Main menu

Background

ဘယ်ကွင်းမှာဘယ်လိုကန်ကြမလဲ

Thu, 05/08/2014 - 08:23 -- ydnar

အကြောင်းအားလျော်စွာ ပြည်ပ သို့ သွားခွင့်ကြုံသည့်အခါ ၎င်းတို့၏ စာနယ်ဇင်းများကို တတ်နိုင်သမျှ ဖတ်ရှု လေ့လာလေ့ရှိပါသည်။(ချွင်းချက်အနေ ဖြင့်ပြောရလျှင်ကိုယ့်အိမ်ကိုယ်နေသည့် အခါ ရုပ်မြင်သံကြား ကြည့်လေ့ သိပ်မ ရှိသလို၊ သူတစ်ပါးနိုင်ငံရောက်လျှင် လည်း ရုပ်သံကိုဖွင့်ကြည့်ခဲသည်။) သူတို့ စာနယ်ဇင်းတွေက အစိုးရလုပ်ငန်း တွေ အပေါ် ပြည်သူလူထုအပေါ် ဝေဖန်ကြ၊ သုံးသပ်ကြသည့်များကို သတိထား

လေ့ လာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံမှ မိတ်ဆွေများ မြန်မာနိုင်ငံသို့ လာရောက်ပြုလုပ်ခဲ့ သည့်နှစ်ကြိမ်မျှသောဆွေးနွေးပွဲများတွင် ပါဝင်ဖြစ် သည်။ထိုအထဲတွင်အလွန်အပြောကောင်းသော၊အင်ဒိုနီးရှားသတင်း စာဆရာတစ်ဦး ပါဝင်သည်။ အင်ဒိုနီး ရှားနိုင်ငံသို့ လွန်ခဲ့ေ သာ ဆယ်နှစ်ကျော် တုန်းက ပထမအကြိမ်ရောက်ဖူးပြီး၊ ယခု- ဒုတိယအကြိမ် ရောက်ရှိရာတွင် ကံအားလျော်စွာ အင်ဒိုနီးရှား သတင်းစာဆရာ၏Tempo မဂ္ဂဇင်းကို တွေ့ရှိ ဖတ်ရှုရသည်။ ထိုမဂ္ဂဇင်းထဲတွင် အထူး စိတ်ဝင်စားစရာကောင်းေ သာ ဆောင်း ပါးနှစ်ပုဒ်ကိုဖတ်ရှုရသည်။ ဆောင်းပါး တစ်ပုဒ်က မြန်မာနိုင်ငံသန်းခေါင် စာရင်းနှင့်ပတ်သက်ပြီး အခြားတစ်ပုဒ် မှာ အာဆီယံစီးပွားရေးအဝန်းအဝိုင်းနှင့် ပတ်သက်သည်။

 

