Main menu

Background

အိန္ဒိယနိုင်ငံမှ အဆင့်မြင့်စားပွဲတင် ဆားစက်နှင့် ဆားဈေးကွက်ကို လေ့လာခြင်း

Tue, 05/07/2024 - 11:55 -- journal_editor

မြန်မာကိုယ်စားလှယ်အဖွဲ့သည်  မြန်မာနိုင်ငံရှိ 24 Hour mining and Industry Co.,Ltd မှ အဆင့်မြင့်စားပွဲတင် ဆားစက် ဝယ်ယူနိုင်ရန် အတွက် ၂၀၂၄ ခုနှစ် မတ် ၃၀ ရက် မှ ဧပြီ ၃ ရက်အထိ အိန္ဒိယနိုင်ငံရှိ ဆားထွက်ရှိရာဒေသTamilnadu ပြည်နယ်၊ ွှ့Thoo- thukudi မြို့ရှိShriraam Engineering ကုမ္ပဏီ၏ ဆားကွင်း/ ဆားစက်များနှင့် နယူးဒေလီမြို့ရှိ  SSP  PVT  LIMITED ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့သည်။
ဆားကွင်း/ ဆားစက်များလေ့လာခြင်း
မြန်မာကိုယ်စားလှယ်အဖွဲ့သည်Shrir- aam Engineering ကုမ္ပဏီ၏ ထုတ်လုပ်မှုယူနစ် ((Fabrication Unit)) သို့ ဦးစွာ ပထမ သွားရောက်၍ စက်ကိရိယာပစ္စည်းများ ပြင်ဆင်ထုတ် လုပ်နေသည့် အခြေအနေကို ကြည့်ရှုလေ့လာခဲ့ပြီး ကုမ္ပဏီ၏ အစည်း အဝေးခန်းမ တွင် မြန်မာနိုင်ငံ၌ အဆင့်မြင့်ဆားစက် တည်ဆောက်နိုင်ရေးကိစ္စ နှင့်စပ်လျဉ်း၍ နှစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။  
Shriraam Engineering  ကုမ္ပဏီသည် ဆားထုတ်လုပ်သည့် စက်ရုံများ Salt Processing Plants) အစားအသောက်များတွင် ဗီတာမင်နှင့် အာဟာရဓာတ်များပေါင်းထည့်ပေးသော စက်ရုံများ (Food Fortification Plants)၊ ရေတင်ရေချ  စက်ရုံများ Water Pumping Stations နှင့် စက်မှုလုပ်ငန်းသုံးကိရိယာများ Industrial Equipment ကို ပုံစံရေးဆွဲ ထုတ်လုပ်ပေးခြင်း၊  တပ်ဆင်ပေးခြင်း၊ ကိုယ်တိုင်လည်ပတ်ဆောင်ရွက်နိုင်သည်အထိ သင်ကြားပြသပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
အိန္ဒိယ၊ သီရိလင်္ကာ၊ ဆိုမာလီယာ၊  အင်ဒိုနီးရှား၊ အီသီ ယိုးပီးယား၊ မိုဇမ်ဘစ် စသည့် အာဖရိနိုင်ငံများတွင် ဆားစက်ရုံများ၊ အိုင်အိုဒင်းဆားစက်ရုံများတည်ဆောက်ပေးခဲ့ပြီး၊ ကုလသမဂ္ဂအဖွဲ့ အစည်းများဖြစ်သည့် WFO, UNICEF  စသည့် အဖွဲ့အစည်းများ၊ သက်ဆိုင်နိုင်ငံအစိုးရများ၏ စီမံကိန်းများတွင် ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြောင်း၊ လုပ်ငန်းအပ်နှံသူ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် ပုံစံရေးဆွဲခြင်း၊ စက်ကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ပေးခြင်း၊ ယုံကြည်စိတ်ချရသော လုပ်ငန်းများထံမှ ကိရိယာပစ္စည်း အစိတ် အပိုင်းများမှာယူ၍ အာမခံတပ်ဆင်ပေးခြင်း၊ အသိပညာမျှဝေပေး ခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် မွန်ပြည်နယ်တွင် ဆားတွင်း ဧက ၅၀ဝ ရှိပြီး သမားရိုးကျဆားထုတ်လုပ်သည့်စက်ရုံများရှိကြောင်း၊ အဆင့် မြင့် စားပွဲတင်ဆားကို ထိုင်းနိုင်ငံမှ အဓိက တင်သွင်းနေရကြောင်း၊ ထို့ကြောင့် 24 Hour Group of company  အနေဖြင့် ပြည်တွင်းလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံအတွက် နိုင်ငံခြားငွေသက်သာ အောင် ဆောင်ရွက်လိုကြောင်း၊ ပိုလျှံထုတ်လုပ်နိုင်သည်ကို ပြည်ပသို့ တင်ပို့ရောင်းချသွားရန် ရည်မှန်းထားကြောင်း ဆွေးနွေးခဲ့သည်။ 
