Main menu

Background

မလေးရှားနိုင်ငံက ထိုင်းနိုင်ငံကို ကျော်တက်ကာ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး ကားဈေးကွက်ဖြစ်လာ

Mon, 07/01/2024 - 15:53 -- journal_editor

အရှေ့တောင်အာရှ၏ မော်တော်ကားဈေးကွက်တွင် တတိယနေရာ၌ ကြာရှည်စွာ ရပ်တည်နေသော မလေးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလအထိ သုံးလဆက်တိုက်မော်တော်ကား ထုတ်လုပ်မှုတွင် ထိုင်းနိုင်ငံအား ကျော် တက်ကာ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး မော်တော်ကားဈေးကွက် ဖြစ်လာခဲ့သည်။
မလေးရှား Automotive Association      အဆိုအရ ယခုနှစ် ပထမသုံးလပတ်တွင် ကားအစီးရေ ၂၀၂၂၄၅ စီးရောင်းချ နိုင်ခဲ့ပြီး ယမန်နှစ်အလားတူ ကာလကထက် ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
မလေးရှားအစိုးရ၏  စီးပွား‌ရေးလှုံဆော်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပြည်တွင်း၌ထုတ်လုပ်သော မော် တော်ကားများအတွက်  အခွန်ကင်းလွတ်ခွင့်များပေးခြင်းသည် ဈေးကွက်ဝေစု၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် ကား အမှတ်တံဆိပ်များဖြစ်သော Perodua  နှင့် Proton  တို့အား ထုတ်လုပ်ရောင်းချမှုများ မြင့်တက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
ထိုသို့ အခွန်ကင်းလွတ်ခွင့်များသည် ၂၀၂၀ ပြည့်နှစ်ကပ်ရောဂါများ စတင်ဖြစ်ပွားသည့်ကာလ မှစတင်ခဲ့သည်။၎င်းသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင်  ကုန်ဆုံးခဲ့သော်လည်း အခွန်လွတ်ကင်းခွင့်ဘွတ်ကင်များ၏ ပြည့်စုံမှုသည် ၂၀၂၃ ခုနှစ်တွင် အရောင်းကိန်းဂဏန်းများကို ဆက်လက်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အပြိုင် အဆိုင်ဈေးနှုန်းများရှိသော လျှပ်စစ်ကား များအပါအဝင် ကားမော်ဒယ်အသစ်များအား  မိတ်ဆက်ပေးခြင်းသည် ‌‌ရောင်းအားကို  တိုးလာစေရန် လှုံ့ဆော်ပေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆန့်ကျင်ဘက်အနေဖြင့် ထိုင်းနိုင်ငံတွင် မော်တော်ကားများ‌ ရောင်းအားကျဆင်းလာခဲ့သည်။ အာရှမော်တော်ကားဈေး ကွက်၏ ဒုတိယနေရာအား နှစ်ရှည်လများ  သိမ်းပိုက်ထားသည့် ထိုင်းနိုင်ငံသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်၏ ပထမသုံး  လပတ်တွင်ရောင်းအား ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ထိုင်းနိုင်ငံ၏ လစဉ်မော်တော်ယာဉ်ရောင်းချမှုသည် ၂၀၂၃ ခုနှစ် ဇွန်လမှစတင်၍ ကျဆင်းလာခဲ့ပြီး မော်တော်ယာဉ်ချေး‌‌ငွေနှင့် သုံးစွဲမှုရပ်တန့်နေခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိ ရသည်။