Main menu

Background

ကားဝါလေးနဲ့ဆိုတော့ စဖွင့်တဲ့အချိန်တုန်းကဆို ကော်ဖီဆိုင်မှန်း လူသိပ်မသိခဲ့ဘူး

Tue, 11/05/2024 - 11:18 -- journal_editor

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်နှင့် အခြားဒေသများတွင် တစ်နိုင်တစ်ပိုင်စီးပွားရေး ပုံစံမျိုးဖြင့် စတင်ခဲ့သည့် ကားဝါလေးJak Coffeeသည် နာမည်ရ လာခဲ့သည်။ ကိုဗစ်(၁၉) ပထမလှိုင်းနှင့် ဒုတိယလှိုင်းကြားတွင် စတင်တည်ထောင်၍ လုပ်ကိုင်ခဲ့သည့် ကားဝါလေးJak Coffeeသည် ယာဂီမုန်တိုင်းနှင့်အတူ ရေကြီးမှုဒဏ်နှင့် ကြုံတွေ့ခဲ့ရသေးသည်။ သို့ဖြစ်ရာ ကားဝါလေးJak Coffee စတင်တည်ထောင်ခဲ့ပုံဖြစ်နှင့် ရေကြီးမှုအပြီး ပြန်လည်ထူထောင်ကာလုပ်ကိုင်လျက်ရှိသည့်  ကားဝါလေး Jak Coffee တည်ထောင်သူ ဒေါ်သုနန္ဒာဝင်းလှိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

 

ကားဝါလေး Jak Coffee ကော်ဖီဆိုင်ကို ဘယ်အချိန်က စတင်ဖွင့် လှစ်ဖြစ်ခဲ့တာပါလဲ။ 
ဒီဆိုင်လေးကို ၂၀၁၉ ကိုဗစ် ပထမလှိုင်းနဲ့ဒုတိယလှိုင်း ကြားထဲ မှာJak Coffee ကော်ဖီလေးစဖွင့်ဖြစ်တာပါ။ ကျွန်မတို့က အရင်Jeep Around Kalaw  ကလောဆိုပြီး ခရီးသွားကုမ္ပဏီ ဖွင့်ထား တာပါ။ အဲဒီအချိန် ကိုဗစ်(၁၉) ပထမလှိုင်းမှာ ခရီးသွားကုမ္ပဏီတွေ အကုန်လုံး ပိတ်လိုက်ရတယ်။ ကျွန်မတို့က လုပ်ငန်းလုပ်တဲ့သူဆို တော့ လုပ်ငန်းလုပ်ဖို့ပဲစဉ်းစားတယ်။ ဆိုတော့ ကိုယ့်မှာရှိတဲ့ ကား လေးတွေနဲ့ ဘာလုပ်ရမလဲ ဆိုတာစဉ်းစားတယ်။ စဉ်းစားပြီးတော့ တစ်ဦးတစ်ယောက်ရဲ့  အကူအညီကိုယူ ငွေချေးပြီး စပြီးတော့Jak Coffee  ဆိုပြီးတော့ စတင်ဖွင့်လှစ်ခဲ့တယ်။ ကားဝါလေး နဲ့ဆိုတော့ စဖွင့်တဲ့အချိန်တုန်းကဆို ကော်ဖီဆိုင်မှန်း လူသိပ်မသိ ခဲ့ဘူး။ စဖွင့်တဲ့နေ့တွေမှာ ဆိုင်ဈေးဦးတောင်မပေါက်ဘူး။ လာပြီး မေးတဲ့သူတွေတော့ရှိတယ်။ မေးတာက ကွမ်းယာဆိုင်လားဆိုပြီး စပြီး အမေးခံရတယ်။ အဲအချိန်မှာ  စိတ်ဓာတ်က အောက်ဆုံးထိ ကျသွားတယ်။ ဒါပေမဲ့ စဉ်းစားတာက ဈေးကွက်ကို ဘယ်လိုပုံစံ မျိုးနဲ့ ထိုးဖောက်မလဲပေါ့နော်။ အဲဒီကာလမှာ ဈေးကွက်ထိုးဖောက် ဖို့ကလည်း မလွယ်ဘူးလေ။ ဒါပေမဲ့ အရှုံးတော့မပေးချင်သေး ဘူး။ အဲဒါနဲ့ ကလော နာရီစင်နားမှာ ရောင်းခဲ့တယ်။ အဲလိုနဲ့ ဈေး ကွက်ကို တဖြည်းဖြည်း ထိုးဖောက်လာခဲ့တာပါ။ နောက် လူစည် ကားရာနေရာတွေ၊ ခရီးသွားတွေအဆင်ပြေတဲ့ နေရာမျိုးတွေမှာ လွယ်လွယ်ကူကူ ဝယ်သောက်နိုင်အောင်လို့ အခုလို Mobile Shop  လေး စတင်ဖွင့်လှစ်ရောင်းချခဲ့တာပါ။
ကားဝါလေး Jak Coffee ကော်ဖီ ကို ဖွင့်ဖြစ်တယ်ဆိုတဲ့နေရာ မှာလည်း ပထမတော့စိတ်ကူးမရှိဘူး။ ခရီးသွားကုမ္ပဏီလေး ဖွင့် ထားတော့ ဒီကားတွေနဲ့ တောင်တက်ခရီးတွေသွားတယ်။ ကားက အဝါရောင်၊ ကားကလည်း ရှေးဟောင်းကားပုံစံမျိုးဆိုတော့ လူ စိတ်ဝင်စားမူပိုခံရမယ်လို့ ထင်တာနဲ့ လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စတဲ့နေရာတွေမှာ ဖွင့်လှစ်ခဲ့တာပါ။  ခရီးသွားတွေ အနေနဲ့လည်း Jak Coffee ကော်ဖီဆိုင်လေးနဲ့ အလှဓာတ်ပုံလေး တွေ ရိုက်တာတွေရှိပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း ကျွန်မတို့ဘက် က Free ရိုက်ခွင့် ပေးထားပါတယ်။

