Main menu

Background

အာကာသလုပ်ငန်းကဏ္ဍ အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံအထိ တောင်ကိုရီးယား မြှင့်တင်သွားမည်

Mon, 04/01/2024 - 11:41 -- journal_editor

တောင်ကိုရီးယားအစိုးရသည် အာကာသလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် ဝမ်ငွေ ၁ဒသမ ၅ ထရီလီယံ  (အမေရိကန်ဒေါ်လာ ၁ဒသမ၁၄ ဘီလီယံ) အထိ မြှင့်တင်သွားမည်ဟု  ထုတ်ပြန်ထားသည်။ 
အာကာသလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအသုံးစရိတ်ကို  မြှင့်တင်သွားမည့်အပြင် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုကိုလည်း မြှင့်တင်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၂၀၄၅ ခုနှစ်တွင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုကို ဝမ်ငွေ ထရီလီယံ ၁၀ဝ အထိ ရရှိနိုင်ရန် ရည်မှန်းထားပြီး အာကာသလုပ်ငန်းကဏ္ဍမှ အရည်အသွေး မြင့်သည့် အလုပ်အကိုင် စုစုပေါင်း ၂၅၀ဝ၀ဝ အထိ ဖန်တီး ပေးနိုင်လိမ့်မည်ဟု ရည်မှန်းထားကြောင်းနှင့် အာကာသ စီးပွားရေးလုပ်ငန်းသည် နိုင်ငံ၏  အဓိကလုပ်ငန်းကဏ္ဍအဖြစ် ထားရှိပါကြောင်း သမ္မတယွန်ဆုခ်ယော်က တောင်ပိုင်းGyeongsang ပြည်နယ်၊Sacheon မြို့ရှိKorea Aerospace Industries Co., Ltd.  တွင် ကျင်းပသည့် အာကာသလုပ်ငန်း အစုအဖွဲ့ The space industry cluster) အခမ်းအနားတွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် ၂၀၃၂ ခုနှစ်တွင် လကမ္ဘာ ပေါ်၌ အာကာသယာဉ်ဆင်းသက်ပြီး ၂၀၄၅ ခုနှစ်တွင် နိုင်ငံ တော်အလံ စိုက်ထူသွားရန်အတွက် ခြေလှမ်းစတင်ပြီဖြစ် ကြောင်း၊ ယနေ့ကျင်းပသည့် Space Industry Cluster အခမ်း အနားသည် အမျိုးသားအဆင့်စီမံကိန်းဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍ မှ ဦးဆောင်မှုကို တိုက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် တောင်ပိုင်းJeolla ပြည်နယ်ကို ယာဉ်များထုတ်လုပ်ရာအထူးနယ်မြေ၊ တောင်ပိုင်းGyeongsang ပြည်နယ်ကို ဂြိုဟ်တုများ(Satellites) ထုတ်လုပ်ရာ အထူး နယ်မြေ၊Daejeon ပြည်နယ်ကို အာကာသလုပ်ငန်းကဏ္ဍပညာရှင်များနှင့် လုပ်ငန်းများအတွက် အထူးနယ်မြေအဖြစ် တြိဂံပုံစံစနစ် သတ်မှတ်၍ ဆောင်ရွက်နေကြောင်း၊Space Industry Cluster အစီအစဉ်အရ တောင် ကိုရီးယားနိုင်ငံသည် ၂၀၄၅ ခုနှစ်တွင် ကမ္ဘာ့အာကာသလုပ်ငန်းဈေးကွက်၏ ၁၀ ရာခိုင်နှုန်းကို ရယူရန် ရည်ရွယ်ထားကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ့ထိပ်တန်းအာကာသစွမ်းအားရှင် ငါးနိုင်ငံစာရင်းတွင် ပါဝင်လာသည်အထိ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ယွန်ဆုခ်ယော်က ပြောကြားခဲ့သည်။ 
ယင်းသို့ ကမ္ဘာ့ထိပ်တန်း အာကာသစွမ်းအားရှင် ငါး  နိုင်ငံစာရင်းတွင် ပါဝင်နိုင်ရေးအတွက် အစိုးရက အခြေခံ  အဆောက်အအုံများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ အခြေခံအဆောက်အအုံများ တည်ဆောက် ရေး ရင်းနှီးမြှုပ်နှံရန် ခက်ခဲမည်ကိုသိသည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီများအတွက် ဒုံးပျံလွှတ်တင်သည့်  နေရာများနှင့် အာကာသပတ်ဝန်းကျင် စမ်းသပ်ရေး အဆောက်အအုံများကဲ့ သို့သော အခြေခံအဆောက်အအုံများကို  အစိုးရက တည် ဆောက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတယွန်းက ပြောကြား ခဲ့သည်။  သိပ္ပံ၊ သတင်းအချက်အလက်၊  ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာနမှ Space Industry Cluster   ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်  ငါးနှစ်စာ   အခြေခံစီမံကိန်းနှင့် ဘဏ္ဍာရေး  အထောက်အပံ့ဆိုင်ရာ ပြဋ္ဌာန်းချက်များပါဝင် သည့် အထူးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး ဥပဒေ ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်မှုရှိစေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာကာသလုပ်ငန်းကဏ္ဍပညာရှင်များ ပေါ်ထွန်းလာစေရေး အမျိုးသားအဆင့် အရည် အချင်းနှင့်  စွမ်းဆောင်ရည်မြှင့်တင်ရေး  သင်တန်းများကိုDaejeon Cluster တွင်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသည် ဟန်မြစ်၏အံ့ဖွယ်ရာ နိုင်ငံအဖြစ်လည်းကောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၏ အံ့ဖွယ်ရာနိုင်ငံအဖြစ်လည်းကောင်း လူသိများ ထင်ရှားခဲ့ပြီး နောက်နောင်တွင်   အာကာသယာဉ်များ၏ အံ့ဖွယ်ရာနိုင်ငံ အဖြစ် ထင်ရှားလာမည်ဖြစ်ပါကြောင်း သမ္မတယွန်ဆုခ်ယော် က ပြောကြားခဲ့သည်။                   
Source:koreatimes

ပပ၊ စီးပွားရေးသံမှူး ၊ တောင်ကိုရီးယားသမ္မတနိုင်ငံ