Main menu

Background

စီးပွားရေးနဲ့ ပတ်သက်တာတွေ သင်ကြားခွင့်ရခဲ့တာကြောင့် တစ်ဆစ်ချိုး ပြောင်းလဲခဲ့ပါတယ်။

Mon, 02/05/2024 - 11:48 -- journal_editor

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများ အများဆုံး ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စား လုပ်ငန်းများ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများထူထောင်ထားပြီး ပြည်တွင်းဈေးကွက်ထဲတွင် ကြက်သွန်ကြော်၊ သီဟိုဠ်၊ စပျစ်အပြင် စားသုံးဆီနှင့် စားသောက်ကုန်များ ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် Wynn Mandalay ကုမ္ပဏီ  Founder ဒေါက်တာသင်ဇာနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြ လိုက်ရပါသည်။

 

မိရိုးဖလာ ထုတ်လုပ်နေတဲ့ အသေးစား၊ အလတ်စား ထုတ်ကုန် တွေအကြောင်း ပြောပြပေးပါဦး။
ထုတ်ကုန်တွေအနေနဲ့ကတော့ မန္တလေးမြို့မှာ ကြက်သွန် ဖြူ၊ ကြက်သွန်ကြော်၊ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊  လက်ဖက် စတာတွေကို မိရိုးဖလာ လုပ်ငန်းတွေအဖြစ် လုပ်ကိုင်လျက်ရှိပါ တယ်။ အရင် ၂၀၁၉ ခုနှစ်တုန်းကတော့ ဥညန ှအသစ ြမေု တို့မှာ ပို့တယ်ပေါ့။ အဓိကလုပ်ငန်းကတော့ ကြက်သွန်ကြော် လုပ်ငန်းပါ။ကြက်သွန်ကြော်ကတော့ ရန်ကုန်မြို့ နောက်ပြီး အထက်မြန်မာ ပြည်၊ အောက်မြန်မာပြည် ဖြန့်တာပေါ့။ ကြက်သွန်ကြော်ကတော့ အမျိုးအစား   လေးငါးမျိုးလောက်ရှိပါတယ်။  နောက် စပျစ်နဲ့ သီဟိုဠ်လည်း ဖြန့်ပါတယ်။ ဒီလုပ်ငန်းတွေက ဟိုတုန်းကတည်းက လုပ်ခဲ့တဲ့   မိရိုးဖလာလုပ်ငန်းတွေပါ။ ကျွန်မတို့က မိရိုးဖလာ တောင်သူတွေလည်း ဖြစ်ပါတယ်။

ကုန်ကြမ်းတွေကို ဘယ်ဒေသတွေက အဓိက ရရှိပါသလဲ။
ကြက်သွန်နီတို့ ဘာတို့က ကျွန်မတို့က နယ်ကဖြစ်တဲ့အခါ ကျတော့ ကုန်ကြမ်းကို ကိုယ်တိုင်စိုက်ပျိုးတာများပါတယ်။အခု ဆိုရင် ကုန်ကြမ်းကိုကျတော့ မုံရွာတို့၊ မြင်းခြံတို့ အထက်မြန်မာ ပြည်ဘက်က မကွေးတို့ပေါ့။ ကိုယ်တိုင်စိုက်တာတွေလည်းရှိသလို ထပ်ဆင့်ဝယ်ယူတာတွေလည်းရှိပါတယ်။ စိုက်ခင်းတွေအနေနဲ့ လည်း မန္တလေးမှာဆို ဧက ၄၀ဝ ကျော်ရှိတယ်။ အဲဒီဧကတွေက ထွက်တဲ့ ကုန်ကြမ်း တွေကိုလည်း သုံးစွဲပါတယ်။ နောက် စပျစ်တို့ ဘာတို့ကျတော့လည်း မုံရွာ၊ တမူး အဲဘက်က ပြန်ပြီးတော့ ယူတာ တွေရှိ တယ်။ တချို့ စပျစ်တွေကျတော့လည်း ထားဝယ်ဘက်က မှာတယ်။ စပျစ်က အိန္ဒိယက အများဆုံးမှာယူပြီးတော့ သီဟိုဠ် ကျတော့ တနင်္သာရီတိုင်းဒေသကြီးဘက်က ပြန်ယူတာပေါ့။

