Main menu

Background

အာဆီယံအသင်းုကီး၏စိန်ခေါ်မှူများ

Mon, 07/21/2014 - 07:57 -- ydnar

အာဆီယံအသင်းကြီး၏စိန်ခေါ်မှုများ
၂၀၁၅ ခုနှစ်တွင် အာဆီယံအဝန်း အဝိုင်းပေါ်ပေါက်ရေးနှင့် ၂၀၁၅ အလွန်ခရီးအတွက်အာဆီယံအသင်းကြီး တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ် ပြီး အရေးကြီးသောစိန်ခေါ်မှုများကို ဖိလစ်ပိုင်နိုင်ငံမဟာဗျူဟာနှင့် ဖွံ့ဖြိုးရေး လေ့လာမှု ဗဟိုဌာနမှ သုတေသီ ဟာနန် ဒက်ဇ်က ဝေဖန်သုံးသပ်ထားသည်။
ငွေကြေးမလုံလောက်မှု

အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးမှု အဆင့်ကွာခြားကြသဖြင့် ထိုဖွံ့ဖြိုးမှု ကွာဟခြင်းကို ပေါင်းကူးပေးရန် လို သည်။ တစ်ဘက်တွင် အဖွဲ့ဝင်နိုင်ငံများ သည် အာဆီယံအသင်းကြီးသို့ ရန်ပုံငွေ ထည့်ဝင်ရာတွင်တန်းတူညီမျှမှုကို ပြသ သည့် အနေဖြင့်တစ်ပြေးညီထည့်ဝင်ကြရ သည်။ အာဆီယံ အသင်းကြီးသည် မိမိ၏ လုပ်ငန်းများ၊ လုပ်ငန်းစီမံကိန်း များ အကောင်အထည်ဖော်ရန်အတွက် ရန်ပုံငွေ လုံလောက်မှု မရှိပေ။ ဒေသ ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ အပါ အဝင် အာဆီယံနှင့် ဆက်နွယ်သော လုပ်ငန်းများကို အကောင်အထည် ဖော် နိုင်ခြင်း မရှိပေ။
ဝန်ထမ်း မလုံလောက်မှု
အာဆီယံ အတွင်းရေးမှူးရုံးတွင် အရည်အချင်းရှိသောဝန်ထမ်းများ၊ ပြည့် ပြည့်စုံစုံမရှိပေ။ အဖွဲ့ဝင် နိုင်ငံ များ၏ နိုင်ငံသားများကိုလည်း  အလှည့်ကျ တာဝန်ပေး ခန့်အပ်နေရသည်။
''အာဆီယံနည်း"
"အာဆီယံနည်း"ဟူသောလုပ်ပုံ လုပ်နည်းကြောင့် အာဆီယံ အဝန်း အဝိုင်းပေါ်ပေါက်ရေးအတွက် အဟန့် အတားြ ဖ စ်နေသည်။ အများသဘောတူ ညီမှု ရယူဆုံးဖြတ်ခြင်း၊ အားလုံးအဆင် ပြေသည့်နှုန်းဖြင့် တိုးတက်မှုအရှိန်အဟုန် ကို ရယူဆောင်ရွက်ခြင်း၊ "နိုင်ငံ၏ အချုပ်အခြာအာဏာ"ကို ကျဉ်းမြောင်း စွာအဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုခြင်းတို့ ကြောင့် အဟန့်အတားဖြစ်နေသည်။
နိုင်ငံများ၏ စွမ်းရည်ကွာဟချက်