မြန်မာနိုင်ငံအာဆီယံ အသင်းကြီး ဝင်ချိန်မှစ၍ အာဆီယံနှင့် မြန်မာတို့ ၏စီးပွားရေးအဆက်အဆံများ၊ အလား အလာ များကို လေ့လာဖြစ်၊လေ့လာပြီး ပြန်လည်မျှဝေဖြစ်သည်။တခါတရံအကြောင်းအားလျော်စွာကင်းကွာသည်။ယခင်က စိုက်လိုက် မတ်တပ်ရေးသား ခဲ့ချိန်တွင် စိတ်ပါဝင်စားမှုနည်းခဲ့ရာ ယခုကဲ့သို့ စိတ်ဝင်စားမှု နည်းချိန်တွင် အရေးအသားနည်းခြင်းကို မိတ်ဆွေတစ်ဦးကဘဝင်မကျ။အကြောင်းအားလျော်စွာလွန်ခဲ့သောဆယ်နှစ်ကျော်ကအာဆီယံအစည်းအဝေးတစ်ခုအတွက်    ရောက်ခဲ့သောအင်ဒိုနီးရှားနိုင်ငံသို့ယခုဒုတိယအကြိမ် ပြန်ရောက်တော့ လည်းအကြောင်းအရာက အာဆီယံနှင့် ပတ်သက်ေ နပြန် သည်။ အာဆီယံနှင့် ရေစက်မကုန် သေးတာလား။ အစည်းအဝေးတက်ရောက်သူများထဲမှတစ်ဦး က မိမိအလုပ် လုပ်ခဲ့ဘူးသော ယခင် အစိုးရဌာန အကြောင်းကိုမေး၍ အံ့သြ ရသေးသည်။
လွန်ခဲ့သော (၂)နှစ် (၃)နှစ်ခန့် အတွင်းက အာဆီယံနှင့် ပတ်သက်၍ ပြန်လည်စိတ်ဝင်စားလာခဲ့ကြသည်။ အထူးသဖြင့် လွတ်လပ်သောကုန်သွယ်မှုအသိုင်းအဝိုင်းနှင့်ပတ်သက်၍ မည်သို့ ဂယက်ရိုက်ခတ်မှုတွေ ရှိလာ မည်ကိုစိုးရိမ်ပူပန် လာကြသည်။ အာဆီယံ စီးပွားရေးအဝန်းအဝိုင်းနှင့် ပတ်သက်၍ စိတ်ပါဝင်စားမှု၊ သိရှိမှု၊ ပြင်ဆင်မှု၊ အဆင်သင့်ဖြစ်မှု တို့ကို စစ်တမ်း ကောက် ယူဆန်းစစ်မှုတွေ ပြုလုပ်လာခဲ့ကြသည်။ ထိုစစ်တမ်း၏ တွေ့ရှိချက်သည်လည်း မူလက မျှော်လင့်ထားသည့် အတိုင်း ပင် ဖြစ်ရာအံ့သြစရာတော့မရှိပါ။အာဆီယံ စီးပွားရေး အဝန်းအဝိုင်းအကြောင်း လွတ်လပ်စွာ ကုန်သွယ်မှု အကြောင်း၊ မကြားဘူးသေးသူတွေက အများကြီး။ ထိုအခါ ပြင်ဆင်ရမှန်းသိသူ၊ ပြင်ဆင် သူ၊ အဆင့်သင့်ဖြစ်သူ အချိုးအစားတွေ က နည်းသည်ထက် နည်းသွားသည်။
ကိုယ့်နိုင်ငံအခြေအနေကို သိပြီး နောက် အခြားနိုင်ငံများကရော၊ မည်မျှ အဆင်သင့်ဖြစ်သည်ကို စူးစမ်း ကြည့်မိသည်။ ထိုအခါ၂၀၁၅အတွက်အဆင်သင့်မဖြစ်သည်မှာ ကိုယ်တစ် ယောက်တည်းမဟုတ်၊ အခြားသော အာဆီယံအသင်းဝင်နိုင်ငံတွေ လည်း ပါဝင်နေသည်ကို သတိပြုမိသည်။

