ယှဉ်ပြိုင်နိုင်သော ပြည်တွင်းကုန်စည် ထုတ်လုပ်သူများ အပေါ် ထိခိုက်နစ်နာမှုများ မရှိစေရန်အတွက်အထူးကာကွယ် ပေးမှု အကောက်ခွန် SSG)အား ကုန်သွယ်မှုပြုလုပ်လျက် ရှိသည့်  နိုင်ငံများမှ ကောက်ခံသည့်  အထူးအကောက်ခွန် တစ်ရပ်ပင်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည်  အဆိုပါအခွန်ကောက်ခံသည့် အတွက် ဆိုးရွားစွာထိခိုက်ခဲ့သည့် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ပြီး အကျိုးဆက်အားဖြင့် ၂၀၁၉ ခုနှစ်မှစ၍ ဖိလစ်ပိုင်နိုင်ငံ ၏ အင်ဒိုနီးရှားကော်ဖီ တင်သွင်းမှုမှာ ကျဆင်းသွားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏   အသင့်ဖျော်ကော်ဖီ တင်သွင်းမှုမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ  အောက်တိုဘာလအတွင်း မက် ထရစ်တန်ချိန် ၁၃၈ ဒသမ ၈၉၈ တင်သွင်းခဲ့သဖြင့် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ဒသမ ၇၃ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင် အဖွဲ့မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အသင့်ဖျော်ကော်ဖီ   တင်သွင်းမှုမှာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလျက်ရှိပြီး  အင်ဒိုနီးရှားနိုင်ငံ သည့် ဖိလစ်ပိုင်နိုင်ငံသို့   အသင့်ဖျော်ကော်ဖီ   တင်ပို့သည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကေသွယ်ခိုင်(စီးပွားရေးသံမှူး)၊ မနီလာမြို့