ပထမဦးစွာ ရှေ့ပြေးစီမံချက်အနေဖြင့် တစ်နာရီ ၁၀ တန်ကျ စက်မှုစွမ်းအင်သုံး ဆားသန့်စင်စက်ရုံ Mechanical refinery salt plant) တစ်ခုကို  တည်ဆောက်သွားလိုကြောင်း၊ အဆင်ပြေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ လာရာက်လေ့လာရန်  ဖိတ်ခေါ်လိုပြီး လိုအပ်သော အကြံÓဏ်များကို ပေးအပ်နိုင်ပါကြောင်း ဆွေးနွေးခဲ့ ပြီး လွန်ခဲ့သော ၁၅ နှစ်ခန့်က Shriraam Engineering ကုမ္ပဏီမှ တည်ဆောက်ပေးခဲ့သည့် ဆားစက်ရုံသို့ သွားရောက်၍ လက်တွေ့ လည်ပတ်ဆောင်ရွက်နေပုံကို လေ့လာကြည့်ရှုခဲ့သည်။ 
နယူးဒေလီမြို့ရှိ PVT LIMITED ကုမ္ပဏီသို့ သွားရောက်လေ့လာခြင်း
ထို့နောက် နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  SSP PVI LIMITED ကုမ္ပဏီရုံးချုပ်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ၌ အဆင့်မြင့်ဆားစက် တည်ဆောက်နိုင် ရေးကိစ္စနှင့်  စပ်လျဉ်း၍  နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ ကြသည်။
 SSP PVI LIMITEDကုမ္ပဏီသည် စားသောက်ကုန်ပြုပြင်ထုတ် လုပ်ခြင်း၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း၊ သစ်သီးနှင့် ဟင်းသီး ဟင်းရွက် ပြုပြင်ထုတ်လုပ်ခြင်း၊ ဓာတုဗေဒ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြုပြင်သန့်စင်ခြင်း စီမံကိန်းများအတွက် လိုအပ်သော နည်းပညာ၊ ပုံစံရေးဆွဲခြင်း၊ ထုတ်လုပ်တပ်ဆင်ပေးခြင်း စသည်တို့ကို ဆောင်ရွက် ပေးသည့် အကြီးဆုံးကုမ္ပဏီတစ်ဖြစ်ကြောင်း သိရသည်။  
ထို့ကြောင့် SSP PVI LIMITED ကုမ္ပဏီနှင့် ချိတ်ဆက်၍ 24 Hour Group of companies တွင် MAI လေကြောင်းလိုင်းအပါအဝင်၊ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဓာတ်သတ္တု တူးဖော်ရေးစသည့် လုပ်ငန်းခွဲပေါင်းများစွာရှိပြီး ဆီအုန်းခြံ၊ နာနတ်ခြံ နှင့် ဝါးပင်များ  စိုက်ပျိုးထားရှိကြောင်း၊ ယခုအခါ ပထမဦးဆုံး အဆင့်မြင့်စားပွဲတင်ဆားစက်ကို ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ် သွားရန် ရည်ရွယ်ထားကြောင်း၊ နောက်ပိုင်းတွင် သစ်သီးဖျော်ရည် သို့မဟုတ် အနှစ်(Puree)၊ သစ်သီးခြောက် စသည့်စက်ရုံများနှင့် ဝါးမှ စက္ကူ ထုတ်လုပ်သော စက်ရုံများကို တစ်ဆင့်စီ တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ယခုခရီးစဉ်မှ  လေ့လာတွေ့ရှိချက်များ၊ ဖြစ်နိုင်ခြေများကို ကုမ္ပဏီအကြီးအကဲထံတင်ပြပြီး အကြောင်းပြန်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင်SSP  ကုမ္ပဏီမှ လုပ်ငန်းအပ်နှံ လည်ပတ် စေခဲ့သည့် ဆားစက်ရုံတစ်ခုသို့ လက်တွေ့ သွားရောက် လေ့လာလို ကြောင်း၊ ယင်းသို့ သွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးစေလို ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည်SSP PVI LIMITED  ကုမ္ပဏီ၏ ပုံစံရေးဆွဲရေးဌာန၊ ထုတ်လုပ်မှု ယူနစ်နှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုဗဟိုဌာနသို့ သွားရောက် လေ့လာခဲ့ကြသည်။ ထို့နောက် စက်ရုံငယ်များ စမ်းသပ်လည်ပတ်ရာနေရာသို့ ရောက် ရှိပြီး၊ ရေငွေ့ပျံစနစ်ဖြင့် ပေါင်းခံထုတ်လုပ်ခြင်း နည်းလမ်းဖြင့်ထုတ် လုပ်သော ဆားစက်ရုံငယ်ကို လက်တွေ့ လည်ပတ်ကြည့်ရှှုုခဲ့သည်။ ၎င်းတွင် ဆားကြမ်းမှ ပြုလုပ်ထားသော ဆားပျော်ရည် Salt Brine) ) ကို အဆင့်ဆင့်ပေါင်းခံထုတ်လုပ်ပြီး ရရှိလာသော ရေငွေ့ပါဝင်မှု ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းရှိသည့် ဆားချောကို အပူပေး အခြောက်ခံ ထုတ်လုပ်သည့် အဆင့်အထိ လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ဆားဈေးကွက် အခြေအနေလေ့လာခြင်း