အာဆီယံ အသင်းကြီးတွင် မူလ အသင်းဝင် ၆ နိုင်ငံမှ ၁၀ နိုင်ငံသို့ တိုးချဲ့ လိုက်ခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းရည်ကွာဟချက် ပိုမိုကြီးမားလာခဲ့ သည်။ ထိုသို့ စွမ်းရည်ကွာခြားခြင်း ကြောင့် အာဆီယံ၏ အစီအစဉ်များကို အကောင်အထည်ဖော်ရန် ခက်ခဲသည်။ နိုင်ငံများအကြားဖွံ့ဖြိုးမှုကွာဟချက် လျော့နည်းရန် ကြိုးပမ်းခြင်းကြောင့် စွမ်း ရည်ကွာဟမှုများကိုလျော့နည်းစေသည်။ နိုင်ငံဖွံ့ဖြိုး၍ စွမ်းရည် မဖွံ့ဖြိုး၊ စွမ်းရည် မဖွံ့ဖြိုး၍ နိုင်ငံ မဖွံ့ဖြိုးဖြစ်နေရခြင်းဖြစ် သည်။
ပီပီပြင်ပြင် တိုင်းတာနိုင်သည့် ညွှန်းကိန်း မရှိခြင်း
လုပ်ငန်းစီမံကိန်း အမျိုးမျိုးကို အကောင်အထည်ဖော်ရာတွင်အောင်မြင် မှုရှိမရှိကို တိတိကျကျတိုင်းတာနိုင်ေ သာ ညွှန်း ကိန်းမရှိပေ။ ထို့ကြောင့်အောင်မြင် မှုရှိမရှိကို တိတိကျကျ ပြောဆိုရန် ခက် သည်။
စီမံကိန်းများ ထပ်နေခြင်း
အာဆီယံ အဝန်းအဝိုင်းကြီးကို အဝန်းအဝိုင်းကြီးသုံးခုအပေါ်အခြေခံ၍ ဧရာမစီမံကိန်းကြီးများ အကောင် အထည် ဖော်ရာတွင် အချို့စီမံကိန်းများထပ်နေ သည်ကိုတွေ့ရသည်။ ထို့ကြောင့်ချို့တဲ့ ရှားပါးသောငွေကြးများကို အလဟဿ ြ ဖ စ်ေ စသည်။ သို့ဖြစ်၍ ပူးပေါင်းညှိနှိုင်း မှု၊ တစ်ပြေးညီဖြစ်စေရန် ဆောင်ရွက်မှု များရှိရန် လိုအပ်သည်။ အာဆီယံ အစည်း အဝေးများ  များပြားခြင်း၊ အဖွဲ့ အစည်း အမျိုးမျိုးက နှစ်ပတ်လည် အစည်းအဝေးတွေ ကျင်းပခြင်းများကို ကြည့်လျှင် ပူးပေါင်း ညှိနှိုင်းမှုနှင့် အချိတ် အဆက်ရှိမှုတို့လိုအပ်ကြောင်း ပြသနေ သည်။
အများပြည်သူ၏ စိတ်ဝင်စားမှု နည်းပါးခြင်း
အာဆီယံအသင်းကြီးအကြောင်း ကိုအများပြည်သူတို့ စိတ်ပါဝင်စားမှုနှင့် သိရှိမှုနည်းနေသေးကြောင်းတွေ့ရသည်။ အများပြည်သူ သိရှိနိုင်ရေးအတွက် အများပြည်သူတို့ ပါဝင်ရေး၊ ရန်ပုံငွေ ပိုမိုသုံးစွဲရေးတို့အတွက် ဝိုင်းဝန်းအကြံ ပြုကြသည်။ သို့သော်လည်း ထိုင်းနိုင်ငံ မှလွဲ၍တက္ကသိုလ်များ၊သုတေသနအဖွဲ့ အစည်းများသို့ ရန်ပုံငွေ လုံလုံေ လာက် လောက် ခွဲဝေပေးနိုင်ခြင်းမရှိပေ။ အချို့ တာဝန်ရှိသူများဆိုလျှင် အာဆီယံဒေသ ဆိုင်ရာအရာရှိအဖြစ်မဟုတ်ဘဲ သက် ဆိုင်ရာ အဖွဲ့၀ င်နိုင်ငံများမှ အစိုးရများ၏ အရာရှိများအဖြစ် အာဆီယံအဖွဲ့အစည်း များတွင် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်သည်။
အစိုးရဗဟိုပြုမှု ကြီးမားခြင်း