ဂျပန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ရတဲ့ ရည်ရွယ်ချက် လေး သိပါရစေ။
ဘာလဲဆိုတော့ ကျွန်မအနေနဲ့က အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကို သတင်းကောင်းပေးချင်တာက မြန်မာနိုင်ငံက ထုတ်ကုန်တွေ ပြည်ပပို့ချင်တယ်ဆိုရင် ကျွန်မတို့က ဝန်ဆောင်မှု ပေးနေပြီပေါ့။ အဲဒီဝန်ဆောင်မှုက  မိမိတို့   ထုတ်ကုန်တွေကို ခြောက်လခံအနေနဲ့ ွှနျအ ယူမှာလား။ တစ်နှစ်ခံအနေနဲ့ ွှနျအ ယူမှာ လား။ အဲဒီအခါကျတော့ ကျွန်မတို့က သေသေချာချာ ပြောင်းလဲမှု ရဲ့  အချိန်ဇယားအတိုင်း တရားဝင်ကုမ္ပဏီအနေနဲ့ လုပ်ငန်းစပြီး လုပ်ကိုင်နေပြီ ဖြစ်တာကြောင့်  ှနြ လုပ်ငန်းရှင်တွေ အတွက် ဝမ်းသာစရာ သတင်းကောင်းလို့ယူဆတယ်။ ဂျပန်နိုင်ငံရဲ့ ငီ်္ဗ လက်မှတ်ကို ရသွားပြီဆိုရင် သူတို့လည်း ကမ္ဘာ့နိုင်ငံ အနှံ့ကို ပို့လို့ ရတာပေါ့။

ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုလုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါလဲ။
အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာတော့ အစစ အရာရာ ပံ့ပိုးမှုက လိုအပ်နေပါတယ်။ အခုဆိုရင် ကျွန်မတို့အနေနဲ့ ပျားရည်ကိုလည်း ဂျပန်နိုင်ငံက ပြန်ဝယ်ပေးမယ်။ ပျားရည်နဲ့ ထုတ်တဲ့ ထုတ်ကုန်တွေ၊ ငှက်သိုက်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ ကိုတော့ ကျွန်မတို့ ဥရောပကိုပို့ဖို့လုပ်ထားတယ်။ မြန်မာဘက်ကို တော့ ပြန်ပြီးတော့ ဃသျာနအငခ တစ်ခု၊ မြညေိ တစ်ခုအနေနဲ့တော့ မသွားဘူးပေါ့။  အဲလိုလုပ်ထားတယ်။ ထိုင်းနိုင်ငံမှာကျတော့ ချင်းမိုင်မှာက ဗန်ကောက်ထက်စာရင် မြေနေရာပေါတာရယ်။ မြေနေရာ ကျယ်တာရယ်။  လုပ်အားနဲ့ ကုန်ချောပြန်ထုတ်ဖို့တွေက ကျတော့ အဆင်ပြေတယ်။ ကျွန်မတို့ ကုန်ကြမ်းသယ်ပြီးတော့ ဂျပန်ဘက်ကို ကုန်ချောပြန်ထုတ်ပါမယ်။