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုပြီးလျှင် တတိယအကြီးဆုံး ဆားထုတ် လုပ်သော နိုင်ငံတစ်ခုဖြစ်သည်။  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၆၅ ဒသမ ၆၄ သိန်းထုတ်လုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဓာတ်သတ္တုတူးဖော်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။ ၎င်းသည် နယ်သာလန်နိုင်ငံ၊ ဂျာမနီနိုင်ငံတို့ပြီးလျှင် အများဆုံး ဆား တင်ပို့ရောင်းချသော နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၁၁ဒသမ၇၃၆ သန်းနှင့်တန်ချိန် ၁၃ဒသမ၂၅ သန်းကျော် တင်ပို့ရောင်းချခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန ITC) မှ ဖော်ပြထားသည်။ ယူအေအီး၊ အီရန်၊ မလေးရှား၊ ပါကစ္စ တန်နှင့် ဂျာမနီနိုင်ငံတို့မှ အဓိကတင်သွင်းကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်က ဆားခဲ Salt Rock) ကို အမေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၁၆ သန်းနှင့် ပမာဏ ၅၂၆၅၁ တန်ကို လည်းကောင်း၊ အခြားဆားကို အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၅၅ သန်းကျော်နှင့် ပမာဏ ၉၈၀၄၂ တန် တင်သွင်းခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံတွင် စားသုံးနိုင်သောဆားနှင့် စက်မှုလုပ်ငန်းသုံး ဆားအပါအဝင် တစ်ဦးကျ ဆားစားသုံးမှု (Per-capita consumption)) ပမာဏမှာ ၁၄ ကီလိုဂရမ်ခန့်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆားအဓိကထုတ်လုပ်သော ပြည်နယ်များမှာ ွကြမေအေ  (တန်ချိန် ၂၁၆.၃၉ သိန်း)၊Tamilnadu  (တန်ချိန် ၂၁.၅၆ သိန်း) ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် တန်ချိန် ၂၅၆ဒသမ၆၄ သိန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရသည်။
အကျိုးကျေးဇူးနှင့် သုံးသပ်အကြံပြုချက်များ
အဆိုပါခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိက ဆားထုတ်လုပ် ရာဒေသဖြစ်သောTamilnadu  ပြည်နယ်၊ Thoothukudi  မြို့ရှိ နေ လှန်းဆားချက်လုပ်ငန်းများ၊ ဆားချောထုတ်လုပ်သည့် စက်ရုံနှင့် ဆားထွက်ပစ္စည်းများဖြစ်သော Gypsum  ထုတ်လုပ်သည့် စက်ရုံတို့ကို လက်တွေ့လေ့လာခွင့်ရရှိခဲ့ခြင်း၊ နယူးဒေလီမြို့ရှိ SSP India  ကုမ္ပဏီ ၏ ရုံးချုပ်တွင် စက်ကိရိယာပုံစံများကို ကွန်ပျူတာ အသုံးပြု၍ လက် တွေ့ရေးဆွဲနေပုံ၊ ထုတ်လုပ်မှု ယူနစ်တွင် အဆင့်မြင့် စက်ကိရိယာ ပစ္စည်းများဖြင့် လုပ်ငန်းဆောင်ရွက်နေပုံနှင့် ၎င်း၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနရှိ ဓာတ်ခွဲခန်း၊ သင်တန်းခန်းမနှင့် စမ်းသပ်လည် ပတ်သော စက်ရုံငယ်များကို လက်တွေ့လေ့လာကြည့်ရှုခွင့် ရရှိခဲ့ခြင်း၊ မြန်မာနိုင်ငံတွင် အဆင့်မြင့်စားပွဲတင်ဆားကို ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်ပြီး ပြည်ပမှဝယ်ယူမှု လျှော့ချနိုင်သည့်အတွက် နိုင်ငံခြားငွေကုန်ကျမှု သက်သာစေသည်။ ပိုလျှံသောဆားချောကို ပြည်ပသို့ တင်ပို့ ရောင်းချနိုင်သည့်အတွက် နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ ပို့ကုန်ဝင်ငွေ တိုးတက်စေနိုင် ကြောင်း လေ့လာသုံးသပ်ထားသည်။
     

 

 ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့