Main menu

Background

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၄ ဒသမ ၁ သန်းအထိ ပိုမိုတင်သွင်းရဖွယ်ရှိ

Mon, 04/01/2024 - 11:51 -- journal_editor

ပြည်တွင်း၌ စပါးရိတ်သိမ်းထွက်ရှိမှု ကြီးမားစွာ လျော့နည်း ကျဆင်းဖွယ်ရှိသည့် အခြေအနေတွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ ဈေးကွက်၌ ဆန်အများဆုံး ဝယ်ယူသည့်နိုင်ငံအဖြစ် ဆက်လက် တည်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းထားသည့် ပမာဏ ထက်ပိုမို၍ ဆန်တင်သွင်းရနိုင်ကြောင်း သိရှိရသည်။
အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန USDA)) ရှိ ပြည်ပစိုက် ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာနက ဖိလစ်ပိုင်အနေဖြင့် ယခုနှစ် တွင် ဆန်မက်ထရစ်တန် ၃ ဒသမ ၉ သန်း တင်သွင်းရမည်ဟု ဖေဖော်ဝါရီလ၌ ခန့်မှန်းထားခဲ့ရာမှ ပြည်တွင်းထုတ်လုပ်မှုမှာ အနည်းငယ်မျှသာ ထွက်ရှိနိုင်သဖြင့် တန် နှစ်သိန်း ထပ်မံတိုးမြှင့် ပြီး တန်ချိန် ၄ဒသမ ၁ သန်းအထိ တင်သွင်းရနိုင်ကြောင်း ပြင် ဆင်ခန့်မှန်းခဲ့သည်။ ၎င်းပမာဏသည် ၂၀၂၃ ခုနှစ်တွင် တင် သွင်းခဲ့သော ဆန်တန်ချိန် ၃ဒသမ၆ သန်းအပေါ် ၁၄ ရာခိုင်နှုန်း ခန့် ပိုမိုမည်ဖြစ်သည်။ 
အင်ဒိုနီးရှားနိုင်ငံနှင့်  ဖိလစ်ပိုင်နိုင်ငံတို့မှ ဝယ်လိုအား မြင့်မားခြင်းကြောင့် ကမ္ဘာ့ဆန်တင်သွင်းမှုသည် မက်ထရစ်တန် ၅၂ ဒသမ၃၈ သန်းမှ ၅၃ ဒသမ ၃  သန်းအထိ တိုးလာမည်ဟုUSDA) ဌာန၏ အစီရင်ခံချက်နှင့် နောက်ဆုံးခန့်မှန်းချက်မှာ ကိုက်ညီလျက်ရှိသည်။ ဖိလစ်ပိုင်၏နောက်တွင် အင်ဒိုနီးရှား၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် ကမ္ဘာ့ဆန်တင်သွင်းမှု အများ ဆုံးနိုင်ငံများအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထား သည်။
ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရို (Bureau of Plant Industry) ) ၏ စာရင်းများအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၂ လတွင် ဆန်မက်ထရစ်တန် ၇၂၈၂၅၄ ဒသမ ၄၉ တန်ကို တင် သွင်းခဲ့ကြောင်း၊ ယခင်နှစ်များနှင့်နည်းတူ ဗီယက်နမ်နိုင်ငံ ထံမှ ၃၉၀၉၉၇ ဒသမ၂၂ တန်ဖြင့် အများဆုံး ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ဆန်တန် ချိန် ၂၀ ဒသမ ဝ၆ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA ၏ အချက်အလက်များအရ သိရသည်။ အဆိုပါ ပမာဏ သည် ၂၀၂၁ ခုနှစ်တွင် စံချိန်တင်ထွက်ရှိသည့် ဆန်မက်ထရစ် တန်ချိန် ၁၉ ဒသမ၉၆ သန်းကို ကျော်လွန်ခဲ့သည်။ Central Luzon ဒေသသည် ဆန်တန်ချိန် ၃ ဒသမ ၆၄ သန်း သို့မဟုတ် ၁၈ ဒသမ ၁ ရာခိုင် နှုန်းပါဝင်မှုဖြင့် ဆန်စပါးဦးဆောင်ထုတ်လုပ်ခဲ့ ပြီး ၎င်း၏နောက်တွင် Cagayan Valley  နှင့် Western Visayas ဒေသများသည် ဆန်တန်ချိန် ၃ဒသမ ဝ၃ သန်းနှင့် တန်ချိန် ၂ဒသမ၂၆ သန်း အသီးသီး ထုတ်လုပ်မှုရှိခဲ့ကြသည်။ 
PSA   ကိန်းဂဏန်းများကို အခြေခံတွက်ချက်မှုအရ ဖိလစ် ပိုင်နိုင်ငံ၏ ဆန်ဖူလုံမှုအဆင့်သည် ၂၀၂၁ ခုနှစ်တွင် ၈၁ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၇၇ရာခိုင်နှုန်းသို့ ကျဆင်း ခဲ့ကြောင်း၊ ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၂၈ ခုနှစ် တွင် ဆန်ဖူလုံမှုကို ၉၇ ရာခိုင်နှုန်းအထိ ရရှိရန် ရည်မှန်းလျက် ဆန်စပါး   လုပ်ငန်းနယ်ပယ်  ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိကြောင်း   သိရှိရ သည်။

Source: Philippine Daily Inquirer
 DHTSN, DOCA