တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မေ ၁၇ ရက်က တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ ယွန်ဆုခ်ယော်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မက်နက်တို့အကြား ကျင်းပသော နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၏ လမ်းများ အဆင့်မြှင့်တင်ရေးအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကို နိုင်ငံပိုင်ဘဏ် ဖြစ်သည့် ပို့ကုန်သွင်းကုန်ဘဏ် (နထငာဘညေု) မှ ထုတ်ချေးပေးရန် သဘာတူစာချုပ် ချုပ်ဆိုခဲ့ကြ သည်။ အဆိုပါစာချုပ်တွင် နထငာဘညေု ဥက္ကဋ္ဌ မြ. ့သသည ံနန-ျကညါ နှင့် ကမ္ဘောဒီးယားနိုင်ငံ စီးပွား ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြ. ျွဥှ ှနငူလေေ တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တောင်ကိုရီးယား နိုင်ငံ၏ ဘဏ္ဍာရေး အကူအညီ အစီအစဉ်များကို တာဝန်ယူဆောင်ရွက်ရန် တောင်ကိုရီးယားနိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အာဏာ အပ်နှင်းခံထားရသော နထငာဘညေု သည် ကမ္ဘော ဒီးယားနိုင်ငံအတွက် ချေးငွေကို စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (နခသညသာငခ ီနလနူသစာနညအ ဃသသစနမအေငသည င်္ကညိ- နီင်္ဃ) မှ ထုတ်ချေးပေးသွားမည်ဖြစ်သည်။
ယခုဆောင်ရွက်သည့် နီင်္ဃ အစီအစဉ် အရ ချေးငွေထုတ်ပေးသည့် ပမာဏသည် စုစု ပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံ နီးပါးရှိရာ ကမ္ဘောဒီးယားနိုင်ငံသည် တောင်ကိုရီး ယားနိုင်ငံ နီင်္ဃ ၏ တတိယမြောက်အကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ရေအရင်းအမြစ် စသည့် အမျိုးမျိုးသော ဧရိယာများစွာတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက ရှိသည်။
ယခုထုတ်ပေးသောချေးငွေသည် ကမ္ဘော ဒီးယားနိုင်ငံ၏ ရေရှည်လူမှုစီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်းတစ်ခုဖြစ်သည့် ပဉ္စဂံမဟာဗျူဟာ (ဏနညအေါသညေူ ှအမအေနါပ) နှင့်အညီ ရေးဆွဲထား သည့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးအခြေခံ အဆောက်အအုံ စီမံကိန်းအတွက် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်သည်။ ယခုစီမံကိန်းအရ ကမ္ဘောဒီးယားနိုင်ငံ၏ တောင်ပိုင်းပြည်နယ် ခြောက်ခုရှိ ကီလိုမီတာ ၃၉၁ နီးပါးအရှည်ရှိ လမ်း ကြောင်း ၃၇ ခုကို ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ် သည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် အဆိုပါပြည် နယ်များတွင် လမ်းပန်းဆက်သွယ်မှု ချောမွေ့လာ ပြီး ဒေသနေပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းမှုကို ပိုမိုအဆင်ပြေစေနိုင်မည်ဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံသို့ ချေးငွေထုတ်ချေးပေးသည့် ယခုစာချုပ်သည် တောင်ကိုရီးယား-ကမ္ဘောဒီး ယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတံတား တည် ဆောက်ခဲ့သည့် ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံး ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ် သည်ဟု နထငာဘညေု ဥက္ကဋ္ဌ မြ. ့သသည ံနန-ျကညါ က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအတွင်း ဟန်ချက်ညီ သည့် ဒေသဖွံ့ဖြိုးမှုအတွက် အကူအညီပေးခြင်း သည် တောင်ကိုရီးယားနိုင်ငံရှိ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ပြည်ပသို့ ခြေဆန့်၍ အတွေ့အကြုံ ရယူနိုင်ရေး အတွက် အထောက်အကူတစ်ခုဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဥက္ကဋ္ဌ မြ. ့သသည ံနန-ျကညါ က ပြောကြားခဲ့သည်။
ထိပ်သီးဆွေးနွေးပွဲကာလအတွင်း တောင် ကိုရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူထားသည့် မြ. ဃ့သင ှညေါ-ာသု နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တာဝန်များ ယူထားသူ မြ. ှဥု ဃ့နညေိ ှသစ့နေ တို့သည် ကမ္ဘောဒီးယားနိုင်ငံအား တောင်ကိုရီးယားနိုင်ငံ ၏ နီင်္ဃ င်္မောနတသမု ဗမမညေါနာနညအ (စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံ ငွေမူဘောင် သဘောတူညီချက်) မှ သက်သာသော ချေးငွေ (ဃသညခနျငသညေူ ူသညေ) ထုတ်ပေးမှုပမာဏ ကို မြှင့်တင်နိုင်ရေးအတွက်လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက် အရ ဃသညခနျငသညေူ ူသညေ ကို အမေရိကန်ဒေါ်လာ ၁ဒသမ ၅ ဘီလီယံမှ ၃ ဘီလီယံအထိ တိုးမြှင့်သွား မည်ဖြစ်ပြီး ချေးငွေထုတ်ပေးမှုကာလကိုလည်း ၂၀၂၂-၂၀၂၆ မှ ၂၀၂၂-၂၀၃၀ အထိ တိုးမြှင့်ပေးခဲ့ သည်။ Source https://www.koreaherald.com
ပပ (စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)