Main menu

Background

စပါးစိုက်ပျိုးမှု လျှော့ချ၍ အခြားသီးနှံများ တိုးချဲ့စိုက်ပျိုးမည်ဟု ကိုရီးယားအစိုးရ ပြောကြား

Mon, 03/04/2024 - 12:08 -- journal_editor

တောင်ကိုရီးယားနိုင်ငံ၌    ၂၀၂၄ခုနှစ်အတွင်း ဆန် ရောင်းလိုအားကို အသင့်လျော်ဆုံးအနေအထားဖြင့် ဈေးနှုန်း များကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသစပါးများအား ဟက် တာ ၂၆၀ဝ၀ ခန့် လျှော့ချ စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်အတွက် စံသတ်မှတ်ထားရှိသင့်သည့် စပါး စိုက် ဧရိယာ ပမာဏသည်  ဟက်တာ ၆၉၉၀ဝ၀ ခန့်ရှိကြောင်း အစိုးရ၏ ဆန်းစစ်လေ့လာတွေ့ရှိချက်အရ  ယခုကဲ့သို့ စပါး စိုက်ဧရိယာ လျှော့ချရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုရီး ယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၇ ရက်က ပြောကြားခဲ့သည်။
အစိုးရ၏ သီးနှံစိုက်ပျိုးရေး လျာထားချက်တွင် စပါး စိုက်ပျိုးမှု လျှော့ချမည့်မြေနေရာ၌ ပဲမျိုးစုံနှင့် ပြောင်းတို့ကဲ့သို့ သော အခြားသီးနှံများကို ဟက်တာ ၁၅၁၀ဝ အထိ ပြောင်းလဲ စိုက်ပျိုးနိုင်ရန် တောင်သူများသို့ စည်းရုံးဆောင်ရွက်မည်ဖြစ် သည်။ အစိုးရအနေဖြင့် စပါးအစား ပဲမျိုးစုံကို တိုးချဲ့စိုက်ပျိုး သော လယ်သမားများသို့ စိုက်ပျိုးစရိတ် တိုးမြှင့်ထောက်ပံ့မှု ပေးမည်ဖြစ်ရာ ၂၀၂၃ ခုနှစ်အတွင်း သီးနှံစိုက်ဧရိယာ ၁ ဟက် တာလျှင် ဝမ်ငွေ ၁သန်း(၇၅၃ အမေရိကန်ဒေါ်လာ) နှုန်းထား ဖြင့် ပံ့ပိုးခဲ့ရာမှ ယခုနှစ်တွင် ဝမ်ငွေ ၂ သန်းနှုန်း ပေးအပ်မည် ဖြစ်ကြောင်း သိရှိရသည်။
စပါးစိုက်ပျိုးမှု ဧရိယာပမာဏကို လျှော့ချလျက် သီးနှံ များ စိုက်ပျိုးထုတ်လုပ်မှုကို အသင့်တင့်ဆုံး   အခြေအနေသို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်း များ တည်ငြိမ်မှုကို ရရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် ထုတ်လုပ် မှုမှ ပိုလျှံသည့် ဆန်စပါးများကို အစိုးရက  ဝယ်ယူရသည့် ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ကိုရီး ယား စိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထားသည်။  
ကိုရီးယားလူမျိုးများအတွက် ဆန်သည် အဓိက အစား အစာဖြစ်သော်လည်း အာဟာရ ရှုထောင့်အရ  အတိုင်းအချင့် ဖြင့် စားသုံးမှုပြုသည့် အလေ့အထများ  ပြောင်းလဲလာသည့် အလျောက် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှစ၍  ဆန်စားသုံးမှု မှာ တဖြည်းဖြည်း  ကျဆင်းလာခဲ့သည်။ ၂၀၂၃  ခုနှစ်အတွင်း တောင်ကိုရီးယား နိုင်ငံသားတစ်ဦးချင်း၏ ပျမ်းမျှ ဆန်စားသုံး မှုမှာ ၅၆ ဒသမ ၄ ကီလိုဂရမ်ရှိပြီး ယခင်နှစ် စားသုံးမှုအောက် သုည ဒသမ ၃ ကီလိုဂရမ် သို့မဟုတ် သုည ဒသမ ၆ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း   ကိုရီးယားစာရင်းအင်းဌာန၏ အချက် အလက်များအရ သိရှိရသည်။
အဆိုပါ ပျမ်းမျှဆန်စားသုံးမှုနှုန်းထားသည် ဆက်စပ် သည့် ကိန်းဂဏန်းအချက်အလက်များအား အစိုးရက မှတ် တမ်း တင်ပြုစုမှု စတင်ထားခဲ့သည့် ၁၉၆၂ခုနှစ်  နောက်ပိုင်း တွင် အနိမ့်ကျဆုံးဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း  ၃၀ ကာလတွင် နိုင်ငံသားတစ်ဦး တစ်နှစ် ပျမ်းမျှဆန်စားသုံးမှု ၁၂၂ ဒသမ တစ်ကီလိုဂရမ်နှင့် နှိုင်းယှဉ်ပါက  ၂၀၂၃ ခုနှစ် အတွက် စားသုံးမှုနှုန်းသည်   ထက်ဝက်ခန့်သာရှိကြောင်း သိရသည်။
UNAL - DOCA
Source: Yonhap News Agency, 7 Feb 2024