Main menu

Background

အွန်လိုင်းမှာ ရောင်းချတဲ့သူတွေကို မှတ်ပုံတင် မဖြစ်မနေ တင်စေချင်တယ်

Tue, 10/10/2023 - 14:25 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး  ဦးထက်ဝင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအနေဖြင့် အောက်တိုဘာ ၂ ရက်မှစတင်ကာ မှတ်ပုံတင် လျှောက်ထားနိုင်ပြီဖြစ်သည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့်သူများအနေ ဖြင့်လည်း မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင်  ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm  မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထား နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ အွန်လိုင်းတွင် ဈေးရောင်းချလျက်ရှိသည့် လုပ်ငန်းများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရမည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(နေပြည်တော်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချတဲ့လုပ်ငန်းတွေ မှတ်ပုံတင်ရမယ့် စနစ်နဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောပြပေးပါဦး။ 
အွန်လိုင်းစနစ်နဲ့ရောင်းချတဲ့လုပ်ငန်းတွေကတော့ ကိုဗစ် (၁၉) ရောဂါဖြစ်လာတဲ့နောက်ပိုင်းမှာ ဈေးကွက်တန်ဖိုး အရမ်း တက်လာတာတွေ့ရပါတယ်။ အဲနောက်ပိုင်း အွန်လိုင်းဈေးကွက် မှာ ရောင်းကြဝယ်ကြတယ်ပေါ့။ ဈေးကွက်သဘောအရ ရောင်း သူနဲ့ ဝယ်သူနဲ့ အဆင်ပြေရင် ဘာမှမဖြစ်ဘူး။ သို့သော် အဆင် မပြေလာတဲ့အချိန်ကျရင် ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူကာကွယ်ရေး ဥပဒေကို လက်တွေ့ ကိုင်တွယ် ကျင့်သုံးနေပါတယ်။ စားသုံးသူကာကွယ်ရေး ဥပဒေရဲ့ အစိတ်အပိုင်း နှစ်ခုရှိပါတယ်။ တစ်ခုက ဈေးကွက်ထဲမှာ ဖြစ်နေတဲ့  ှေ်နအပ မဖြစ်တဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေနဲ့ပတ် သက်ပြီးတော့ အရေးယူတဲ့အပိုင်းရှိတယ်။ တစ်ဖက်က စားသုံးသူ တွေရဲ့ နစ်နာမှုပေါ့။ ကုန်စည်တစ်ခုကို ဝယ်ယူတဲ့အခါမှာ နစ်နာမှု တွေရှိလာမယ်။ စားသုံးသူတွေ နစ်နာလာမယ်ဆို ဖြေရှင်းရမယ့် အပိုင်းတွေရှိလာပါပြီ။ လက်ရှိ အွန်လိုင်းမှာဖြစ်နေတဲ့ ပြဿနာ နှစ်မျိုးတွေ့ရပါတယ်။ ပထမတစ်မျိုးက စားသုံးသူကို အစက တည်းက ရည်ရွယ်ပစ်မှတ်ထားတဲ့ အပိုင်းပေါ့။ ဥပမာ ငွေတွေ ကြိုလွှဲခိုင်းတယ်။ ပြီးတော့ ဆိုရှယ်အကောင့်တွေ  ပိတ်သွားတဲ့ အပိုင်းရှိတယ်။ နောက်တစ်ပိုင်းကျတော့ သူ့ဟာသူ ပစ္စည်းအမှန် ရောင်းတယ်။ သို့သော်လည်းပဲ ပစ္စည်းကို ပို့လိုက်တဲ့နောက်ပိုင်းမှာ ဘာတွေ   တွေ့လာရလဲဆိုတော့   ပေးထားတဲ့  အချက်အလက်နဲ့ မကိုက်ညီတာ တာဝန်မယူနိုင်တဲ့  အပိုင်းလေးတွေ ရှိလာပါတယ်။ဘာလို့တာဝန်မယူနိုင်တာလဲဆိုတော့ သူထုတ်တဲ့ ပစ္စည်းမဟုတ် လို့ပါ။ ပြည်ပကနေ    တင်သွင်းတဲ့   ဒီကုန်စည်သည် စားသုံးသူ အတွက် အဆင်ပြေနိုင်မလားပေါ့။ ဥပမာ ပြည်ပကနေ သွင်းလာ တဲ့ ပန်ကာသည် အားသွင်းကြိုးနဲ့ သွင်းလို့ရတယ်။ ဒီပန်ကာလေး တွေသည် ကွန်ပျူတာက   ယူအက်ဘီအပေါက်မှာ   သွားသွင်း လို့မရဘူး။  သွင်းလို့ရှိရင် မားသားဘုတ်တွေ  ပျက်စီးသွားမယ်။ ဆိုတော့ ဒီအပေါ်မှာရောင်းတဲ့သူက တာဝန်မခံနိုင်ဘူး။ ဆိုတော့ အွန်လိုင်းမှာကိုက   ကိုယ်တိုင်သည်   ရောင်းသူ၊ ကိုယ်တိုင်သည် စားသုံးသူ ဖြစ်လာတဲ့ အတွက်ကြောင့်မို့ အွန်လိုင်းမှာ မားကတ် စနစ်တွေကို   ထိန်းကျောင်းဖို့  လိုအပ်လာတာ    တွေ့ရတယ်။ တွေ့ရတဲ့အတွက်ကြောင့်မို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကပဲ ကြီးမှူးပြီးတော့ ဇန်နဝါရီ ၃၀ ရက်မှာ ဘယ်လိုမျိုး ထိန်းကျောင်းမလဲဆိုတဲ့   အလုပ်ရုံဆွေးနွေးပွဲ   လုပ်ခဲ့ပါတယ်။အဲအလုပ်ရုံ ဆေးနွေးပွဲမှာတော့ ဒီနေရာမှာ အစိုးရပိုင်းအနေနဲ့ ထိန်းကျောင်းဖို့   လိုလာပြီဆိုပြီးတော့  အရေးကြီး    ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို   ကျောထောက်နောက်ခံ    ပြုပြီးတော့ အွန်လိုင်းစနစ်ရောင်းချတဲ့ လုပ်ငန်းတွေကို အရေးကြီးဝန်ဆောင် မှုဥပဒေလုပ်ငန်းအဖြစ်နဲ့ သတ်မှတ်တယ်။ ဒီမှာမှ မှတ်ပုံတင် လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ခွင့်ရှိတဲ့လုပ်ငန်း အနေနဲ့ သတ်မှတ်တာဖြစ်ပါတယ်။

