တောင်ကိုရီးယားနိုင်ငံ၌ ဆန်ပိုလျှံထွက်ရှိမှုကို ကိုင်တွယ်ဖြေရှင်းရန် နှင့် ဈေးကွက်အတွင်း ဈေးနှုန်းများတည်ငြိမ်မှုရှိစေရန်အတွက် အစိုးရသည် ယခုနှစ် ရိတ်သိမ်းထွက်ရှိမှုမှ ဆန်တန်ချိန် ၄၀ဝ၀ဝ၀ နှင့် ယခင်နှစ်ထွက်ရှိမှုမှ တန်ချိန် ၅၀ဝ၀ဝ၊ စုစုပေါင်း ဆန် တန်ချိန် ၄၅၀ဝ၀ဝ ကို အရန် ရိက္ခာအဖြစ် ဝယ်ယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယင်းအဖွဲ့အစည်းဝေးတွင် ချမှတ်ခဲ့သည့် စီမံချက်အရ သြဂုတ်လမှ နိုဝင်ဘာလအတွင်း မပြုပြင်ရသေးသော ဆန်များကို လည်းကောင်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ထုပ်ပိုးပြီး သော ဆန်များကိုလည်း ကောင်း ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ ဝယ်ယူသည့်ဈေးနှုန်းကို ယခုနှစ်ကုန်၌ ဆုံးဖြတ်မည်ဖြစ်ပြီး ကြားကာလ ပေးချေမှုအဖြစ် ဆန် ကီလိုဂရမ် ၄၀ တစ်အိတ်လျှင် ဝမ်ငွေ ၃၀ဝ၀ဝ နှုန်း (အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ) ဖြင့် အစိုး ရက ပေးအပ်ထားမည်ဖြစ်သည်။
ကိုရီးယားပြည်သူများ၏ စားသောက်မှုပုံစံနှင့် အလေ့အထများ ပြောင်းလဲလာမှုကြောင့် ၎င်းတို့၏ ဆန်စားသုံးမှု ဆက်တိုက် ကျဆင်းနေ ချိန်တွင် ကိုရီးယားနိုင်ငံသည် ဆန်ပိုလျှံထွက်ရှိမှု ကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေရကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် ဝယ်ယူထားသော အရန်ဆန်များ ကို တပ်ရိက္ခာအဖြစ် သုံးစွဲခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စီမံကိန်းများအပါအဝင် ရည်ရွယ်ချက် အမျိုးမျိုး အတွက် အသုံးပြုမည်ဖြစ်သည်။ ထို့အပြင် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်း စသည့် အရေးပေါ်အခြေအနေများတွင် စားနပ်ရိက္ခာဖူလုံမှုရှိစေရန် ရည် ရွယ်ဆောင်ရွက်လျက်ရှိသော အာဆီယံ+၃ အရေးပေါ် အရန်ဆန်အတွက် လည်း အဆိုပါဆန်များကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
Source: Korea Times
DHTSN, DOCA