ကော်ဖီအရည်အသွေးနဲ့ပတ်သက်ပြီး ဖန်တီးဖြစ်ပုံလေး ပြော ကြားပေးပါဦး။
Jak Coffee ကော်ဖီအရသာ ဖြစ်အောင် ဖန်တီးတာက စစချင်း  တော့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့က ကော်ဖီ အသိုင်းအဝန်းက ကလာတဲ့သူမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လျှာဖျားက အရသာ၊ လူအများက ကြိုက်နှစ်သက်မယ့်အရသာကို အရင် စမ်း သပ်ရပါတယ်။ စမ်းသပ်ပြီးတော့မှ နားလည်တတ်ကျွမ်းတဲ့ ဆရာ တွေနဲ့တိုင်ပင်တယ်။ တိုင်ပင်ပြီး ကိုယ်လိုချင်တဲ့ အရသာရပြီဆို တော့မှ  ဆိုင်အားလုံးမှာ  ကိုယ်လိုချင်တဲ့ ပစ္စည်း၊  ကိုယ်သုံးတဲ့ ပမာဏဆိုပြီးတော့ ရောင်းပါတယ်။အဓိကတော့ ကားအဝါလေးနဲ့  ကော်ဖီဆိုင်ဆိုပြီးJak Coffee  ကော်ဖီ ကိုအဓိကရောင်းပါတယ်။ နောက်တော့မှ အမေရိကာနို၊ လက်တေးလ်အပြင် အခြား ကော်ဖီ တွေ ဖျော်ရည်မျိုးစုံလည်း ရောင်းပါတယ်။