အွန်လိုင်းရောင်းချသူတွေ မှတ်ပုံတင်ဖို့ ဘာကြောင့် လိုအပ်လာ တာပါလဲ။
အွန်လိုင်းမှာ ပစ္စည်းတွေ  ရောင်းတာရှိပါတယ်။ ဒါတွေ အကုန်လုံးက မှတ်ပုံတင်ရမှာပါ။ မြန်မာနိုင်ငံမှာ ပြင်ပမှာရှိပြီးတော့ မြန်မာနိုင်ငံထဲမှာ ရောင်းတဲ့ဟာ  ဘယ်အရာမဆို လုပ်ရမှာပါ။ ဒါလေးနဲ့ပတ်သက်ပြီးတော့ ပြောချင်တာက ဒီလိုမျိုး မှတ်ပုံတင် စနစ်နဲ့  လုပ်ခိုင်းတာသည် အရေးယူချင်လို့လည်း  မဟုတ်ပါဘူး။အဓိကက   စားသုံးသူနဲ့ လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ကြားထဲမှာ ပေါင်းကူးလုပ်ပေးတာပါ။ ဒါကို ဘယ်အသင်းအဖွဲ့ကမှ မလုပ် နိုင်ဘူး။ အသင်းအဖွဲ့မလုပ်နိုင်တဲ့အလုပ်တွေ  အစိုးရလုပ်နိုင် တယ်။ အစိုးရကလည်း အာမခံပေးတာမဟုတ်ဘူး။ သူရောင်းတဲ့ ပစ္စည်းသည် အာမခံချက်ရှိလား မရှိလားဆိုတာ အာမခံပေးတာ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်က အရေးယူတဲ့အပိုင်းကကျတော့ ပြည်တွင်းမှာ သက်ရောက်မှုတွေကိုပဲ လုပ်ဆောင်သွားပါမယ်။ တကယ်လို့များ မြန်မာပြည်က  စားသုံးသူတွေကို    ဦးတည်ပြီး ရောင်းတယ်ဆိုရင် ဒါကကျတော့ တင်ဆိုရင်လည်း တင်ခွင့်ပြု တယ်။ ဖြစ်နေတာက ဘာလဲဆိုတော့ အွန်လိုင်းမှတ်ပုံတင်ကို စားသုံးသူနဲ့ တိုက်ရိုက်လုပ်တာမြန်မာပြည်တစ်ခုပဲရှိတယ်။ အခြား မှာလည်း မရှိဘူးတော့ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ အွန်လိုင်းမှာ ရောင်းချတာတွေကို အခွန်ကောက်တယ်။ ကျွန်တော်တို့က ဒီအွန် လိုင်းမှာ ရောင်းချတာတွေကို အခွန်ကောက်ချင်တာ မဟုတ်ဘူး။ စားသုံးသူတွေကို ကာကွယ်ပေးချင်တာ ဖြစ်ပါတယ်။