ယခုအခါ အာဆီယံအသင်းကြီး ရုံးစိုက်ရာအင်ဒိုနီးရှားနိုင်ငံရောက် တော့ လည်း ဤအခြေအနေကို ကြားရမြင်ရ ပြန်သည်။ တစ်ဖန် ၂၀၁၅ တွင်အာဆီယံစီးပွားရေးအဝန်းအဝိုင်းတည် ထောင်ရေးသည်ခရီးဆုံးပန်းတိုင်မဟုတ်။ မပြီးဆုံးသေးသော လုပ်ငန်းစဉ်ဖြစ်သည်ဟူသည့်စကားကိုအသစ်အဆန်းဖြစ်ကြ ရပြန်သည်။တဖန်- အစိုးရသာမ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ဟောင်းတွေ၊ သံအမတ်ကြီးတွေကပါ နိုင်ငံခြားရေး မူဝါဒလေ့လာရေး အုပ် စုတွေ၊ဉာဏ်ကြီးရှင်အဖွဲ့တွေဖွဲ့ကာ၊ တက်တက်ကြွကြွလှုပ်ရှားနေကြသည်ကိုတွေ့ရသည်။စာနယ်ဇင်းတွေကထိုအကြောင်းအရာကို လ့လာသိရှိရန် အားထုတ်ကြ ၊ မျှဝေရန် ကြိုးစားအား ထုတ်မှုများကို ကြားနာရသည်။
အင်ဒိုနီးရှားနိုင်ငံမှာပင် ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာတော့မည့် အာဆီယံ စီးပွားရေး အဝန်းအဝိုင်းနှင့် ပတ်သက်၍ သဘောပေါက် နားလည် ကြပုံ၊ အကျိုးအပြစ်တွေ ဆွေးနွေး ကြ ပုံမရပေ။ အာဆီယံစီးပွားရေး အဝန်း အဝိုင်းမှ ပေါ်ပေါက် လာမည့် အခွင့် အလမ်းတွေ ရယူနိုင်ရေး၊ အန္တရာယ် တွေ လျော့ပါးရေးအတွက် ပြင်ဆင်ရန် အချိန်မရှိတော့။ ယခုအထိဆိုလျှင် အာဆီယံအဝန်းအဝိုင်းအတွင်း၊ ကုန် သွယ်မှုတွေတိုး၊ အခွန်တွေ လျှော့ချ လျက်ရှိပြီး၊ ကျန်နယ်ပယ်များတွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။
ပိုမိုပွင့်လင်းလွတ်လပ်လာမည့် ဈေးကွက်ကြောင့်စားသုံးသူတွေအတွက် အကျိုးရှိမည့်၊ ဈေးသက်သာခြင်း၊ အရည်အသွေးပိုကောင်းခြင်း စသည့် အရည်အသွေးတွေရှိသော ထုတ်ကုန် အသစ်တွေ ရကြမည်။ အင်ဒိုနီးရှား ဘဏ် လုပ်ငန်းနှင့် ဆက်သွယ်ရေး လုပ် ငန်းတို့သည်တံခါးဖွင့်လိုက်မှ သိသိ သာသာ တိုးတက်လာခြင်းဖြစ်သည်။

အပြိုင်အဆိုင်များရုံသာမက သန်း ၆၀၀ ကျော်သောစားသုံးသူတွေရှိနေခြင်း၊ ထိုစားသုံးသူများသည် ဝင်ငွေတွေ တိုးလာကာ လူလတ်တန်းစားတွေ ဖြစ် လာခြင်း၊ လူငယ်တွေ များနေဆဲဖြစ် ခြင်းတို့ကြောင့်လည်း အာဆီယံ စီးပွား ရေး အဝန်းအဝိုင်းကို၊ကုမ္ပဏီတွေ၊ ရင်းနှီး မြှုပ်နှံသူတွေက မျက်စေ့ကျနေကြခြင်း ဖြစ်သည်။
သို့သော် အားလုံးအဆင် ပြေကြ မည်မဟုတ်။စရိတ်သက်သက် သာသာ နှင့် ထုတ်လုပ်နိုင်သော လုပ်ငန်းတွေ၊ အရည်အသွေးပိုကောင်းအောင် လုပ် နိုင်သော၊ပုခုံးချင်းယှဉ်နိုင်သော ကုမ္ပဏီ တွေ အောင်မြင်မည်။ သို့သော် နိုင်ငံ တကာ ကုမ္ပဏီကြီးများနှင့် ပုခုံးချင်း ယှဉ်နိုင်သော အာဆီယံကုမ္ပဏီတွေက များများစားစားမရှိလှ။ စင်္ကာပူတို့ မလေးရှားတို့လို ပိုပြီး တိုးတက်နေသော နိုင်ငံများမှ ကုမ္ပဏီများက ဒေသ အနှံ့ခြေဆန့်ရန် အာဆီယံအသင်းဝင် နိုင်ငံတိုင်းတွင် ခြေကုတ်ယူနိုင်ရန် ကြိုး စားနေကြသည်။
ဂျပန်ကုမ္ပဏီတွေက တရုတ်နှင့် ကိုရီးယားတို့နှင့် အပြိုင်ခြေကုတ်ယူရန် ကြိုးစားနေကြသည်။ အာဆီယံ ဒေသ အတွင်း လွတ်လပ် စွာကုန်စည်တွေစီးဝင် စီးထွက်ခွင့်ပြုလျှင်အရောင်းကွင်းဆက် ကို အသုံးပြုနိုင်မည်။ နေရာတွေခွဲပြီး ပစ္စည်းတွေ ထုတ်လုပ်ကာ တစ်နေရာ တွင် စုစည်းတပ်ဆင်နိုင်မည်။
တရုတ်နိုင်ငံတွင် လုပ်ခဲ့သော လုပ်အားအများအပြား သုံးရသော လုပ်ငန်းတွေက မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သို့ ရွှေ့ပြောင်းကြမည်။ စက်မှုလုပ်ငန်းတွေကတရုတ်မှအာဆီယံ ဒေသဘက်သို့ ခြေဦးပြန်လှည့်စရာ ရှိသည်။ ပြဿနာမှာ အာဆီယံ ဒေသ သည် ပြိုင်ဆိုင်နိုင်စွမ်းရှိသော အား သာချက်တွေကို မည်မျှကြာကြာ၊ ထိန်း ထားနိုင်မည်မသိ။ လုပ်အားခ သက် သာမှု၊ ကျွမ်းကျင်မှု၊ ထုတ်လုပ်မှု၊ စွမ်း အားမြင့်မားမှုတွေကို ဆက်လက် ထိမ်း ထားရန်လိုမည်။
အာဆီယံ၏ ရေရှည် အောင်မြင်မှု သည် စံချိန်စံညွှန်းတွေ အမျိုးမျိုးကို ပုံစံ တမျိုးတည်းဖြစ်အောင် လုပ်နိုင်သည့် အပေါ် မူတည်သည်။ ထိုလုပ်ငန်း စဉ် သည် ရေရှည်ဖြစ်မည့် အလားအလာ ရှိသည်။ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သား ဝင်ထွက်မှုတွေက ရေရှည်တွင်ပို၍သိသာထင်ရှားလာမည်။

