Main menu

Background

တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းစုခေါင်းဆောင်များက ချက်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းသစ်များ ရှာဖွေ

Mon, 09/02/2024 - 12:07 -- journal_editor

တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းစုခေါင်း ဆောင်များက ချက်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွား ရေးအခွင့်အလမ်းသစ်များ ရှာဖွေနေကြောင်း၊ အထူးသဖြင့်  သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့်  ယာဉ်များနှင့် စွမ်းအင်ကဏ္ဍတွင်  အခွင့်အလမ်းသစ်များရရှိရန် ရှာဖွေနေကြောင်း၊ ချက်ပြည်သူ့သမ္မတနိုင်ငံမှ အစိုးရအဖွဲ့အစည်း များ၊ ကုမ္ပဏီများနှင့် မဟာဗျူဟာကျသော မဟာ မိတ်ဖွဲ့မှုကို မြှင့်တင်ရန် ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလတွင် ယင်းနိုင်ငံသို့ သွားရောက်မည့် တောင် ကိုရီးယားနိုင်ငံသမ္မတ ယွန်ဆုခ်ယော်၏ ခရီးစဉ် တွင် တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီး လုပ်ငန်း စုများဖြစ်ကြသည့် Samsung Hyundai Motor, LG နှင့် SK  တို့မှ ထိပ်တန်းအမှုဆောင်များ လိုက်ပါ သွားမည်ဖြစ်သည်။ 
အဆိုပါလုပ်ငန်းစုကြီးများအနက် Hyundai Motor Group  သည် ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အတကြွ်ကဆုံး စီးပွား ရေးလုပ်ဖော်ကိုင်ဖက်လုပ်ငန်းစုကြီး တစ်ခုဖြစ် သည်။ ချက်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ဘက်ရှိ Nosovice  ကျေးရွာတွင် တစ်နှစ်လျှင် ကားအစီးရေ ၃၅၀ဝ၀ဝ ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ခု တည် ဆောက်ထားရှိပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည်။ အဆိုပါကားစက်ရုံသည်  ဥရောပရှိHyundai Motor  ၏ အဓိကကားထုတ်လုပ်ရေး အခြေစိုက် စခန်းတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ကားအစီး ရေ ၃၄၅၀ဝ၀  ထုတ်လုပ်နိုင်ခဲ့သည်။ အဆိုပါစက်ရုံ မှ ရောင်းရငွေသည် ၂၀၂၃ ခုနှစ်အတွင်း တောင် ကိုရီးယားဝမ်ငွေ ၁၁ ထရီလီယံ  (အမေရိကန် ဒေါ်လာ ၈ ဒသမ ၂၇ ဘီလီယံ) ကျော်ရရှိခဲ့ပြီး အသားတင်အမြတ်ငွေမှာ တောင်ကိုရီးယား ဝမ်ငွေ ၈၀ဝ ဘီလီယံ ရရှိခဲ့သည်။
Hyundai Motor ၏ အမှုဆောင်ဥက္ကဋ္ဌ Mr. Chung Euisun  ကိုယ်စား CEO Mr. Chang Jae-hoon သည် သမ္မတယွန်း၏ ခရီးစဉ်တွင် လိုက်ပါ သွားနိုင်ဖွယ်ရှိကြောင်း၊ လက်ရှိကားစက်ရုံကို  စစ် ဆေးခြင်းနှင့် လုပ်ငန်းစုအတွက် အကျိုးအမြတ်ရ နိုင်မည့် အခြားသော လုပ်ငန်းများရှာဖွေသွားမည် ဖြစ်ကြောင်း၊ ဥရောပဈေးကွက်တွင် သဘာဝပတ် ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့်ယာဉ်များ ထုတ် လုပ်သည့်လုပ်ငန်းကဏ္ဍတွင်Hyundai Motor  ၏ ရပ်တည်မှုကို ခိုင်မာလာစေရန် ရည်ရွယ်၍ လက်ရှိ ကားစက်ရုံကို နဠျ ထုတ်လုပ်သည့်စက်ရုံအဖြစ် ၂၀၃၅ ခုနှစ် နောက်ဆုံးထား ပြောင်းလဲသွားမည် ဖြစ်ပါကြောင်း ကားလုပ်ငန်းကဏ္ဍမှ အရာထမ်း တစ်ဦးက ပြောကြားခဲ့သည်။
Samsung  Electronics၏ အမှုဆောင်ဥက္ကဋ္Mr. Lee Jae-yong ကလည်း ခရီးစဉ်တွင် လိုက်ပါ မည်ဖြစ်ပြီး လက်ရှိတွင် ချက်ပြည်သူ့သမ္မတနိုင်ငံ၌ လုပ်ငန်းလည်ပတ်နေခြင်း မရှိသေးသော်လည်း ကမ္ဘာ့ဦးဆောင် EV battery  ထုတ်လုပ်သည့်Samsung Electronicsအား ချက်ပြည်သူ့သမ္မတ နိုင်ငံက ဘက်ထရီလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုပြုရန် ကြိုဆိုမည်ဟု မျှော်လင့်လျက်ရှိသည်။ 
၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက ချက်ပြည် သူ့သမ္မတနိုင်ငံတွင် နျူကလီးယားဓာတ်ပေါင်းဖို နှစ်လုံး တည်ဆောက်ရန် လေလံခေါ်ရာတွင် ုKorea Hydro & Nuclear Power (KHNP) ) အား ဦးစားပေးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ သို့ဖြစ်၍KHNP  သည် တောင်ကိုရီးယားဝမ်ငွေ ၂၄ ထရီ လီယံ တန်ဖိုးရှိ နျူကလီးယားဓာတ်ပေါင်းဖို တည် ဆောက်သည့် စီမံကိန်းကိုရရှိခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် အခွင့်အလမ်း များ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
Source: https://www.koreatimes.co.kr/www/tech/2024/08/129_381171.html
 

ပပ၊ စီးပွားရေးသံမှူး
တောင်ကိုရီးယားသမ္မတနိုင်ငံ