စားသုံးသူတွေကို ဘယ်လိုအကြံပြုချက်တွေ ပေးချင်ပါသလဲ။
စားသုံးသူရယ်လို့  မဟုတ်ဘူး။ အွန်လိုင်းစီးပွားရေးလုပ် တဲ့သူတွေဘက်ကရော ဒီစနစ်ကြီးနဲ့ ပတ်သက်ပြီး မှတ်ပုံတင်တဲ့ ကာလတစ်ခုမှာ အခွန်ကင်းလွတ်ခွင့်ပေးထားပေးတယ်။  အွန် လိုင်းခပဲကောက်တယ်။ ဒါကလည်း လူတိုင်းတတ်နိုင်တဲ့  အနေ အထားပါ။ ဒီအချိန် အွန်လိုင်းမှာ ရောင်းချတဲ့သူတွေကို မှတ်ပုံ ဖြစ်မနေတင်စေချင်တယ်။  ဘာလို့လဲဆိုတော့    တကယ်တမ်း စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အသက်က စားသုံးသူရဲ့ ယုံကြည်မှုပဲ။စားသုံးသူရဲ့ ယုံကြည်မှုက အရေးကြီးတဲ့အတွက်ကြောင့် ဒီအ ချိန် မှာ ယုံကြည်မှုတစ်ခုကို ရအောင်ယူစေချင်တယ်။  စားသုံးသူတွေ ဘက်ကလည်း ဘာတွေသတိထားရမလဲဆိုတော့ မှတ်ပုံတင်ထား တဲ့အခြေအနေအပေါ် မူတည်ပြီးတော့မှ ဝယ်ယူအားပေးခြင်း အားဖြင့် လည်း ဒီ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာမယ်။ကိုယ့်အတွက်လည်း နစ်နာမှုတွေရှိလာလို့ရှိရင် အတိုင်းအတာ တစ်ခုထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ့် စနစ်ဖြစ်တဲ့အတွက် ကြောင့်မို့ နှစ်ဦးနှစ်ဖက်စလုံးက သတိပြုစေချင်ပါတယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
စားသုံးသူနဲ့   ရောင်းချသူကြားမှာ ပြဿနာလေးတွေ လျော့ကျချင်တဲ့အတွက် ရည်ရွယ်ပြီးတော့လုပ်တာ ဖြစ်ပါတယ်။စားသုံးသူတွေ နစ်နာမှုများတယ်ဆိုရင်တော့ အရေးယူမှာပါ။ ဝန်ကြီးဌာနကလည်း လိုအပ်လို့ရှိရင် အခြားဌာနတွေနဲ့ ညှိနှိုင်း ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားပါမယ်။ ဥပမာ ရောင်းတဲ့ ကုန်စည်က ဘယ်ဌာနက ကိုင်တွယ်သလဲပေါ်  မူတည်ပြီးတော့ ဆက်သွယ်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

တိဗ္ဗ