ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်း ကြက်သွန်နီလက်ကျန်ပမာဏ လုံလောက်မှုရှိနေပြီး ဈေးနှုန်းလည်း တည်ငြိမ်နေသည့်အတွက် ကြက်သွန်နီတင်သွင်းမှုအား ဇူလိုင်လအထိ ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးက မေ ၂၀ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
ကြက်သွန်နီ အအေးခန်းသိုလှောင်ထားရှိမှု အခြေအနေမှာ လည်း သတ်မှတ်ထားသည့်ပမာဏတွင် ရောက်ရှိနေပြီဖြစ်ပြီး လက် လီဈေးကွက်ဈေးနှုန်းမှာလည်း ကျဆင်းနေသဖြင့် တင်သွင်းမှုရပ် ဆိုင်းခြင်းကို သက်တမ်း ထပ်မံတိုးမြှင့်ရခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။
ကြက်သွန်နီသိုလှောင်ထားရှိသည့် ကုန်သည်များကြောင့် ပြည်တွင်း ကြက်သွန်နီလိုအပ်ချက် ဖြစ်ပေါ်လာခြင်း၊ ဈေးနှုန်းမြင့် တက်လာခြင်းတို့ ကြုံတွေ့ပြီး လိုအပ်လာပါက တင်သွင်းမှုအား တစ်ဖန်ပြန်လည်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီး ဌာနအနေဖြင့် ဈေးကွက်အခြေအနေအား မျက်ခြည်မပြတ် စောင့် ကြည့်နေကြောင်း ပြောကြားထားသည်။
ပြီးခဲ့သော ဇန်နဝါရီလက စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြည်တွင်း လိုအပ်ချက် ပြည့်မီနေသေးသဖြင့် ကြက်သွန်နီ တင်သွင်းခြင်းကို မေလကုန်ထိ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုထပ်မံ၍ ဇူလိုင်လထိ သက်တမ်းတိုး ထုတ်ပြန်ခြင်းဖြစ်ပါသည်။ ကြက်သွန်နီစိုက်ပျိုးရိတ်သိမ်းမှုပမာဏနှင့် တင်သွင်းခဲ့သည့် ၉၉ တို့အား ပေါင်း ပါက ပြည်တွင်းကြက်သွန်နီ လက်ကျန်ပမာဏမှာ ပိုလျှံနေကြောင်း ဖော်ပြထားသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနမှ နောက်ဆုံးစောင့်ကြည့်ခဲ့မှု အခြေ အနေအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက တင်သွင်းခွင့်ပြုခဲ့သည့် ကြက် သွန်နီများသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ် တို့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းလည်း တည်ငြိမ်နေကြောင်း၊ ကြက်သွန်နီလက်လီဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို ၆၀ မှ ၇၀ ကြား (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀ ဝန်းကျင်ခန့်) ရှိပြီး ကြက်သွန်ဖြူ ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို ၆၀ ခန့်ရှိကြောင်း ဖော်ပြပါရှိ သည်။
ကေသွယ်ခိုင် (စီးပွားရေးသံမှူး၊ မနီလာမြို့)
Background