Main menu

Background

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် စက်တင်ဘာလအတွင်း လျော့ကျနိုင်မည်ဖြစ်ကြောင်း ခန့်မှန်း

Mon, 09/02/2024 - 12:09 -- journal_editor

အိန္ဒိယနိုင်ငံမှ တစ်နှစ်ပတ်လုံး ဆန်တင်ပို့မှုဆိုင်ရာ ရပ်ဆိုင်းလိုက်သည့် မူဝါဒအပြောင်းအလဲအား စောင့်ဆိုင်း နေခြင်းနှင့် ကမ္ဘာ့ဆန်စားသုံးမှုမြင့်မားသည့် နိုင်ငံများကြား ရိုက်ခတ်မှုများ ရှိနေသောကြောင့် လာမည့် စက်တင်ဘာလ အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဆန်ဈေးကွက်အား လေ့လာစောင့်ကြည့်နေသူတစ်ဦး ဖြစ်သူ SSResource  Media Pte.Ltd rS Subramanian Venkatramာ က ခန့်မှန်းပြောကြားခဲ့သည်။ 
စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ များအတွင်း ဆန်တင်သွင်းမှု အဝင်များ ကျဆင်းနိုင်သည့် လများဖြစ်ကြောင်း၊  အိန္ဒိယနှင့် အလားသဏ္ဌာန်ဆင်တူစွာဖြင့်  ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့ရောင်းချသူများအနေဖြင့်လည်း  ၎င်းတို့နှင့်   ပြုလုပ်ထားသည့်    ဆန်ရောင်းချရေးဆိုင်ရာ သဘောတူညီချက်များကို တစ်ဖက်မှဝယ်သူများနှင့် အမြင့် ဈေးနှုန်းရရှိနိုင်ရေး  ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်လာနိုင် သည်ဟု Philippines Rice Industry Stakeholders Movement (PRISM) မှ ခန့်မှန်းထားရှိသည်။ 
ဗီယက်နမ်နိုင်ငံမှ ဆန်ရောင်းချသည့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး   ဗီယက်နမ်  ဆန်ကုန်သည်များကလည်း အရောင်း/အဝယ်စာချုပ်များကို ဖျက်သိမ်းခဲ့မှု အများအပြား ရှိခဲ့ကြောင်း၊ ဈေးနှုန်းကွာဟချက်မှာ  တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၆၀ မှ ၇၀ ကြားရှိခဲ့ခြင်းသည် အဓိကအချက် တစ်ချက်ဖြစ်ပြီး ၎င်းတို့မှဆန်တင်ပို့မှုများ ဖျက်သိမ်းခဲ့ခြင်း ကြောင့် ဆန်ဝင်ရောက်မှု လျော့နည်းလာစေမည်ဟုဆိုသည်။
ဖိလစ်ပိုင်အစိုးရအနေဖြင့်   ထိုကဲ့သို့ ဆန်တင်ပို့မှု  သဘောတူညီချက်များ   ဖျက်သိမ်းရပ်ဆိုင်းမှု   မရှိစေရေး အခြေ အနေများနှင့် တင်သွင်းမည့်ဆန်များ အချိန်မီရောက်ရှိ ရေးတို့စပ်လျဉ်း၍   စတင်ဆွေးနွေးသင့်သည့် အချိန်ဖြစ် ကြောင်း ပြောကြားခဲ့ပြီး ပြည်တွင်းရှိ ဆန်တောင်သူများကို လည်း အစိုးရအနေဖြင့် လိုအပ်သည့် ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးစေလိုကြောင်း ဖော်ပြပါရှိသည်။  