Jak Coffee  ကော်ဖီနဲ့ပတ်သက်ပြီး ဝယ်သူတွေဘက်က ဘယ်လိုမျိုး အကြုံပြုတာမျိုးတွေ ရှိပါသလဲ။
ဝယ်သူတွေဘက်ကတော့ ဘယ်လိုလေးတော့ လိုအပ်နေသေး တယ်ဆိုရင်တော့ ကျွန်မတို့အနေနဲ့ ပြင်ပေးပါတယ်။ ဒါပေမယ့် အဲဒီလို ပြောလာတဲ့ သူတွေကရှားတယ်။ ဝန်ထမ်းမတူတဲ့အခါမှာ လက်ရာ ကွဲသွားတာတော့ရှိတယ်။  အဲလိုအနေအထားကြရင် လည်း အကောင်းဆုံးပြင်ဆင်ပေးပါတယ်။ သုံးစွဲသူတွေကတော့ အဓိက ကားဝါလေးကိုမြင်ရင် ေုဲ ဃသ်နန ကော်ဖီကိုပဲ အားပေး ကြပါတယ်။ 

ရေဘေးကြောင့် ကားဝါလေးJak Coffee ဆိုင်အနေနဲ့ ပျက်စီးဆုံး ရှုံးမှု ဘယ်လောက်ထိ ကြုံတွေ့ခဲ့ရပါသလဲ။
ကလောမှာ ရေကြီးတော့ ကျွန်မတို့Jak Coffee  ကော်ဖီအနေနဲ့ အခက်အခဲတော်တော်လေး ကြုံခဲ့ရတယ်။ အိမ်က ခေါင်မိုးအထိ မြုပ်သွားတယ်။ ကော်ဖီဆိုင်တွေအားလုံးနဲ့ ကျွန်မတို့က ပါတနာ တွေရှိတယ်။ ပါတနာတွေအတွက် ပစ္စည်းတွေ ပြန်ပြီးဖြန့်ဝေပေး ဖို့အတွက်ကို ကျွန်မတို့က ကုန်ကြမ်းတွေကို ကုန်ချောပြန်လုပ်ရ တယ်။ အဲလိုနဲ့ ရေမြုပ်တဲ့အထဲပါသွားတော့ ပစ္စည်းတွေပျက်စီးဆုံး ရှုံးတာတွေ တော်တော်များတယ်။ နောက်ကော်ဖီလှော်တဲ့ စက် တွေ၊ ကော်ဖီကြိတ်စက်တွေ အကုန်ရေထဲပါသွားတယ်။ ပြန်ပြီးဖွင့် လှစ်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ 

နောက်ပြီး ကိုယ်တိုင်ရေဘေးဒဏ်သင့်တဲ့အထဲမှာ ပါသလို ရေ ဘေးပါဝင်လှူဒါန်းမူတွေမှာလည်း  ပါဝင်ခဲ့တယ်လို့ သိရပါတယ်။  
လှူတဲ့အထဲမှာပါဝင်လှူဒါန်းတာက ကိုယ်တွေလည်း ရေကြီးတဲ့ အထဲမှာပါတယ်။ ဒါပေမဲ့  ကလောမှာက ကိုယ့်ထက်အခြေအနေ ဆိုးတဲ့သူတွေ   အများကြီးရှိတယ်လေ။  နောက်လှူဒါန်းမှုတွေ မရောက်နိုင်သေးတဲ့ ကလောမြို့နဲ့ ဝေးတဲ့ရွာတွေက တစ်ရွာလုံး မြုပ်သွားတဲ့ နေရာတွေလည်းရှိတော့ ကိုယ့်အနေနဲ့ တတ်နိုင်တာ လေးတွေကို နိုင်သလောက်လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေး နဲ့ လုပ်ပေးဖြစ်တာပါ။

လက်ရှိမှာရောfranchise ပုံစံမျိုး ပေးထားတာလေး ရှိပါသလား။
ပါတနာအနေနဲ့တော့   ပေးထားတာရှိတယ်။ လက်ရှိလည်းfranchise ပေးထားတာ မန္တလေးနဲ့ နေပြည်တော်ရှိပါတယ်။ ဖွင့် လှစ်တဲ့အပေါ်မှာ ၅ ရာခိုင်နှုန်းပေးရမယ်လို့ သတ်မှတ်ထားတာ ရှိတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာ ပြန်ပြင်ဆင်ဖို့ရှိတယ်။ ရန်ကုန်မှာလည်းfranchise ဖွင့်ထားပါတယ်။ မန္တလေးမှာလည်း ဒီအတိုင်းပဲ စဖွင့်ဖွင့်ချင်းမှာ ၅၀ ရာခိုင်နှုန်း ဖွင့်တယ်။ နောက်ပိုင်း မှာတော့ ၁၀ဝရာခိုင်နှုန်း အပြည့်ဖွင့်မယ်ဆိုတော့ ဖွင့်ခွင့်ပေးလိုက် ပါတယ်။

