Main menu

Background

ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနမှKadiwa Store များကို မြို့တော် မနီလာပြင်ပများထိ ဖွင့်လှစ်သွားရန် မျှော်မှန်း

Wed, 12/04/2024 - 11:26 -- journal_editor

ဖိလစ်ပိုင်နိုင်ငံသားများ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိစေရန် ရည် ရွယ်ပြီး ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့်Kadiwa Store  များကို  နိုင်ငံတစ်ဝန်းလုံးတွင် လက်ရှိဆိုင်ခွဲပေါင်း ၁၀၈ ခု ဖွင့်လှစ်ထားရှိခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်အကုန်အထိ ၁၇၉ ဆိုင် အထိ တိုးချဲ့ဖွင့် လှစ်သွားနိုင်ရန် ရည်မှန်းထားသည်။ 
၂၀၂၄Kadiwa Store  ကိုလည်း သုံးရက်တာ ကျင်းပ ပြုလုပ်ခဲ့ပြီး  ပြည်တွင်းရှိ တောင်သူများနှင့် ငါးဖမ်းလုပ်သား များဝင်ငွေ မြင့်မားလာစေရန်နှင့် ပြည်တွင်းစားသုံးသူများ အနေဖြင့် အရည်အသွေးကောင်းမွန်သော ပစ္စည်းများအား သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်ဝယ်ယူရရှိစေရန် ရည်ရွယ် ပါကြောင်း ဖော်ပြပါရှိသည်။ 
လက်ရှိKadiwa Store အများစုမှာ မြို့တော်မနီလာ တွင် အများဆုံး  ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖိလစ်ပိုင်စိုက်ပျိုး ရေးဝန်ကြီးဌာနလက်အောက်ခံ  National Irrigation Administration   မှ ကြီးကြပ်  ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောKadiwa Store များတွင် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများ လက်ကျန်ပြတ်လပ်မှုများရှိနေပြီး အဓိကကုန် ပစ္စည်းမှာ ဆန်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများလည်း ကြုံတွေ့နေရပြီး သင်္ဘောတင်ပို့ဆောင် ရသည့် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများအတွက် ဖြစ်ပါ ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် သယ်ယူပို့ဆောင် ရေး အစီအစဉ်များကို ရေးဆွဲထားကြောင်းနှင့် အခြားသော စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကိုလည်း ထပ်တိုးရောင်းချ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
Kadiwa Store  များတွင် ရောင်းချသော စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည် ပြင်ပဈေးကွက် ပေါက်ဈေးထက် ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းအထိ သက် သာကြောင်းနှင့် ပြည်တွင်းဈေးကွက်ကို တိုက်ရိုက်ယှဉ်ပြိုင် ရောင်းချခြင်းမျိုးဖြစ်စေရန် ရည်ရွယ်ခြင်း  မဟုတ်ကြောင်း၊ ဈေးကွက်ပေါက်ဈေးသည် တစ်ခါတစ်ရံတွင် အလွန် မြင့်မား လေ့ရှိသဖြင့် ရည်ညွှန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည့် နည်းလမ်းတစ်ခုလည်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဈေး ကွက်အတွင်းရှိ လက်လီဈေးနှုန်းအား Check and Balance လုပ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်စေကြောင်း စိုက်ပျိုးရေး လက်ထောက်အတွင်းဝန်က ပြောကြားခဲ့သည်။ 

 

ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး