Main menu

Background

ပိုးမွှားကင်းစင်သည့် သရက်သီး ခုနစ်တန်ကို သြစတြေးလျသို့ ဗီယက်နမ် တင်ပို့မည်

Mon, 07/01/2024 - 15:52 -- journal_editor

ပိုးမွှားကင်းစင်ရေးဝန်ဆောင်မှုပေးသည့်Toan Phat Irradiation Co. (TPI)  မှ သရက်သီးများကို ပိုးမွှားကင်းစင် အောင် ဆောင်ရွက်ပြီးနောက် လတ်ဆတ်သော သရက်သီး ခုနစ်တန်ကို သြစတြေးလျသို့ တင်ပို့မည်ဖြစ်ကြောင်း The Saigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရသည်။ 
TPI သည် အဆိုပါ ပိုးမွှားသန့်စင်မှုပေးသည့် ဝန် ဆောင်မှုအတွက် သြစတြေးလျ အေဂျင်စီBICON (Austra- lian Biosecurity Import Conditions ) ) မှ အသိအမှတ်ပြု လက်မှတ်ရရှိထားပြီးဖြစ်ကြောင်း၊ ပိုးမွှားကင်းစင်ရေးလုပ်ငန်း  နှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ အပင် ကာကွယ်ရေးဦးစီးဌာနနှင့်  ွှTPI  တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းနှင့် DT-PRO  ကုမ္ပဏီမှ သြစတြေးလျသို့ သရက်သီး များကို တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ 
TPI  ၏ အဆိုအရ   သရက်သီးများအားလုံးသည် သြစတြေးလျအာဏာပိုင်များ စိုးရိမ်ပူပန်သည့် အင်းဆက် ပိုးမွှားများ၊ ရောဂါများနှင့် အခြားသော ဇီဝလုံခြုံရေးဆိုင်ရာ များ ကင်းစင်ကြောင်း သိရသည်။
သြစတြေးလျနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်မှုရုံးမှ ပို့ကုန် လိုအပ်ချက်များနှင့်   ကိုက်ညီစေရန်နှင့် သရက်သီးသည် ဗီယက်နမ်နိုင်ငံမှ အရင်းအမြစ်ဖြစ်ရန်  လိုအပ်ပြီး အရွက်၊ အကိုင်းအခက်များ၊  မြေဆီလွှာ၊ ပေါင်းပင်မျိုးစေ့များ၊ အပျက် အစီးများနှင့် အခြား အပင်ပစ္စည်းများ၊ အင်းဆက် ပိုးမွှားများ၊ ရောဂါပိုးများ ကင်းစင်ရမည်ဟု အလေးပေး ပြောကြားခဲ့သည်။
လက်ရှိတွင် ဗီယက်နမ်မှ သြစတြေးလျသို့ လတ်ဆတ် သော သစ်သီးလေးမျိုးအား တင်ပို့ရန် ခွင့်ပြုထားကြောင်းနှင့် သရက်သီး၊ နှင်းသီး၊ လိုင်ချီးစ်သီးနှင့် နဂါးမောက်သီးတို့ ဖြစ် ကြောင်း သိရသည်။
ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏ထုတ်ပြန်ချက် အရ ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ယခုနှစ် ပထမသုံးလပတ်တွင်  အမေရိကန် ဒေါ်လာ ၁ဒသမ၂၈ ဘီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃၀ဒသမ၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရသည်။ 
သြစတြေးလျနိုင်ငံသို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်း ရွက်များ တင်ပို့မှုသည် ဇန်နဝါရီမှ မတ်လအတွင်း အမေရိကန် ဒေါ်လာ ၂၆ သန်းနီးပါးရှိခဲ့ကြောင်းနှင့်   ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းဖော်ပြထား သည်။ 
Source: The Saigon Times 
 

(စီးပွားရေးသံမှူး၊ဗီယက်နမ်)