ဒါဆိုရင်Jak Coffee အနေနဲ့က မူပိုင်ခွင့်ရှိပြီးသားပေါ့။
Jak Coffee ကော်ဖီက ကားဝါလေးနဲ့ ကော်ဖီဆိုပြီးတော့ မူပိုင်ခွင့် ရှိပြီးသားပါ။  FDA လည်း ရရှိထားပြီးသားဖြစ်ပါတယ်။ တရားဝင် ဖွင့်ခွင့်ရရှိထားတာ   ဖြစ်တဲ့အတွက် ကားဝါလေးJak Coffee  ကော်ဖီဆိုင်ကို ဆင်တူရိုးမှား ပြုလုပ်ခွင့်မရှိပါဘူး။ ဆင်တူယိုးမှား ပြုလုပ်ထားတာတွေ့တာနဲ့ ကျွန်မတို့အနေနဲ့ တရားစွဲဆိုသွားမှာ ပါ။ ဥပမာ ပါတနာလိုချင်ရင် ကားက ကျပ်သိန်း ၂၇၀ နဲ့စတင်တယ် ဆိုပေမယ့် ကျွန်မတို့နဲ့လာပြီး ၅၀ ရာခိုင်နှုန်းပဲပါမယ်။ ပြီးရင် ကျွန်မ တို့ဘက်က ၅၀ ရာခိုင်နှုန်း  စိုက်ပြီးတော့ ပထမဦးဆုံး  ီDown Payment ကို ၄၀ ရာခိုင်နှုန်းပေးရင်Jack Coffeeကော်ဖီနဲ့အတူ လုပ်ကိုင်ခွင့်ရှိပါတယ်။ လုပ်ကိုင်ရင်းနဲ့ ပေးသွားရမှာပါ။ franchise  ယူတဲ့သူတွေကတော့ ကျပ်သိန်း ၈၀ အရင်သွင်းရပါတယ်။ ကျန် တာတော့ အစ်မတို့သွားတဲ့ မူအတိုင်း သွားရမှာဖြစ်ပါတယ်။ဆိုင် ဖွင့်ချင်တဲ့ သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။

ဖြည့်စွက်ပြောကြားချင်တာရှိပါသလား။
ကားဝါလေးနဲ့ ကော်ဖီဆိုင်ဖွင့်ချင်တဲ့ သူတွေဆိုရင် Facebook မှာ တင်ထားတဲ့ဖုန်းနံပါတ်ကို ဆက်ပြီးတော့ အစ်မတို့ ကော်ဖီဆိုင် လေးကို ပါတနာအနေနဲ့ ဖိတ်ခေါ်ပါတယ်။ နောက်franchise အနေနဲ့လည်းပေးပါတယ်။franchise  လုပ်ရင်လည်း ငွေကိုတစ်ခါ တည်း ပေးစရာမလိုပါဘူး။ တခြားနေရာfranchise ဖွင့်ချင်ရင် လည်း ဖွင့်လို့ရပါတယ်။ နောင် စိတ်ကူးကောင်းကောင်းနဲ့ခြံတွေ၊ ဝင်းတွေထဲမှာလည်း အေးအေးဆေးဆေး ကော်ဖီBar ပုံစံကိုJak Coffee  ကော်ဖီအနေနဲ့ လုပ်ပေးဖို့လည်း စိတ်ကူးထားပါတယ်။Jak Coffee ကော်ဖီကို အခုလိုအားပေးနေတဲ့အတွက် ကျေးဇူးတင် ပါတယ်။ အိုင်ဒီယာအသစ်တွေနဲ့ ဈေးကွက်ထဲကို ထပ်မံချပြပေး သွားဖို့လည်း ရှိပါတယ်။

 

တိဗ္ဗ