Main menu

Background

ကြက်သွန်နီ တင်သွင်းခွင့် ကို ဖိလစ်ပိုင် ခေတ္တရပ်ဆိုင်း

Mon, 02/05/2024 - 12:21 -- journal_editor

ဖိလစ်ပိုင်နိုင်ငံတွင်း ကြက်သွန်နီ ရိတ်သိမ်းချိန်ကာလတွင်း အထွက်နှုန်း တိုးမြင့်နိုင်ကြောင်း ခန့်မှန်းချက်အရ နောက်လာမည့် ခြောက်လတာကာလအတွင်း ကြက်သွန်နီ တင်သွင်းခြင်းကို ရပ်ဆိုင်းပေးရန် Philippines
Chamber of Agriculture and Food Inc; (PCAFIမှ ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနသို့ တိုက်တွန်းပြောကြားခဲ့သည်။ဏဃင်္ဗှု မှ ကြက်သွန်နီစိုက်ပျိုးသည့်ဒေသများမှ ၄၀ ရာခိုင်နှုန်းခန့်အထွက်နှုန်း တိုးမြင့်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်းပြည်တွင်းကြက်သွန်နီထွက်ရှိမှု ပိုလျှံနိုင်သဖြင့် သင့်တင့်ကောင်းမွန်သော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ပြီး ပြည်တွင်း ကြက်သွန်နီ ‌ တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးလိုသည့်အခြေအနေ များ ဖြစ်ပေါ် နိုင်ကြောင်းဖော်ပြထားသည်။ Nueva Ecija ဒေသအစိုးရမှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ အဆိုပါ ဒေသတွင်း ကြက်သွန်နီထွက်ရှိမှု ၄၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ၊ယခင် ကြက်သွန်နီ စိုက်ပျိုးလေ့မရှိသည့်  အချို့ဒေသများဖြစ်သောTarlac, Pampanga, Bataan နှင့် Zambalesတို့တွင်ပင် ကြက်သွန်နီ စိုက်ပျိုးလျက်ရှိကြောင်း၊ ထို့အတွက် မိမိတို့အဖွဲ့အစည်းအနေဖြင့်ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီး Francisco P.Tiu Laurel Jr  ထံသို့ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလမှ ဇူလိုင်လအတွင်း ကြက်သွန်နီ တင်သွင်းခြင်းအား ခေတ္တရပ်ဆိုင်းပေးပါရန် ယခုသီတင်းပတ်အတွင်း တရားဝင် သွားရောက်တွေ့ဆုံ၍ မေတ္တာရပ်ခံတင်ပြသွားမည်ဖြစ်ကြောင်း PCAFIမှ ပြောကြားခဲ့သည်။အကယ်၍ ကြက်သွန်နီတင်သွင်းခြင်းအား မရပ်ဆိုင်းခဲ့ပါက မိမိတို့အနေဖြင့် စိုက်ပျိုးရရှိသည့် ကြက်သွန်နီများအား လမ်းပေါ်သို့  စွန့်ပစ်ရန်သာရှိကြောင်း၊ ဈေးကွက်တွင်းရှိ ကြက်သွန်နီလက်လီဈေးနှုန်းမှာ ယခုလအတွင်း သင့်တင့်သောဈေးနှုန်းဖြင့်ရှိနေကြောင်း၊ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ကြက်သွန်နီအကျပ်အတည်းကြောင့် ထိခိုက်မှုများရှိခဲ့သော်လည်း အစိုးရမှ ပြည်တွင်းကြက်သွန်နီ ဖူလုံရေးအတွက် အချိန်မီ တင်သွင်းပေးခဲ့ခြင်းကိုလည်း အလွန်ကျေးဇူးတင်လျက်ရှိကြောင်း၊ သို့သော် ပြည်တွင်းကြက်သွန်နီ လိုအပ်ချက်ပမာဏအားပြည့်မီခြင်းမရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။ကြနကေ သ် Bueau of Plant and Industry (BPI))မှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်က ကြက်သွန်နီ တင်သွင်းမှုRed Onion  နှင့် Yellow Onion တင်သွင်းမှုစုစုပေါင်းသည် မက်ထရစ်တန်ချိန်၄၅၀ဝ၀ ဖြစ်ပြီး ပြည်တွင်းကြက်သွန်နီ လိုအပ်ချက်ထက် မက်ထရစ်တန်ချိန်၅၀ဝ၀ဝ လျော့နည်းခဲ့သည်ကို သိရှိရကြောင်း၊ယခုကြက်သွန်နီ အထွက်တိုးနှုန်းသည် အဆိုပါ လိုအပ်ချက်အား ဖြည့်ဆည်းပေးသွားနိုင်ပြီး ဈေးနှုန်းလည်း တည်ငြိမ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏နောက်ဆုံးထုတ်ပြန်ချက်အရ မြို့တော်မနီလာဈေးကွက်ရှိ တင်သွင်းလာသည့် ကြက်သွန်နီ ((imported onion ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို 80 မှ 160 ကြား  (၄၅၀ဝ ကျပ်မှ ၉၀ဝ၀ ကျပ်ကြား)ရှိကြောင်း ရေးသားဖော်ပြထားသည်။၂၀၂၄ ခုနှစ် ပထမခြောက်လပတ် ကာလအတွင်း အထက်ဖော်ပြပါဒေသများမှ ကြက်သွန်နီ စိုက်ပျိုးရိတ်သိမ်းနိုင်မှုပမာဏ ပျမ်းမျှမက်ထရစ်တန် ၂၃၀ဝ၀ဝ ခန့်ရှိနိုင်ပြီး တစ်နိုင်ငံလုံးနှစ်စဉ်စိုက်ပျိုးထုတ်လုပ်နိုင်မှု၏၉၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဖော်ပြထားသည်။

ကေသွယ်ခိုင်(စီးပွားရေးသံမှူး)
မနီလာမြို့