ယခုကဲ့သို့ ဆန်တင်သွင်းမှုများကျဆင်းနိုင်သည့် အခြေ အနေသည် အခြားသော နိုင်ငံများတွင်လည်း ဖြစ်ပေါ်နိုင်ခြေ ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ဈေးကွက်အတွင်းရှိ ဆန် ကုန်သွယ်မှုများ ကျဆင်းလာရခြင်းမှာ ကုန်သည်များအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုရပ်ဆိုင်းထားခြင်းကို ပြန်လည် ဖွင့်လှစ်နိုင်သည်ဟူသည့် မျှော်လင့်ချက်များရှိနေပြီး  ဆန် ဈေးကွက်အတွင်းရှိ လူများအားလုံး သတိထားဆောင် ရွက်နေကြသည်ကိုလည်း တွေ့ရှိရကြောင်းSS Rice News Network 2024  အခမ်းအနားတွင် ပြောကြားခဲ့သည်။ 
ကမ္ဘာ့ဆန်တင်ပို့မှု  အများဆုံးနိုင်ငံများအနက် တစ်ခု အပါအဝင်ဖြစ်သော အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံစေရေး အတွက် ဘာစမာတီ မဟုတ်သည့်ဆန်နှင့် ဆန်ကြမ်းတင်ပို့မှုကို ရပ်ဆိုင်းခဲ့သဖြင့် ဆန်တင်သွင်းမှုမြင့်မားသည့် ဖိလစ်ပိုင်နိုင်ငံ ကဲ့သို့ သော ဆန်တင်သွင်းသည့် နိုင်ငံများသည် အခြားသော ဆန်တင်ပို့ရောင်းချမည့်သူများကို ရှာဖွေခဲ့ရသည်။ 
နှစ်နိုင်ငံသဘောတူညီချက်အားဖြင့် ဖိလစ်ပိုင်နိုင်ငံ သည် အိန္ဒိယနိုင်ငံမှ  ဆန်တန်ချိန် ၂၀ဝ၀ဝ ဝယ်ယူနိုင်မည်ဖြစ် ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သြဂုတ် ၈ ရက်ထိ ဆန်တန်ချိန် ၅ ဒသမ ၅၇ သန်းထိ တင်သွင်းခဲ့ပြီးဖြစ်ကြောင်းနှင့် အဓိကတင်သွင်းခဲ့သည့် နိုင်ငံ အနေဖြင့် ဗီယက်နမ်မှ တန်ချိန် ၁ ဒသမ ၉၅ သန်း၊ ထိုင်းနိုင်ငံမှ ၃၆၀၄၄၄ ဒသမ ၇၄ တန်တို့ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 
၂၀၂၄ ခုနှစ် ယခုကာလအထိ ဖိလစ်ပိုင်နိုင်ငံ၏ ဆန် တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်က တင်သွင်းမှု စုစုပေါင်း၏ ၇၁ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဖိလစ် ပိုင်နိုင်ငံ၏ ဗီယက်နမ်နိုင်ငံမှ ဆန်ဝယ်ယူမှု ကျဆင်းခဲ့ခြင်း ကြောင့် ဆန်တင်သွင်းမှု လျော့ကျနိုင်ကြောင်းကို အမေရိကန် စိုက်ပျိုးရေးဌာနမှလည်း ပြင်ဆင်ခန့်မှန်းခဲ့သည်။ 
ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချပေးခဲ့ခြင်းကို ၂၀၂၈ ခုနှစ်ထိ သက်တမ်းတိုးပေးခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ ကိုလည်း ပြီးခဲ့သည့် ဇွန်လက သမ္မတမားကို့စ်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ အခွန် နှုန်း လျှော့ချပေးရခြင်းမှာ ကုန်စည်ဈေးနှုန်းများ မြင့်တက် နေခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်း လျော့ကျစေရန်၊ ပြည်တွင်းစားသုံးကုန်စည်ဈေးနှုန်းများ ထိန်း ချုပ်နိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြသည်။

 ကေသွယ်ခိုင် (စီးပွားရေးသံမှူး၊ မနီလာမြို့)
Source; https://business.inquirer.net/476715/slowdown-in-rice-imports-seen-by-sept