ကိုဗစ်ကာလတစ်လျှောက်  စီးပွားရေးလုပ်ငန်း တော်တော်များ များ အထိနာခဲ့တာဆိုတော့ ဘယ်လိုကျော်ဖြတ်လုပ်ဆောင်ခဲ့ရ ပါသလဲ။
ကိုဗစ်ကာလရော ကိုဗစ်နောက်ပိုင်းမှာရော ဆုတ်ယုတ် သွားကြတယ်ပြောတယ်။ ကျွန်မအနေနဲ့ကတော့ တိုးတက်လာ တယ်လို့ပြောလို့ရတယ်။ ကိုဗစ်ဖြစ်လို့ သူများတွေ စိတ်ထိခိုက် တယ်။ ကျွန်မတို့လည်း လုပ်ငန်းတွေရပ်တန့်သွားတာပဲ ။ခြံတွေဆို လည်း ရပ်တန့်လိုက်ရတယ်။ သရက်ခြံတွေ အများကြီး ပိတ်လိုက်ရ တယ်။ ဒါပေမဲ့ အဲဒါတွေ ခေါင်းထဲ မထည့်တော့ဘူး ။ ဘယ်က နေစပြီး ကြိုးစားမလဲ။ ပြီးခဲ့တာတွေ မစဉ်းစားတော့ဘဲနဲ့ ရှေ့ကို ဘယ်လိုသွားမလဲ။  ဘယ်လိုလျှောက်မလဲ။ အောင်မြင်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားတယ်။ စာတွေ ဖတ်ဖြစ်တယ်။ ကျြငညနျ ြညေေါနာနညအ နဲ့ပတ်သက်လို့ သင်ယူတယ်။ စီးပွားရေးနဲ့ ပတ် သက်တာတွေ သင်ကြားခွင့်ရခဲ့တာကြောင့် တစ်ဆစ်ချိုး ပြောင်းလဲ ခဲ့ပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
တချို့နိုင်ငံတွေမှာ ဒီလိုလုပ်ငန်းတွေလုပ်ရင် သူတို့နိုင်ငံ အစိုးရက ပံ့ပိုးမှုတွေပေးတယ်။  အမှန်တကယ်ဆိုရင် ကျွန်မတို့လို အသေးစား၊  အလတ်စား လုပ်ငန်းရှင်တွေ တကယ်ထိုးဖောက် နေတဲ့ လူတွေကို ပံ့ပိုးပေးစေချင်တယ်။ ကျွန်မတို့က အလုပ်သမား အေဂျင်စီလည်းဖြစ်တဲ့အခါကျတော့ ကျွန်မကုမ္ပဏီကသွားတဲ့ လူတိုင်းက အလုပ်သမားဝန်ကြီးဌာနကို တရားဝင် အခွန်ဆောင် တယ်။ ကျွန်မကိုယ်တိုင်ရော အလုပ်သမားတွေကရော အခွန် ဆောင်ပြီ။ ဒါက တစ်ခုပဲရှိသေးတယ်။ အဲဒီအချိန်မှာ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းကို  စလုပ်ပြီဆိုရင် နိုင်ငံတော်အခွန်ကို ဆောင် ပြီးသားဖြစ်ပြီ။ ကမ္ဘာအရပ်ရပ်ကို  ထုတ်ကုန်တွေပို့ပြီဆိုရင် မြန်မာ နိုင်ငံက အခွန်တွေ အများကြီးရပြီ။ နောက်တစ်ခုက ြှနြ အုပ်စုတွေက ွှနျအ တွေလာစစ်မယ်။  ဂျပန်နိုင်ငံရဲ့  ွှနျအ တွေလို ချင်တယ်ဆိုရင်လည်း ကျွန်မအနေနဲ့ အခွန်ဆောင်ပြီးသား ဖြစ် တာပေါ့။ နည်းလမ်းပြခဲ့တာပေါ့။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ တရားဝင်အခွန်တွေ ဆောင်တယ်။ တိတိကျကျ လုပ်တယ်ဆိုတာ ကို ကိုယ့်အသက်အပိုင်းအခြားနဲ့ ချပြခဲ့ချင်တာပါ။ အခုအချိန်မှာ ပံ့ပိုးမှုအားနည်းသေးတဲ့အတွက် လုပ်ချင်သလောက်တော့ မပေါက် ရောက်သေးဘူး။ မအောင်မြင်သေးဘူး။ အဆက်အသွယ်တွေ နည်းလမ်းကောင်းတွေတော့ရှိနေပြီဆိုတော့ ကြိုးစားနေဆဲပါလို့ ပြောလိုပါတယ်။

တိဗ္ဗ