Main menu

Background

ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှု အခြေအနေ ပိုမိုဆိုးရွားလာဖွယ်ရှိ

Wed, 12/04/2024 - 11:24 -- journal_editor

အစိုးရ၏  စဉ်ဆက်မပြတ်သော အခြေခံ အဆောက်အအုံ စီမံကိန်းများ များပြားလာခြင်းနှင့် တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံ ၏ ပို့ကုန်တင်ပို့မှုသည် နှေးကွေးလာပြီး ကုန်သွယ်ရေးမညီမျှချက်များ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဧပြီလမှစတင်၍ ပို့ကုန်ရငွေနှင့် သွင်းကုန် အပေါ်ပေးချေရသည့် ငွေပမာဏသည် ကွာဟမှုကြီးလာပြီး စက်တင် ဘာလထိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး လ ၂၀ အတွင်း အကြီးမားဆုံး ကွာဟချက်တစ်ခု ဖြစ်ခဲ့သည်။
အစိုးရအနေဖြင့် စဉ်ဆက်မပြတ်သော အခြေခံအဆောက် အအုံစီမံကိန်းများကို တွန်းအားပေး ဆောင်ရွက်လာခြင်းကြောင့် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများအား ပြည်ပမှ တင်သွင်း ဝယ်ယူမှု များပြားလာပါကြောင်း၊ ကမ္ဘာ့ပို့ကုန် တင်ပို့မှုအဆင့်တွင် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၇ မှ စတင်၍ အဆင့်ကျဆင်းခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းပို့ကုန် ပစ္စည်းဖြစ်သော တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ တင်ပို့မှု ကျဆင်းလာခဲ့ပြီး အခြားသော ဒေသတွင်းနိုင်ငံ များဖြစ်သော စင်ကာပူ၊ တောင်ကိုရီ းယားနှင့် တရုတ်(တိုင်ပေ) နိုင်ငံ များသို့ တင်ပို့မှုလည်း ကျဆင်းလာကြောင်း ဖော်ပြပါရှိသည်။ 
ထို့ပြင် အီလက်ထရောနစ်မဟုတ်သော ပို့ကုန်ကဏ္ဍများဖြစ် သော စားသောက်ကုန်ပစ္စည်းများ၊ သတ္တုများနှင့် လုပ်ငန်းသုံးပစ္စည်း များ တင်ပို့မှုသည် အီလက်ထရောနစ်ကဏ္ဍနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်းကိုလည်း ဖော်ပြထားသည်။ 
ဗဟိုဘဏ်မှ ပြည်တွင်းဝယ်လိုအား မြင့်တက်စေရန် အတိုးနှုန်း များလျှော့ချခြင်းမူဝါဒကြောင့် သွင်းကုန်ပမာဏသည်လည်း ဆက် လက်မြင့်တက်လာဦးမည်ဖြစ်ပြီး ကုန်သွယ်မှုကဏ္ဍအပေါ် ခြုံငုံသုံး သပ်လေ့လာမည်ဆိုပါက ပို့ကုန်နှင့် သွင်းကုန် ပမာဏကြား ကုန် သွယ်ရေးလိုငွေပြမှု  ကြီးထွားလာနိုင်ကြောင်း၊ ထို့သို့ ကုန်သွယ်ရေး လိုငွေပြမှုပမာဏ ကြီးမားလာခြင်းသည် တိုင်းပြည်၏ ဒေါ်လာစီး ထွက်မှုပမာဏ ကြီးမားနေကြောင်းကို ဖော်ပြနေပြီး ပြည်တွင်းငွေ ကြေး ပီဆိုတန်ဖိုးအား ကျဆင်းစေနိုင်သည်ဟု ဖော်ပြပါရှိသည်။ 
သို့ရာတွင် ပြည်ပအလုပ်သမားများ လွှဲပို့ငွေ၊ Information Technology-Business Process Outsourcing (IT-BPO) နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့မှ  ဒေါ်လာဝင်ရောက်မှု အသင့်အတင့် မြင့်တက်လာခြင်းသည် တိုင်းပြည်စီးပွားရေးအား တည်ငြိမ်စေသည့် အချက်တစ်ချက်ဖြစ်ပြီး   ကုန်သွယ်ရေး   လိုငွေပြမှုကို  တစ်စိတ် တစ်ဒေသ ကာမိပါကြောင်း ဖော်ပြထားသည်။

 

ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး