ပစ်တိုင်းထောင် ရေကော်လုပ်ငန်းပိုင်ရှင် ဦးမိုးလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံးပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသည့် နိုင်ငံခြားကော် အစားထိုးလုပ်ငန်းဖြစ်သည့် ပစ်တိုင်းထောင် ရေကော်လုပ်ငန်းပိုင်ရှင် ဦးမိုးလွင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
ပစ်တိုင်း ထောင်ရေကော်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံလေး ရှင်းပြပေးပါဦး။
ဒီလုပ်ငန်းကို၂၀၁၉ ခုနှစ်မှာ စတင်လုပ်ဆောင်လာတာပါ။ ကိုဗစ်-၁၉ မဖြစ်ခင်ကာလလေးမှာ စတင်တည်ထောင်တာပါ။ ဒီလုပ်ငန်းက ကျွန်တော်တို့ပထမဦးဆုံးလုပ်ခဲ့တဲ့ လုပ်ငန်းလို့ ပြော လို့ရတယ်။ ဒီလုပ်ငန်းက အရင်တုန်းက ကျယ်ပြန့်မှု မရှိသေးဘူး။ပြည်တွင်းကို နိုင်ငံခြားကလာတဲ့ကော်တွေလောက်သာ အသုံးပြုခဲ့ တာကနေ ကျွန်တော်တို့ ဒီကော်ကို တီထွင်ဆန်းသစ်မှုအရ အားလုံးက လက်ခံလာတယ်။ သုံးလို့လည်းကောင်းတယ်။ မီးဘေး အန္တရာယ်လည်း ကင်းတယ်ပေါ့နော်။ ဒီပစ္စည်းက မီးလောင်တာ ဘာညာမရှိဘူးပေါ့နော်။ အခုလက်ရှိအချိန်မှာတော့ ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်လာနေပြီလို့ ပြောလို့ရပါတယ်။
ကုန်ကြမ်းရရှိမှုအခြေအနေလည်း သိပါရစေ။
ကုန်ကြမ်းအနေနဲ့ကတော့ မြန်မာနိုင်ငံကထွက်တဲ့ ရော်ဘာ ရေကို အခြေခံပြီးတော့ လုပ်တယ်။ ကျန်တာကတော့ ဃ့နာငခေူ နဲ့ရောစပ်ပြီးတော့ ထုတ်လုပ်ရတာပေါ့။ ကုန်ကြမ်းကိုတော့ ပဲခူး တိုင်းဒေသကြီး အင်းတကော်၊ သထုံ၊ မော်လမြိုင်တို့ကနေဝယ်ပြီး တော့ ထုတ်လုပ်ပါတယ်။ လိုအပ်ရင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနကိုအကူအညီတောင်းပါတယ်။ သူတို့ကလည်း လိုအပ် တဲ့အကူအညီကို ပေးပါတယ်။ ကုန်ကြမ်းရရှိမူကတော့ အခက်အခဲ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ကော်ကိုသုံးမျိုးထုတ်လုပ်ပါတယ်။ကတ္တီပါသုတ်တဲ့ကော်၊ ဖိုက်ဘာသုတ်တဲ့ကော်တစ်မျိုးထုတ်တယ်။ နောက်(ူနအေ့နမ) သားရေ သုတ်တဲ့ကော်တစ်မျိုး ထုတ်ပါတယ်။
ပြည်တွင်း ဈေးကွက်ကို စတင်ထိုးဖောက်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
ပြည်ပကဝင်လာတဲ့ ကော်တွေကို ဈေးကွက်ထိုးဖောက်နိုင် အောင် ကြိုးစားခဲ့ရတာကတော့ အများကြီးပါပဲ။ ဆုံးရှုံးမှုတွေ လည်း အများကြီးပဲ။ မအောင်မြင်ခင်မှာတော့ ဒီလိုပဲ စမ်းသပ် ထုတ်လုပ်တယ်။ လုပ်ငန်းရှင်တွေကိုလည်း ကျွန်တော်တို့ကနေ ပြီးတော့ ကျွန်တော်တို့ပစ္စည်းလေး သုံးကြည့်ပါလား။ ကျွန်တော်တို့ ပစ္စည်းလေးကတော့ ဒီလိုအရည်အသွေးရှိတယ်။ ဒီလိုကောင်း တယ်ပေါ့နော်။ ကော်ဆိုတော့ ကပ်အားလည်း ကောင်းတယ်။အနံ့ အသက်လည်းမရှိဘူး။ မီးဘေးအန္တရာယ်လည်း မရှိဘူးဆိုတော့ ဒီလိုနဲ့ သိလာကြတော့ စိတ်ဝင်စားမှုများလာပြီး အခုထက်ထိ လုပ်ကိုင်ဆောင်ရွက်ရတာပေါ့။ ဈေးကွက်မှာက နိုင်ငံခြားကော်နဲ့ ပြည်တွင်းကထုတ်လုပ်တဲ့ကော် အများကြီး ကွာဟမှုရှိတယ်။ ပြည်တွင်းက ထုတ်လုပ်တဲ့ကော်က ဈေးအများကြီး သက်သာ တယ်။ သုံးပုံပုံရင် ကျွန်တော်တို့က တစ်ပုံပဲဈေးရှိတာ။လုပ်တဲ့ကိုင် တဲ့အပေါ်မှာလည်း လိုက်မေးကြည့်တာ မြန်ဆန်တယ်၊ သွက်လက် တယ်။ လုပ်ကိုင်ရတာ အဆင်ပြေတယ်။ ဖိနပ်လုပ်ငန်းတွေကို လိုက်ကြည့်တယ်။ စုံစမ်းမေးမြန်းတယ်။ အကုန်အဆင်ပြေတယ် လို့ကြားရတယ်။ ဖိနပ်တစ်ရံမှာ နိုင်ငံခြားကော်ဆိုရင် တစ်ထောင် ဖိုး ကုန်တယ်။ ပြည်တွင်းထုတ်ကုန်ကော်ဆိုရင် ကျပ် ၃၀ဝ ဖိုးပဲ ကုန်တော့ ၇၀ဝ လောက် သက်သာသွားတယ်။ အဲဒါကြောင့် အကုန်လုံးက အားပေးကြတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပျဉ်းမနား၊ မော်လမြိုင်၊ ပုသိမ် အကုန်လုံးနီးပါး အမှာစာနဲ့ မှာကြ တယ်။
ပစ်တိုင်းထောင် ရေကော်လုပ်ငန်းက အသေးစား၊ အလတ်စား လုပ်ငန်းဖြစ်တဲ့အတွက် ဘယ်လိုမျိုး လိုအပ်ချက်တွေရှိမလဲ။
လိုအပ်ချက်ကတော့ ကျွန်တော်တို့တွေအနေနဲ့က နေရာ လေးတွေ အခက်အခဲရှိတယ်။ အရေးကြီးတာက နေရာပါ။ ၂၀၂၄ ခုနှစ်အစမှာ နေပြည်တော်မှာ ကျင်းပတဲ့ ရော်ဘာပရိုဂရမ်လေးလုပ် တာ ကျွန်တော့်ကို ဖိတ်ကြားလို့တက်ရောက်ခဲ့တယ်။ အဲဒီမှာလည်း တင်ပြခဲ့တာတွေရှိတယ်။ ကျွန်တော့်လုပ်ငန်းကတော့ ဒီလိုရှိပါ တယ်။ ကျွန်တော်တို့ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ငန်းတွေတစ်စု တစ်စည်းတည်း လုပ်ကိုင်နိုင်အောင် မြေကွက်လေး ကျွန်တော်တို့ တောင်းဆိုတယ်။ တောင်းဆိုတဲ့အပေါ်မှာလည်း အထက်ကနေ ပြီးတော့ ရန်ကုန်တိုင်းကိုတော့ စာပို့လိုက်ပြီ။ ကျွန်တော့်ကိုတော့ မခေါ်သေးဘူး။ ဘယ်အချိန် ခေါ်မလဲတော့ မသိဘူးပေါ့နော်။ အခက်အခဲကတော့ မြေနေရာရရှိဖို့ပါပဲ။ အဲ့ဒါလေးသာ ရသွား ရင် အတိုင်းနဲ့အလွန်ပေါ့။ အခုက ထုတ်လုပ်တဲ့အခါမှာ လူလည်း များတယ်။ ပစ္စည်းတွေက ဒီမှာ တစ်စုတစ်စည်းတည်းထားလို့ မရဘူး။ ဂိုထောင်ထဲမှာ သွားထားရတယ်။
လက်ရှိဈေးကွက် လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီလား။
ဈေးကွက်လိုအပ်ချက်ကိုတော့ ထုတ်ပေးနိုင်ပြီလို့ ပြော လို့ရတယ်။ ကျွန်တော်တို့ လိုအပ်တဲ့အော်ဒါမှန်သမျှကို အကုန် ပို့ပေးတယ်။ အခုက ဘာဖြစ်လဲဆိုတော့ နေရာအခက်အခဲ ရှိတဲ့ အတွက် သိုလှောင်မှု မလုပ်နိုင်သေးဘူး။ ကျွန်တော်တို့က သို လှောင်မှုကိုထားချင်တာ တစ်လစာဆို တစ်လစာ။ နှစ်လစာဆို နှစ်လစာပေါ့။ အဲလိုမျိုးလုပ်မယ်။ စက်တွေလည်း