အများပြည်သူတို့က အာဆီယံအ ကြောင်းစိတ်ဝင်စားမှုနှင့် သိရှိမှုတို့နည်း ပါးခြင်းသည် အာဆီယံအဝန်းအဝိုင်းတွင် အစိုးရကအဓိကနေရာမှ ပါဝင်နေခြင်း ကြောင့်လည်းဖြစ်သည်။ အာဆီယံ၏ လုံခြုံရေးအဝန်းအဝိုင်းဟုဆိုရာတွင်ပင် လူသားတို့၏ လုံခြုံရေးကိစ္စပါဝင်ခြင်း မရှိပေ။နိုင်ငံများ၏ လုံခြုံရေးကိုသာရည် ရွယ်သည်။ နိုင်ငံသားတို့၏ လုံခြုံရေး ကိစ္စကိုဖြေရှ င်းေ ပးနိုင်ခြင်းမရှိပေ။
နိုင်ငံအကျိုးကိုဒေသအကျိုးထက် ဦးစားပေးကြခြင်း
အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရအရာ ရှိများက မိမိနိုင်ငံ၏ အကျိုးစီးပွားကို အာဆီယံ အသင်းကြီး၏ အကျိုးစီးပွား ထက်ဦး စားပေးလေ့ရှိကြသည်။ ဒေသ ဆိုင်ရာအကျိုးစီးပွားတွင် နိုင်ငံများ၏ အကျိုးစီးပွား ပါဝင်ခြင်းမရှိ လျှင် အောင် မြင်နိုင် မည် မဟုတ်ပေ။
အမှန်စင်စစ် လက်ရှိ နိုင်ငံတကာ စနစ်ပင်လျှင် နယ်နိမိတ်၊ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ အမျိုးသားအကျိုး စီးပွားတို့ကို အခြေခံသောနိုင်ငံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အာဆီယံ အသင်းကြီးသည်လည်းထိုသို့ပင် ဖွဲ့စည်း ထားခြင်းဖြစ်ရာ နိုင်ငံတကာ အစည်း အဝေးများ၊အနှောင်အဖွဲ့များကို ကျော် လွန်နိုင်မှသာ အောင်မြင်မှု ရမည်ဟု ဖိလစ်ပိုင် သုတေသီကဆိုထားသည်။ အာဆီယံပြည်သူပြည်သားတို့၏ ဝိုင်း ဝန်းထောက်ပံ့မှုမရှိလျှင် အာဆီယံ အသင်း ကြီး အောင်ြ မင်မှု ရမည် မဟုတ် ပေ။
အာဆီယံကို ဥရောပနှင့် အခြား ဒေသများက စိတ်ဝင်စားကြခြင်းမှာ စားသုံးသူများပြားသောဈေးကွက်ကြီးဖြစ် နေခြင်း၊ သဘာဝသယံဇာတ ပေါများ သောနိုင်ငံများဖြစ်နေခြင်း၊ ရင်းနှီးမြှုပ်နှံ စရာကောင်းခြင်း၊ လူဦးရေများပြားခြင်း တို့ဖြစ်သော် လည်း တရုတ်နိုင်ငံ၏ အရှိန်အဟုန်မြင့်မားလာခြင်းကြောင့် အရောင်မှိန်သွားစေနိုင်သည်။ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီး ယား သုံးနိုင်ငံ ပေါင်း၏ အင်အားက အာဆီယံ ၁၀ နိုင်ငံ ထက်ပို၍ အင်အားကြီးမားသည်။ ထို့ကြောင့် ၂၀၂၀ အတွက် အာဆီယံ ၏ရှေ့ခရီးစဉ်ကိုစဉ်းစားရာတွင် ထိုနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုပါ ထည့်တွက်လာရသည်။
(Caroling G.Hernandez)