တံခါးဖွင့်သည်ဆိုလျှင် တံခါးပိတ် စေလိုသူ၊ တံခါးပိတ်ထား၍ အကျိုးရှိသူ တွေ၏ ဆန့်ကျင်မှုကို ခံရမည်။ အပြိုင် အဆိုင်တွေများ လာချိန်တွင်အောင်ပွဲရသူတွေ၊ရှုံးနိမ့်သူတွေရှိမည်။အောင်မြင် သူနှင့် ရှုံးနိမ့်သူမည်သူများ မည်နည်း ဟူ သော မေးခွန်းနှင့် အဖြေက အရေးကြီး သည်။ စစချင်း အောင်မြင်သူနည်း နိုင် သည်။ ရှုံးနိမ့်သူတွေ အတွက် မည်သို့ အကူအညီပေးနိုင်မည်၊ အခြေခံ အဆောက်အအုံတွေမည်သို့ပံ့ပိုးပေးနိုင် မည်ဟူသော ကိစ္စတွေက အရေးကြီး သည်။ သူတို့တစ်တွေ၏ ဝေဒနာကို သက်သာရာရအောင် လုပ်ပေးနိုင်လျှင် အပြောင်းအလဲကာလ ပိုမို ချောမွေ့မြန် ဆန်နိုင်သည်။ အထူးသဖြင့် အကျိုးရှိ သူတွေသည် ပြည်တွင်းမှမဟုတ်လျှင် ဆန့်ကျင်မှုတွေကိုပို၍ တွေ့ကြုံနိုင် သည်။ လုပ်ငန်းတွေ မတော်တဆလဲ သွားလျှင် ပြန်ထနိုင်ဖို့လိုသည်။
တလောက ကော့တလာ (Phi-lip Kotler)  တွင် မြန်မာလုပ်ငန်း တွေ ဒေသအဆင့်မှနိုင်ငံတကာအဆင့်တက် လှမ်းကြဖို့အကြံပြုသွားသည်။ အနိမ့်ဆုံး အဆင့်အနေဖြင့် ကိုယ့်အိမ်ကွင်းမှာ ကန်ပါလျက်နှင့် ရှုံးသည့် အဖြစ်မျိုး မဖြစ်ရအောင် ကြိုးပမ်းရဦးမည်ဟု ထင်မြင်မိပါသည်။
(ညွှန်း-Tempo - April 6, 2014)