ထည့်ရမယ်။နောက်ကျွန်တော်တို့က ရေသန့်ဘူးအခွံတွေနဲ့ ပြန်ထည့်ရတာဆို တော့ အဲရေသန့်ဘူးအခွံတွေကို ကိုယ့်စက်နဲ့ဆွဲချင်တယ်။ စက် တွေ အထိုင်ချချင်တယ်။ ရော်ဘာရေခွဲစက်တွေကိုလည်း စက်တွေ နဲ့ လုပ်ချင်တယ်။ နေရာမရှိတဲ့အတွက် ဒါတွေကိုတော့ မလုပ်နိုင် သေးဘူး။ ကျွန်တော်တို့ ခွန်အား အင်အားနဲ့တော့ အတတ်နိုင် ဆုံးတော့ အကောင်းဆုံးဖြစ်အောင်ဆောင် ရွက်ထားပါတယ်။
ရေကော်လုပ်ငန်းမှာ လုပ်သားအင်အား ဘယ်လောက်ရှိပါသလဲ။
လောလောဆယ်မှာတော့ လုပ်သားအနေနဲ့ အယောက်၂၀ နဲ့ ၂၅ ကြားကို အလုပ်အကိုင် အခွင့်အလမ်းပေးထားပါတယ်။ ကုန်ကြမ်းလုပ်တဲ့သူ ဈေးကွက်နဲ့ သယ်ယူပို့ဆောင်ရေး အပိုင်း တွေရောဆိုတော့လေ။ သူတို့လေးတွေ အလုပ်အဆင်ပြေရင် မိသားစု စားဝတ်နေရေးလေးတွေ အဆင်ပြေကြတယ်။ လုပ်ငန်း ကိုင်ငန်းလေးတွေ အခွင့်အလမ်းလေးတွေ ရလာနိုင်တယ်။ မိသားစုတစ်ဦးတစ်ယောက်ဆိုရင် အနောက်မှာ သုံးလေးယောက် တော့ ပါကြတာပဲလေ။ ဒါလေးတွေလည်း ကျွန်တော်တို့ လုပ်နိုင် သလောက် လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်။
အသေးစား၊ အလတ်စားလုပ်ငန်းတွေကို ဘယ်လိုမျိုး ကူညီပံ့ပိုးမှု တွေ လိုအပ်တယ်လို့ မြင်မိပါသလဲ။
နိုင်ငံတော်အနေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေကို လေးတွေကို အတတ်နိုင်ဆုံး ကူညီပေးပါတယ်။ ငွေရေးကြေးရေး က အစပေါ့နော်။ လိုအပ်ချက်ကတော့ မြေနေရာ ကျယ်ကျယ်ဝန်း ဝန်းလုပ်ကိုင်လိုပါတယ်။ အဲလိုဆောင်ရွက်တဲ့အပေါ်မှာလည်း မြေနေရာ အခက်အခဲပေါ့နော်။ လုပ်ငန်း အဆင်ပြေအောင်နဲ့ လုပ်ငန်း ကိုင်ငန်း အဆင်ပြေ တိုးတက်အောင် မြေနေရာလေးကို အမြန်ဆုံး ချပေးစေချင်တာပါ။ အခုက မိုးတွင်းကာလ ကျတော့မှာ ဆိုတော့လေ။ အဲဒီအချိန်မရောက်ခင် လုပ်ငန်းလေးတွေ လုပ်ကိုင် ချင်တာဖြစ်ပါတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် ဇုန်တစ်ခု ဖော်ဆောင်ပေးမယ်ဆိုလည်း ပိုပြီးတော့ အဆင်ပြေတာပေါ့ဗျာ။ ပိုပြီးအဆင်ပြေတယ်ဆိုရင် လုပ်ငန်းပေါင်းစုံက တစ်စုတစ်စည်း တည်း လုပ်မယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေလည်း ပြဿနာ မရှိတော့ဘူးပေါ့။ အခုက အသေးစား၊ အလတ်စား လုပ်ငန်းတွေက ရပ်ကွက်ထဲမှာပဲ လုပ်နေရတော့ ရပ်ကွက်နေ ပြည်သူတွေကလည်း သူ့အလုပ်နဲ့သူ၊ ကိုယ့်အလုပ်နဲ့ကိုယ့်လေ။ တစ်ခါတစ်လေကျရင် အဆင်ပြေတာရှိသလို အဆင်မပြေတာလည်း ရှိတယ်လေ။ အဲဒါ ကြောင့် ကျွန်တော်တို့ အသေးစား၊ အလတ်စား လုပ်ငန်းတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ ချထားပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းတာပေါ့ဗျာ။
တိဗ္ဗ