Main menu

Background

ဘိုးရင်းကုမ္ပဏီ လေယာဉ်အသစ်များကို အစီးရေ ၅၀ အထိ ဝယ်ယူသွားမည်

Tue, 08/06/2024 - 15:11 -- journal_editor

တောင်ကိုရီးယားနိုင်ငံရှိ   ကိုရီးယားလေကြောင်းလိုင်း Korean Air) သည်  လေယာဉ်များ၏ အရည်အသွေး တိုးတက် ကောင်းမွန်စေရန်နှင့် ကုမ္ပဏီမှချမှတ်ထားသည့် ရေရှည်တည်တံ့မှု ရည်မှန်း  ချက်ပန်းတိုင်များ ရောက်ရှိစေရန်ရည်ရွယ်၍ Boeingကုမ္ပဏီထုတ် လေယာဉ်အသစ်များကို အစီးရေ ၅၀ အထိ ဝယ်ယူ သွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်းကဏ္ဍမှ သုတေသီများက ပြောကြားခဲ့သည်။ 
ဗြိတန်နိုင်ငံတွင်  လက်ရှိကျင်းပနေသော Farnborough International Airshow 2024  ကာလဖြစ်သည့် ဇူလိုင် ၂၂ ရက်တွင်Korean Air  နှင့် Boeing ကုမ္ပဏီတို့သည် နားလည်မှု စာချွန်လွှာ တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုး သည့်ပွဲသို့Korean Air  ၏ ဥက္ကဋ္ဌနှင့် CEO  ဖြစ်သူ Mr. Walter Choနှင့် Boeing Commercial Airplanes ၏ CEO ဖြစ်သည့် Stephanie Pope တို့ က်‌ရောက်ခဲ့ကြသည်။ နားလည်မှုစာချွန်လွှာ အရ Korean Air onf Boeing 777-9 သည်အစီးရေ ၂၀ စီး၊ Boeing 787-10  အစီးရေ ၁၀ စီးကို ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီး လိုအပ်လျှင်Boeing 787 Dreamliner အစီးရေ ၁၀ စီးကိုပါ ဝယ်ယူသွားမည်ဖြစ်သည်။ 
Boeing 777-9  နှင့် 787-10  လေယာဉ်များကို ထပ်မံဖြည့်စွက် ခြင်းသည်Korean Air ကို တိုးချဲ့၍ အဆင့်မြှင့်တင်မည့် မဟာ ဗျူဟာမြောက်  ရည်မှန်းချက်တွင် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်သည်ဟုKorean Air၏ ဥက္ကဋ္ဌနှင့် CEOဖြစ်သူ Mr. Walter Choက ပြောကြားခဲ့သည်။ 
ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံးလေယာဉ်စီးမှု အတွေ့အကြုံ (Best-in-Class Flying Experience)) ကို ဖန်တီးပေး မည်ဆိုသည့် Korean Air ၏ ကတိကဝတ်ကို အလေးအနက်ထား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လေယာဉ်သစ်များသည် ခရီး သည်များကို သက်သောင့်သက်သာရှိစေမည့်အပြင် လုပ်ငန်းပိုင်း ဆိုင်ရာစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း  သိသိသာသာ လျှော့ ချပေးမည်ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲမည့် လေကြောင်း လိုင်းဖြစ်စေရေး ကတိကဝတ်ကို အထောက်အပံ့ပေးခြင်းဖြစ်ကြောင်း Korean Air၏ ဥက္ကဋ္ဌနှင့် CEO  ဖြစ်သူMr. Walter Cho  က ပြောကြား ခဲ့သည်။
Boeing Commercial Airplanes ၏ CEOဖြစ်သည့်Ms. Stephanie Pope ကလည်းKorean Air သည် Boeing ကုမ္ပဏီမှ ထုတ် လုပ်သည့် အကြီးဆုံးနှင့် စွမ်းဆောင်ရည်အမြင့်ဆုံး လေယာဉ်များကို ရွေးချယ်ဝယ်ယူသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ၎င်း လေယာဉ်များသည်Korean Air  ၏ ရေရှည်တည်တံ့မှုရည်မှန်းချက် ပန်းတိုင်များကို ရောက်ရှိစေရေး အထောက်အပံ့ပေးနိုင်မည်ဖြစ် ကြောင်း ၎င်းကပြောကြားခဲ့သည်။
Boeing 777-9 သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်  နှင့် အမေရိကန်ပြည်ထောင်စုရှိ  နှစ်သက်ရာ လေဆိပ်များအကြား ကီလိုမီတာ ၁၃၀ဝ၀ ကျော်ကို တိုက်ရိုက်ပျံသန်းနိုင်ပြီး Boeing 787-10  သည် 787  အမျိုးအစားလေယာဉ်များအနက် အကြီးဆုံးဖြစ်သည်။ 
ထို့ပြင် ခရီးသည်နှင့် ကုန်စည်များကို သြနငညါ ၇၈၇-၉ ထက် ၁၅ ရာခိုင်နှုန်းကျော် ပိုမိုသယ်ဆောင်နိုင်မည်ဖြစ်သည်။ အခြားသော အရွယ်အစားတူလေယာဉ်များထက် လောင်စာဆီသုံးစွဲမှုသက်သာသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုသည်လည်း ၂၀ ရာခိုင်နှုန်းကျော် သက်သာမည်ဖြစ်သည်။
Source: The Korea Herald (23-7-2024)

ပပ၊ စီးပွားရေးသံမှူး၊ တောင်ကိုရီးယားသမ္မတနိုင်ငံ။