Main menu

Background

ဖိလစ်ပိုင်အစိုးရက ဆန်တင်သွင်းမှု အကောက်ခွန်နှုန်းထားများ လျှော့ချပေး

Mon, 07/01/2024 - 15:46 -- journal_editor

အစိုးရမှ ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့် အကောက်ခွန် နှုန်းထားအား ၃၅ရာခိုင်နှုန်း မှ ၁၅ရာခိုင်နှုန်းထိ လျှော့ချပေးလိုက်ခြင်း ကြောင့် ၂၀၂၄ ခုနှစ်အတွင်း အစိုးရ၏ဝင်ငွေ ပီဆို ၂၀ ဘီလီယံမှ ၂၂ ဘီလီယံခန့်ထိ လျော့ကျနိုင်သော်လည်း တစ်ဖက်တွင် ငွေကြေးဖောင်းပွမှု နှုန်းအား လျှော့ချနိုင်မည်ဖြစ်ပြီး ဘဏ်အတိုးနှုန်းများလည်း လျှော့ချ နိုင်ခြေအား ဦးတည်လျက်ရှိသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ပိုမို မြင့်မားလာနိုင်ကြောင်း ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးမှ သတင်းထောက် များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။ 
အကောက်ခွန်နှုန်း  လျှော့ချပေးခြင်းသည် အစိုးရ၏  ကာလတို အစီအစဉ်တစ်ခုသာဖြစ်ပြီး အဓိက ရည်မှန်းချက်မှာ သီးနှံအထွက်နှုန်း တိုးမြင့်စေရေးအတွက် လိုအပ်သည့်  ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ဖြစ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် အရေးကြီးသည့် ရေပေးဝေရေးစနစ်၊   စက်ပစ္စည်းများ၊   ရိတ်သိမ်းပြီးလုပ်ငန်းစဉ်များ  အတွက် လိုအပ်ချက်များအား ရင်းနှီးမြှုပ်နှံစေရန်မှာ လိုအပ်နေပါ ကြောင်း၊ ထို့မှသာ စပါးအထွက်နှုန်း တိုးမြင့်လာမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။ 
အကောက်ခွန်နှုန်း  လျှော့ချပေးခြင်းဆိုင်ရာ အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးနှင့် တောင်သူလယ်သမားများအုပ်စုတို့ တွေ့ဆုံစဉ် ဝန်ကြီးက စပါးအထွက်နှုန်း  တိုးမြင့်အောင် ဆောင်ရွက်ရန်နှင့် အစိုးရ အနေဖြင့်လည်း လိုအပ်သည့် ဘဏ္ဍာငွေကြေး၊ နည်းပညာ ထောက်ပံ့ပေး မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဘတ်ဂျက်အသုံးစရိတ်အား နှစ်စဉ် တိုးမြှင့် သုံးစွဲလျက်ရှိပြီး ၂၀၂၄ ခုနှစ် တွင်း ပီဆို ဘီလီယံ ၂၀ဝ ခန့်ထိ ကျခံသုံးစွဲသွားရန် ဘတ်ဂျက် ခွဲဝေပေး ထားကြောင်း ပြောကြားခဲ့သည်။ 
 ဆန်တင်သွင်းမှုအပေါ်မှရရှိသည့် အခွန်ဝင်ငွေများထဲမှ ပီဆို ၁၅  ဘီလီယံအား ျွငခန ဃသာစနအငအငလနညနျ နည့ညေခနာနညအ င်္ကညိ သို့ ထည့်ဝင် ပေးသွားမည့်ကိစ္စနှင့် ျွငခန ွှမေမင်ငခအေငသည ူတေ (ျွွှူ)ပြင်ဆင် မည့် အပေါ် စပါးတောင်သူများအုပ်စုအနေဖြင့် အကြံပြု တင်ပြရန်များရှိပါက ပြောကြားနိုင်ကြောင်း၊ ရန်ပုံငွေ စတင်ထူထောင်စဉ်က ပီဆို ၂၀ ဘီလီယံ ထည့်ဝင်ထားခဲ့ပြီး မနှစ်က ပီဆို ၃၀ ဘီလီယံဝန်းကျင်ခန့်နှင့် ယခုနှစ် အတွက် နောက်ထပ် ပီဆို ၁၅ ဘီလီယံအား ထည့်ဝင်ပေးသွားရန် ဆွေး နွေးလျက်ရှိပြီး ဖိလစ်ပိုင် အောက်လွှတ်တော်မှ ၂၀၂၄ ခုနှစ်၊ မေလက ျွွှူပြင်ဆင်ရန်အပေါ် အတည်ပြုခဲ့ပြီး လက်ရှိတွင် ျွဃင်္န သို့ ပီဆို ၁၀ ဘီလီယံမှ ၁၅ ဘီလီယံ ထိ တိုးမြင့်ထည့်ဝင်ရန် ကိစ္စအပေါ် သဘောတူညီ ထားပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 
လက်ရှိတွင် အစိုးရအနေဖြင့် ပြည်တွင်း   တောင်သူများထံသို့ ထောက်ပံ့ပေးနိုင်ရေးအတွက် ဆန်တင်သွင်းမှုအပေါ် အခွန်ကောက်ခံမှု မှ ပီဆို ၁၆ ဘီလီယံထိ ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။   
ကေသွယ်ခိုင် (စီးပွားရေးသံမှူး၊ မနီလာမြို့)
Source; https://mb.com.ph/2024/6/9/recto-rice-tariff-cuts-to-cost-up-to-p20-bill...