Main menu

Background

''သင်္ဘောသားတွေကို ပြောချင်တာက ကိုယ့်ဆီ ပိုက်ဆံရောက်လာပြီဆိုလို့ရှိရင် ၂၁ ရက်အတွင်း ကိုယ်ကြိုက်တဲ့ဈေးနဲ့ မြန်မြန်ရောင်းပါ''

Wed, 10/12/2022 - 15:04 -- journal_editor

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်နှင့်တွေ့ဆုံမေးမြန်းခြင်းပြည်တွင်းတွင် ပင်လယ်ကူးသင်္ဘောသား ခုနစ်သောင်းဝန်းကျင်ခန့်ရှိပြီး ယင်းထဲမှသင်္ဘောသားသုံးသောင်း ဝန်း ကျင်ခန့် ပြည်ပသင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်နေကာ အနည်းဆုံး လစဉ် ဒေါ်လာ သန်း ၃၀ ထက်မနည်း ပြည်တွင်းသို့ စီးဝင်လျက်ရှိသည်။ လတ်တလောတွင် သင်္ဘောသားများ၊ မိသားစုများအနေဖြင့် နိုင်ငံခြား လစာငွေ လက်ခံ ရယူရာတွင် နိုင်ငံခြားငွေကြေး  ပေါ်လစီအသစ်များအကြား ဝိဝါဒ ကွဲပြားမှုများရှိနေပါသလား၊ သင်္ဘောသားနှင့် မိသားစုများ၏ ပြဿနာအခက်အခဲများအား မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ဖြေရှင်း ပေးခဲ့ရသည့် အမှုပေါင်း ဘယ် လောက်ထိရှိနေပါပြီလဲ၊ ယင်းအပြင် သင်္ဘောသားများထားရှိရမည့် အာမခံစနစ်အကြောင်းများနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံပင်လယ်ကူး  သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်    (Myanmar Seafarers Federation) ဉက္ကဌ ကပ္ပတိန် စိုးမင်းအောင်နှင့် တွေ့ဆုံံမေးမြန်းထားသည်များအား ဖော်ပြလိုက်ရပါသည်။ငွေစုဘဏ်မှာရှိတဲ့ သင်္ဘောသားလစာငွေရောင်း တဲ့အခါ ဗဟိုဘဏ်ကလိုက်နာဖို့ ထုတ်ပြန်ထား တာရှိတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြပေးပါလား။
ကျွန်တော်နားလည်သလောက်က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကနေပြီးတော့ နိုင်ငံခြား ကနေ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားငွေ ဝင် လာတယ်ပေါ့။ အမေရိကန်ဒေါ်လာတစ်သောင်း နိုင်ငံခြားကနေ ပို့လိုက်တယ်၊ ဗဟိုဘဏ်က ပြော ထားတာက အဲဒီ ဒေါ်လာတစ်သောင်း ရောက် လာတဲ့အချိန်ကစပြီးတော့မှ ၂၁ ရက်အတွင်းမှာ သူ့အနေနဲ့ ကြိုက်တဲ့ဈေး၊ ဈေးကွက်မှာပေါက်နေ တဲ့ဈေး အဲဒါ  ဘယ်သူ့ကိုရောင်းရောင်းပေါ့၊ ဘဏ်ကိုပဲရောင်းရောင်းဘဏ်ပြင်ပကသူကို ပဲ ရောင်းရောင်း ၂၁ ရက်အတွင်းရောင်းပေါ့၊ ၂၁ ရက်အတွင်းမှာမှ သူကြိုက်တဲ့ဈေးနဲ့ မရောင်းလို့ ၂၁ ရက်ကျော်သွားရင်တော့ ၂၁၀ဝ ဆိုတဲ့ နိုင်ငံ တော်က သတ်မှတ်ထားတဲ့နှုန်းနဲ့ လဲပေးလိုက် မှာ။ အဲမတိုင်ခင်မှာ ရောင်းပေါ့။ ရောင်း ဆို တဲ့ နေရာမှာ နှစ်ပိုင်းရှိတယ်၊ ဥပမာ ဦးကကြီးက နိုင်ငံခြားကနေ ဒေါ်လာတစ်သောင်း ရလိုက် တယ်။ သူကနေပြီးတော့ ၂၁ ရက် မပြည့်ခင်မှာ ဦးခခွေးကိုရောင်းလိုက်တယ်၊ ဦးခခွေးက ကုန် သည်ဆိုလို့ရှိရင် ဒီပိုက်ဆံကို သူကပြည် တွင်းကို သွင်းကုန်လုပ်ဖို့အတွက်   ဝယ်သွားမယ်ပေါ့။ ဒါပေမဲ့ ဦးခခွေးက ဦးကကြီးဆီက ဝယ်ဖို့အတွက် ကို သူက ဘာအကြောင်းကြောင့် ဝယ်လဲဆိုတာ အကြောင်းပြချက်ပေးရမယ်။ ဒါက နိုင်ငံတော် ဗဟိုဘဏ်က  ပြောထားတဲ့ ကိစ္စ ဆိုတဲ့အခါကျ တော့ သင်္ဘောသားတွေ  ကို ပြောချင်တာကကိုယ့်ဆီပိုက်ဆံရောက်လာပြီဆိုလို့ရှိရင် ၂၁ ရက် အတွင်း ကိုယ်ကြိုက်တဲ့ဈေးနဲ့ မြန်မြန်ရောင်းပါ၊ မရောင်းလို့ ၂၁ ရက် ကျော်သွားပြီဆိုလို့ရှိရင် တော့ ၂၁၀ဝ နဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ ရောင်းရမယ့် အခြေအနေ ဖြစ်သွား မှာပေါ့။ အခုတော့ ဧရာဝတီဘဏ်နဲ့ ယူအေဘီ ဘဏ်က လာပြောထားတာကတော့ သူတို့ဆီမှာ ရှိနေတဲ့  သင်္ဘောသားဆိုလို့ရှိရင်  တတ်နိုင်သ လောက် ဈေးကွက်ထဲ မှာရှိတဲ့ အသင့်တော်ဆုံး ဈေးတစ်ခုနဲ့   ဝယ်မယ်ပေါ့နော်။  အဲဒီတော့ကျွန်တော်တို့ကို လာဆွေးနွေးတဲ့ရက်တွေတုန်း ကတော့  ဧရာဝတီဘဏ်ရော၊ ယူအေဘီဘဏ် ရော ပြောသွားတာက တစ်ဒေါ်လာကို  ၃၀ဝ၀ ပေါက်တယ်ပေါ့၊ ပေး ဝ ယ်တယ်ပေါ့၊ အခုလက်ရှိ တော့ မပြောတတ်ဘူး၊ ဈေးကွက်ပေါ်မှာရှိတဲ့ အတက်အကျပေါ်မူတည်ပြီးသွားမှာပေါ့။ ဘဏ် တွေကတော့ နိုင်ငံတော်က  သတ်မှတ်ထားတဲ့ ငွေလဲနှုန်းထက်တော့ ပိုပြီးတော့ ဝယ်မှာပဲလေ။သင်္ဘောသား တွေရဲ့ အခက်အခဲတွေကို ဖြေရှင်း ပေးခဲ့ရတဲ့အမှုပေါင်း ဘယ်လောက်ရှိနေပါပြီလဲ။လက်ရှိအချိန်ထိ  ကျွန်တော်တို့ လက်ရှိ အမှုဆောင်နဲ့ ပြီးခဲ့တဲ့ အမှုဆောင် နှစ်နှစ်ရယ်၊ လက်ရှိ  အမှုဆောင်ကာလအတွင်းမှာ အမှု လက်ခံထားတာ  အမှုပေါင်း ၁၅၀ လောက်ရှိ တယ်။ အဲဒီအမှုပေါင်း ၁၅၀ ထဲမှ ၁၂၀ လောက် က ပြီးပြတ်သွားပါပြီ။ ကျန်တဲ့ အမှုပေါင်း ၃၀ ကတော့ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အဲဒီအထဲ မှာကြည့်လို့ရှိရင် သင်္ဘောမလိုက်ခင်မှာ သင်္ဘော လိုက်လို့ရ မယ် ဆိုပြီးတော့ ငွေကြေးပေးအပ်ခြင်း ကို လိမ်သွားတဲ့အမှုတွေရှိတယ်၊ သင်္ဘောလိုက် လို့ရမယ်ဆိုပြီးတော့ စာရွက်စာတမ်းသိမ်းထား ပြီးတော့ စာရွက်စာတမ်း ပြန်ထုတ်ဖို့အတွက်ကို ပိုက်ဆံတောင်းပြီးတော့ ပြန်ထုတ်ရတဲ့ ကိစ္စတွေ တွေ့ရတယ်။ နောက်တစ်ခါ စာရွက်စာတမ်းကို သိမ်းထားတယ်၊ ပိုက်ဆံတော့ ပြန်မတောင်းဘူး၊ အဲဒီသိမ်းထားတဲ့လူက ဘယ်ရောက်နေမှန်းမသိ တဲ့ အမှုတွေလည်း တွေ့ရတယ်။ နောက်တစ်ခါ သင်္ဘောလိုက်မယ်ဆို ပိုက်ဆံဘယ် လောက်ပေး ပါပြောပြီးတော့ ပိုက်ဆံပေးလိုက်ရတယ်၊ ပိုက်ဆံ ယူသွားတဲ့သူက ဘယ်ပျောက်နေမှန်း မသိတဲ့ အမှုတွေ တွေ့ရတယ်၊ ဒါက သင်္ဘောမလိုက်ခင် မှာ တွေ့ရတာတွေပေါ့။ နောက် လိုက်သွားတဲ့ အခါမှာလည်း  လခ မရတာ တို့၊  လခထုတ်လို့ အဆင်မပြေတာတွေတို့  ဒါမျိုးတွေ တွေ့ရတယ်။ အလားတူ လခထုတ်လို့ အဆင်ပြေတော့လည်း နိုင်ငံခြားငွေနဲ့   မြန်မာငွေလဲတဲ့အချိန်မှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့နှုန်းထက်  လျော့ပြီးတော့ ဒေသခံ ကိုယ်စား လှယ် အချို့က  ပေးနေတာလေးတွေ တွေ့ရတယ်ပေါ့နော်။ ဒါကတော့ လုံးဝမလုပ် သင့်တဲ့ကိစ္စပေါ့နော်။ ဒီဘက်က ဒေါ်လာ ၁၀ဝ၀ ရတယ်၊ ဒေါ်လာ ၁၀ဝ၀ ကို ၃၀ဝ၀ နဲ့ရောင်းရင် သိန်း ၃၀ ရမယ်။ ဒါပေမဲ့ ဒေသခံကိုယ်စားလှယ် တွေ က  ၂၁၀ဝ နဲ့ ဖြတ်ပေးလိုက်ရင် တစ်ဒေါ်လာ ကို ကျပ် ၉၀ဝ ရှုံးမယ်၊ ဒေါ်လာ ၁၀ဝ၀ ဖြစ်တဲ့ အတွက် ကိုးသိန်းရှုံးမယ်၊ ဒီသင်္ဘောသားရဲ့ လခ က သိန်း ၃၀ ရမှာကို ၂၁ သိန်းပဲပေးတဲ့အတွက် ဒီဒေသခံ ကိုယ်စားလှယ်သည် ဒီသင်္ဘော သား ရဲ့  လစာကို ဖြတ်စားလတ်စားလုပ်တဲ့ အဓိပ္ပာယ်ဖြစ် သွားတယ်။ ဒါလေးတွေကိုလည်း သင်္ဘောသား တွေကို ဂရုစိုက်စေချင်တယ်။ ဒေသခံ ကိုယ်စား လှယ်တွေကိုလည်း အများစုကို  မဆိုလိုပါဘူး။ လုပ်တဲ့သူကို ပြောပြတာ ပေါ့ လေ။ တစ် လောက ဆိုပြီးသွားတဲ့အမှု ငါးခုလောက်ရှိတယ်။ မျက်လုံး ထိခိုက်ဒဏ်ရာရတဲ့သူရှိတယ်၊ ခြေထောက်ထိ တဲ့သူရှိတယ်၊ လက်ထိတဲ့သူရှိတယ်၊ ဒါပေမဲ့ သူ တို့အားလုံးသည် ထိခိုက်ဒဏ်ရာရမှု မကြီးတဲ့ အတွက် တော်တော် များ များ သင်္ဘောပေါ် ပြန် ရောက်သွားတယ်။ အခုကျန်နေတဲ့ဟာက အသက် ဆုံးရှုံးလို့  ရရမယ့် အသက်အာမခံနဲ့ ထိခိုက် ဒဏ်ရာရမှုမှာမှ သင်္ဘောပြန်လိုက်လို့ မရတော့ တဲ့အထိ ဖြစ်သွားတဲ့ အတွက် ထိခိုက်ဒဏ်ရာရတဲ့ အမှုတွေက တော့ လျော်ကြေးမရသေးဘူး။လျော်ကြေးရဖို့အတွက်  ကျွန်တော်တို့  လုပ် ဆောင်နေတာ ရှစ်ခုလောက်ရှိပါတယ်။ ဒါပေ မယ့် မကြာခင်မှာ အဲဒါတွေရရှိဖို့ မျှော်လင့်နေပါ တယ်။ပုဂ္ဂလိက အာမခံကုမ္ပဏီတွေမှာရော မြန်မာ သင်္ဘော သား တွေရဲ့ အာမခထားရှိလို့ ရပါ သလား။မြန်မာပြည်မှာရှိနေတဲ့ မြန်မာ့အာမခံတို့၊ GGI တို့ တခြား ပုဂ္ဂလိက အာမခံတွေ ရှိတယ် ။ အဲဒါတွေက သင်္ဘောသားတွေအတွက် အသက် အာမခံနဲ့  ထိခိုက်ဒဏ်ရာရမှု အာမခံမရှိပါဘူး။ သို့သော်လည်း တစ်ဖက်က ပြန်ကြည့်တဲ့အခါကျတော့  ၂၀၁၀ မတိုင်ခင်မှာပေါ့နော်။  မြန်မာ့ အာမခံအနေနဲ့သင်္ဘောသားတွေအတွက် သီးသန့်အသက်အာမခံနဲ့   ထိခိုက်ဒဏ်ရာရမှု အာမခံဆိုပြီး စနစ်လေးတစ်ခု လုပ်ပေးတယ် ပေါ့။  မြန်မာပြည်ကနေ မြန်မာ့အာမခံကနေ လုပ်ပေးတာပေါ့။ သင်္ဘောသားက ပြည်ပမှာရှိတဲ့ အာမခံက   လုပ်စရာမလိုဘူး။  အလုပ်ရှင် သို့မဟုတ်  မန်နေဂျာက လုပ်ပေးတဲ့အတွက် အလိုအလျောက်ရတာ။ ပြည်တွင်းက အာမခံ ကတော့ မြန်မာ့အာမခံမှာ အာမခံကာကွယ်မှု စနစ်ကို  လိုချင်ရင် ပိုက်ဆံပေးလျှောက်ရမယ်၊ နောက်ဆုံးထားသိတာကတော့  တစ်ယူနစ်ကို သုံးသောင်းကျော်ကျော်လောက်  သွင်းရတယ်၊ အများဆုံး လေးယူနစ် ဝယ်လို့ရတယ်၊ တစ်ယူနစ် သုံးသောင်းလောက်သွင်းထားရင် အသက်ဆုံးရှုံး မှုဖြစ်ပေါ်တဲ့အခါကျ  သိန်း ၅၀  လျော်ကြေးရ မယ်။  ထိခိုက်ဒဏ်ရာရတဲ့ဟာကတော့  သူ့ရဲ့ ထိခိုက်ဒဏ်ရာရမှု ရာခိုင်နှုန်းအပေါ်မှာ မူတည် ပြီးတော့ရမယ်။  ဒါပေမဲ့  အခုနောက်ပိုင်း မှာ မြန်မာ့အာမခံလုပ်ငန်းက လေးယူနစ်ထိ ဝယ်လို့ ရတဲ့ဆိုတဲ့အတွက် ဝယ်မယ်ဆိုရင်   တစ်သိန်းနှစ် သောင်းကျော် သွင်းရမယ်။ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်တဲ့အခါကျ သိန်း ၂၀ဝ လျော်ကြေးရ မယ်။ ဒါကြောင့် မြန်မာ့အာမခံ ကလုပ် တဲ့ဟာ ကိုလည်း  သင်္ဘောသားတွေကို  ဝယ်စေလိုပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့အာမခံက ပေးတဲ့ဟာက ပြည်ပက  အာမခံထက် လျော် ကြေးပေးထုတ်ရတာ မြန်မြန်ဆန်ဆန်ရှိတယ်။ လုပ်ထုံးလုပ်နည်းလွယ်တယ်၊ ပြည်ပ က အာမခံကကျတော့ လျော်ကြေးက  ဒေါ်လာသောင်း ဂဏန်းနဲ့ချီပြီးဖြစ်တဲ့အတွက်ကြောင့်မို့  စိစစ်တဲ့ ကိစ္စတွေက အများကြီးရှိတော့ အချိန်ကြာတက် တယ်။   ပြည်ပကပေးတဲ့  အာမခံက တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲလောက် နေမှရတတ်တယ်။ မြန်မာ့အာမခံကပေးတဲ့ အာမခံကတော့ အသက် ဆုံးရှုံးတယ်ဆိုရင် အသက်ဆုံးရှုံးကြောင်း သက် သေပြနိုင်တယ်ဆိုရင် တစ်လ၊ တစ်လခွဲအတွင်း မှာရတယ်။ ဒါကြောင့် ဘာပဲပြောပြော ကျန်ရစ်ခဲ့ တဲ့မိသားစုရှိ လို့ ရှိရင်  ခြေစောင့်  လက်စောင့် ငွေကြေးကျပ်တည်းမှုကို တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးမယ့် အချက်ကလေးလည်း ရှိတယ်။ ဒါကြောင့် အာမခံကို သင်္ဘောသားတွေထားပါလို့ တိုက်တွန်းချင်ပါတယ်။ အာမခံကလည်း ထားရုံ နဲ့မပြီး ဘူး၊ ထားလိုက်တဲ့ အာမခံနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကိုလည်း   သိမ်းထားဦးမှ၊ သိမ်းထားတဲ့အပြင် မြန်မာ့အာမခံက လုပ်တာက တစ်နှစ်ပဲခံတယ်။ တစ်နှစ်ပဲခံတဲ့အတွက် ကိုယ့် ရဲ့ ဆွေမျိုးသားချင်းက သင်္ဘောပေါ်မှာ တစ်နှစ် ထက် ပိုကြာမယ်လို့ တွေ့လာရတာနဲ့ သက်တမ်း နောက်တစ်နှစ်  ထပ်တိုးထားဖို့လည်း သတိပြု လုပ်ရမယ့်ကိစ္စပါတယ်။ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်တုန်းကပဲ ရေနံသယ်တဲ့သင်္ဘောပေါ်က ပေါက် ကွဲမှုဖြစ်တဲ့ အတွက် မြန်မာသင်္ဘောသားလေး သုံးယောက် ဆုံးပါးသွားတယ်။ ဆုံးပါးသွားတဲ့အထဲမှာ နှစ်ယောက်ကတော့ ခန္ဓာကိုယ် လုံးဝပြန်မရလိုက်ဘူး။တစ်ယောက်ကတော့ခန္ဓကိုယ်ပြန်ရလိုက်တယ်။ပြန်ရလိုက်တဲ့ သင်္ဘောသားရဲ့ရူပ်အလောင်းကိုမြန်မာပြည်ကိုပြန်သယ်ဖို့အတွက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က သူ့ရဲ့မိသားစုကို ဝိုင်းဝန်းပြီးတော့ အကူအညီပေးလျက်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။