Main menu

Background

ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ ဆန်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီ

Mon, 04/01/2024 - 11:43 -- journal_editor

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့သည့် Special Summit to Commenmorate the 50th Anniversary of ASEAN-Australia Dialogue သို့ တက်ရောက်ခဲ့သော ဖိလစ်ပိုင်သမ္မတမား ကို့စ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်တို့ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ၍ ဖိလစ်ပိုင်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အကြား  ဆန်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့အား  တိုးမြှင့်ဆောင်ရွက် သွားရန် သဘောတူညီခဲ့ကြပြီး လက်ရှိကြုံတွေ့နေရသည့် အယ်နီညို၏ သက် ရောက်မှုများကြား ဆန်တိုးမြှင့်ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေသွားရန် လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်  စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများ၊ အထူးသဖြင့် ဆန်ကုန်သွယ်မှုအား တိုးမြှင့်လိုသည်ဟု သမ္မတမားကို့စ်က ပြောကြားခဲ့ကြောင်း၊ အချို့သော နားလည်မှုစာချွန်လွှာများသည် သက်တမ်းကုန် ဆုံးပြီဖြစ်သဖြင့် ပြန်လည်အသက်သွင်းရန် လိုအပ်လျက်ရှိကြောင်း၊ ကိုဗစ်(၁၉) ကပ်ရောဂါကာလက ကြုံတွေ့ခဲ့ရသည့် သင်ခန်းစာများအပေါ် အခြေခံ၍ ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ဆန်တင်ပို့ရောင်းချနိုင်မည့်သူများ၊ သင့်တော်သည့်နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံသည် စပါးထွက်ရှိမှုနှုန်း မြင့်တက်ခဲ့သော်လည်း သမ္မတအနေ ဖြင့် ပြည်တွင်းဆန်ရိက္ခာဖူလုံရန်အတွက် ဆန်တင်သွင်းမှုသည်လည်း လိုအပ်သော ကြောင့် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ဆုံမှုနှင့်စပ်လျဉ်း၍ သမ္မတ မားကို့စ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ  ကိစ္စတို့ကိုလည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။  
ထို့ပြင် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လေကြောင်းလိုင်းများလည်း တိုးချဲ့သွား လိုကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဆွေးနွေးရာတွင် နှစ်နိုင်ငံကြား ခရီးသွား ဧည့်သည်များ တိုးမြင့်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကမ္ဘောဒီးယားမှ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ လေကြောင်းဖြင့် ငါးကြိမ် ပြေးဆွဲ လျက်ရှိပြီး ထပ်မံ၍ စီဘူး (Cebu))မြို့သို့လည်း လေကြောင်းလိုင်း တိုးမြှင့်ပြေးဆွဲလို ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် မကြာသေးမီက လေဆိပ်ဖွင့်လှစ်ထား ရှိပြီး လာမည့်နှစ်တွင် ဖနွမ်ပင်မြို့တွင် နောက်ထပ် လေဆိပ်တစ်ခုအား တိုးချဲ့ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။      

ကေသွယ်ခိုင် (စီးပွားရေးသံမှူး၊ မနီလာမြို့)

Source;mb.com.