Main menu

Background

မြန်မာပြည်မှာ ထုတ်လုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ဖြစ်စေ၊Joint Venture ဖြစ်စေ၊ မြန်မာကုမ္ပဏီဖြစ်စေ မြန်မာပြည်မှာ တကယ်စက်ရုံရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ပဲရစ်ပြပွဲမှာ လာရောက်ပြသလို့ရပါတ်

Mon, 03/04/2024 - 11:22 -- journal_editor

Su Shwe Nadi Trading & Consultancy မန်နေဂျင်းဒါရိုက်တာ ဒေါ်သက်စုလှိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ၂၀၂၄ ခုနှစ်ဇူလိုင် ၁ ရက်မှ ၃ ရက်ထိ ဥရောပသမဂ္ဂ၊ အမေရိကန်အပြင် နိုင်ငံတကာမှ လုပ်ငန်းရှင်များ၊ ဝယ်လက်များ လာရောက်ကြမည့် ချည်မျှင်နှင့် အထည်အလိပ်ပြပွဲကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြပွဲကြီးတွင် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးအတွက်Messe Frankfurt France ၏ Texworld Evolution Pairs နှင့်Apparel Sourcing Paris ကုန်စည်ပြပွဲ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့ရှိ lotte ဟိုတယ်တွင် ကျင်းပခဲ့သည်။ သို့ဖြစ်ရာ ယင်းပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ကျင်းပမည့်  ချည်မျှင်နှင့် အထည်အလိပ်ပြပွဲကြီးတွင် မြန်မာပြည်မှလုပ်ငန်းရှင်များ ဝင်ရောက်ပြသခြင်းအားဖြင့် မည် သို့ အကျိုးကျေးဇူးများ ရရှိနိုင်ပါသလဲဆိုခြင်းနှင့် ယင်းပြပွဲအကြောင်းအားMesse Frankfurt ၏ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသည့်  Trading & Consultancy မန်နေဂျင်းဒါရိုက်တာ ဒေါ်သက်စုလှိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် ချည်မျှင်နှင့်အထည်အလိပ် ပြပွဲအကြောင်း ပြောပြပေးပါဦး။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်မယ့်Messe Frankfurt ရဲ့ ချည်မျှင်နှင့် အထည်အလိပ်ပြပွဲဖြစ်ပါတယ်။ အဲဒီပြပွဲကိုလည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းကနေပြီးတော့ သွားရောက်ပြသ နေတာ ၂၀၁၅ ခုနှစ်ကတည်းက သွားရောက်ပြသ နေတာပါ။ ပွဲအတွက်ကို ရည်ရွယ်ပြီးတော့ ပြင်သစ်နိုင်ငံ Frankfurt ရဲ့  စီအီးအိုက မြန်မာပြည်ကိုလာရောက်ပြီးတော့ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ လာရောက်တွေ့ဆုံတယ်။ ပဲရစ်မြို့ မှာရှိတဲ့ Messe Frankfurtu ပြုလုပ်နေတဲ့  ချည်မျှင်နှင့် အထည် အလိပ်ပြပွဲတွေမှာ   မြန်မာပြည်မှာ  ထုတ်လုပ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီဖြစ်စေ၊ Joint Venture ဖြစ်စေ၊ မြန်မာကုမ္ပဏီဖြစ်စေ မြန်မာပြည်မှာ တကယ်စက်ရုံရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ပဲရစ်ပြပွဲ မှာ လာရောက်ပြသလို့ရတယ်ဆိုတာကို  ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီပြပွဲမှာ ချည်မျှင်နဲ့ အထည်အလိပ်တွေပြသမယ်။အဲဒါနဲ့ပတ် သက်တဲ့  နည်းပညာတွေ  ပြသမယ်။  နောက်ပြီးတော့ သူနဲ့ ဆက်စပ်နေတဲ့ ထုတ် ကုန်တွေရယ် လည်သာနဲ့ပတ်သက်တာတွေ၊ ဖက်ရှင် ခေခနျသမငနျ တွေကို ပြသမှာဖြစ်ပါတယ်။ အထည်ချုပ် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကလည်း ကျွန်မတို့အနေနဲ့ ဦးတည် ထားခဲ့တဲ့ ပစ်မှတ် တစ်ခုဖြစ်ပါတယ်။ ဝယ်လက်အသစ်တွေ ရဖို့ အတွက်ကို ဒီလိုပွဲမျိုးတွေမှာ ပြသခြင်းအားဖြင့် မြန်မာပြည်မှာ အထည်ချုပ်နဲ့ ပတ်သက်ပြီး ဒီလိုရှိပါလားဆိုတဲ့ဟာ တစ်ခုကို ပြသ ရမှာဖြစ်ပါတယ်။

ဒီပြပွဲမှာ မြန်မာပြည်က လုပ်ငန်းရှင်တွေအနေနဲ့ ပါဝင်ပြသမယ် ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။
မြန်မာပြည်မှာက အထည်ချုပ်လုပ်သားတွေက လေးသိန်း ခွဲနဲ့ ငါးသိန်းကြားမှာရှိတယ်။ အဲဒီလုပ်သားတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က အမျိုးသမီးတွေလို့ သိရပါတယ်။ နောက်တစ်ခုက အထည်ချုပ်ကဏ္ဍဆိုတာက အားလုံးသိတဲ့အတိုင်း ကမ္ဘာပေါ်မှာ ဈေးသက်သာတဲ့ဘက်ကို သွားကြတာပဲလေ။ ဒါပေမယ့် မြန်မာ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ ရလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ဖို့  လိုအပ်တယ်လို့   မြင်မိပါတယ်။ပဲရစ်မှာလုပ်မယ့်ပြပွဲမှာ မြန်မာအထည်ချုပ် လုပ်ငန်းရှင်တွေ အနေနဲ့  မြန်မာနိုင်ငံ  အထည်ချုပ်လုပ်ငန်းရှင်အသင်းကနေပြီး တော့ သွားရောက်ပြသမယ်ဆိုလို့ရှိရင် ပြောလို့ရတာက ပြည်တွင်း မှာထိုင်ပြီးတော့ ကြည့်နေတာထက်စာရင် ဒီလိုပြပွဲတွေကို သွား ရောက်မယ်ဆိုရင် နိုင်ငံတကာက လုပ်ငန်းရှင်တွေ၊ နိုင်ငံတကာက ဝယ်လက်တွေနဲ့ ချိတ်ဆက်ခွင့်ရမယ်။ အဲဒီပြပွဲတွေမှာက ဥရောပ သမဂ္ဂ၊ အမေရိကန်တို့လို နိုင်ငံတွေက ဝယ်လက်တွေအများဆုံးလာတာဖြစ်တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးရှိမလဲဆိုတော့ အပြင်ကိုထွက်မယ်ဆိုရင်တော့ အများကြီးအကျိုးရှိနိုင်ပါတယ်။  ရှိနေတဲ့ လုပ်သားကို ထိန်းသိမ်းနိုင်ဖို့က ပိုပြီးလိုအပ် ပါတယ်။ ဒါကတော့ တစ်ဦးချင်းကုမ္ပဏီတွေ၊ အထည်ချုပ်လုပ်ငန်း ရှင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။ ကျွန်မတို့အနေနဲ့ ကတော့ ဒီလိုနိုင်ငံတကာပြပွဲတွေမှာ ဝင်ရောက်ပြသခြင်းအားဖြင့် ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေအများ ကြီး ရရှိမယ်လို့ ထင်ပါတယ်။

မြန်မာကုမ္ပဏီတွေအနေနဲ့ ပြပွဲမှာ ဘယ်လောက်အထိ ပါဝင်ဖို့ မျှော်မှန်းထားပါသလဲ။
၂၀၂၃ ခုနှစ် ဇူလိုင်လမှာ မြန်မာပြည်အနေနဲ့ လုပ်ငန်းရှင် လေးဦးအပြင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်အသင်းကနေ ပြီးတော့ သွားရောက်ပြသခဲ့တယ်။ အခုလာမယ့် ၂၀၂၄ ဇူလိုင်လ မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် ချည်မျှင်နှင့် အထည် အလိပ်ပြပွဲမှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်အသင်းအနေ နဲ့ ဆက်လက်ပြီးတော့ ပြသဖို့ရည်ရွယ်ပါတယ်။ 

ပြပွဲကနေတစ်ဆင့် နိုင်ငံတကာ ဝယ်လက်တွေ ဘယ်လောက်ထိ ဆွဲဆောင်နိုင်ဖို့ ရည်မှန်းထားပါသလဲ။
၂၀၂၄ ခုနှစ်ကလည်း ၂၀၂၃ ခုနှစ်ထက် မနည်းဘဲ နိုင်ငံ တကာက ဝယ်လက်တွေ အနည်းဆုံး သုံးသောင်းလောက် ဒီပြပွဲကို လာရောက်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါကြောင့် ဒီပြပွဲဟာ  ပြည်တွင်းက အထည်ချုပ်လုပ်ငန်းရှင်တွေအားလုံးအတွက် အခွင့် အလမ်းတစ်ခုဖြစ်ပါတယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
Messe Frankfurt ဆိုတာက အင်တာနေရှင်နယ် ပလက် ဖောင်းတစ်ခုကို ထောက်ပံ့ပေးတာပါ။ ဒီပြပွဲမှာ အဓိကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေအားလုံး ဝင်ရောက်ပြသမှာ ပါ။ ဒီလိုမျိုးနိုင်ငံတကာပြပွဲတွေကို သွားရောက်ပြသခြင်းအားဖြင့် အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်မှာဖြစ်ပါတယ်။ သွားရောက် မပြသရသေးတဲ့  လုပ်ငန်းရှင်တွေကိုလည်း အားပေးချင်တယ်။ ဒီလိုပြပွဲမျိုးရှိပါတယ်။ သွားရောက်ပြသလို့ရပါတယ်။ ဒီလိုပြပွဲ မျိုးကတော့ တစ်နှစ်တည်းသွားပြီးတော့ အော်ဒါအများကြီးရတာ  မျိုးတော့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ဆက်တိုက်သွားမယ်ဆိုရင် တော့ နိုင်ငံတကာက အထည်ချုပ်လုပ်ငန်းကြီးတွေဆီကနေပြီး တော့ အော်ဒါတွေအများကြီးရရှိလာနိုင်မှာ ဖြစ်ပါတယ်။

 

တိဗ္ဗ