Main menu

Background

"ရေရှည်ခံမယ်ဆိုပြီး စဉ်းစားလိုက်တဲ့အတွက် စတီးလ်နဲ့လုပ်တဲ့ မီးဖိုတွေကို စပြီးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်"

Mon, 05/05/2025 - 11:49 -- journal_editor

Mingalarbar MB လုပ်ငန်းတည်ထောင်သူ ဦးသူရအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
မီးဖိုများအား မိရိုဖလားအတိုင်းထုတ်လုပ်သည့် သံမီးဖို၊ မီးသွေးမီဖိုများဖြင့် အသုံးပြုနေရာမှ ယနေ့ခေတ်တွင် စတီးလ်မီးဖိုများလည်း ဈေးကွက်ထဲ ထိုးဖောက်ဝင်ရောက်လာလျက်ရှိသည်။ ပေါ့ပါးသယ်ယူရလွယ်ကူခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊တာရှည်ခံခြင်း၊ လောင်ကျွမ်းအားကောင်းမွန်ခြင်း စသည့် ဂုဏ် သတ္တိများကြောင့် စတီးလ်မီးဖိုများ ဈေးကွက်အခိုင်အမာရရှိလာလျက်ရှိသည်။ သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြန့်ဖြူးလျက်ရှိပြီး စတီးလ်မီးဖိုများအား ဒီဇိုင်းဆန်းဆန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် Mingalarbar (MB) လုပ်ငန်းတည်ထောင်သူ ဦးသူရအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

မီးဖိုတွေကို စတီးလ်နဲ့ စတင်ထုတ်လုပ်ဖြစ်ပုံလေး ရှင်းပြပေးပါဦး။
ကျွန်တော်တို့ စတင်ထုတ်လုပ်တာကတော့ လွန်ခဲ့တဲ့ခြောက်နှစ်က စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီထုတ်ကုန်ကိုစတင်ထုတ်လုပ်ဖို့ စဉ်းစားဖြစ်တာက ကျွန်တော်တို့ဆီမှာကကျေးလက်နေပြည်သူတွေက များတယ်။ မီးသွေးမီးဖိုတွေ၊ သံမီးဖိုတွေသုံးကြတယ်။ အဲမှာ မီးဖိုကို စတီးလ်နဲ့ထုတ်လုပ်မယ်ဆိုရင်တော့ ခံနိုင်ရည် သုံးဆ မြင့်မားလိမ့်မယ်။ ရေရှည်ခံမယ်ဆိုပြီးစဉ်းစားလိုက်တဲ့အတွက် စတီးလ်နဲ့ မီးဖိုတွေ စပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မီးသွေးသုံးစွဲမှုကလည်းလျှော့ချလို့လည်း မရသေးဘူးဆိုတော့ မီးသွေးကို သုံးတော့သုံးမယ်။ မီးသွေးအသုံးပြုမှု သက်သာတဲ့ မီးဖိုတွေ ထုတ်လုပ်ဖို့အတွက်စဉ်းစားပါတယ်။ အဲဒါကြောင့် မီးဖိုတွေက လောင်ကျွမ်းမှုလည်းအားကောင်းမယ်။ အသုံးလည်းခံတယ်။ လောင်စာသုံးစွဲမှု ၄၀ရာခိုင်နှုန်းသက်သာအောင် စဉ်းစားပြီးတော့ ထုတ်လုပ် ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာရော ဈေးကွက်ထိုးဖောက်မှုအခြေအနေ ဘယ်လိုရှိနေပါသလဲ။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ မြို့နယ်တိုင်းမှာ နယ်ကိုယ်စားလှယ်တွေရှိပါတယ်။ အဓိကတော့ ခရိုင်အဆင့် မြို့နယ်လောက်ထိ ဆိုင်ရာ ကိုယ်စားလှယ်တွေရှိပါတယ်။ ရန်ကုန်မြို့မှာဆိုရင်တော့ သက်ဆိုင်ရာ ရှော့ပင်းမောလ်တွေ ဖြစ်တဲ့ စီးတီးမတ် ၊ စိန်ဂေဟာတို့မှာလည်း တင်ပါတယ်။ နောက်ပြီးအွန်လိုင်းကနေတစ်ဆင့်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။
ကုန်ကြမ်းရရှိမှု အခြေအနေလည်း ပြောပြပေးပါဦး။
ကုန်ကြမ်းရရှိမှုအပိုင်းနဲ့ ပတ်သက်ပြီး လွယ်လွယ်ကူကူရရှိမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ယခင်တုန်းကတော့ ကုန်ကြမ်းကို အိန္ဒိယနိုင်ငံကနေ တင်သွင်းပါတယ်။နောက်ပိုင်းကျတော့ာ့ အိန္ဒိယကနေ တင်သွင်းတာ နည်းနည်းခက်တော့ တရုတ်နိုင်ငံကနေ တင်သွင်းပါတယ်။ စတီးလ်တို့ သံတို့ တင်သွင်းရတာကတော့ နည်းနည်းတော့ အခက်အခဲရှိပါတယ်။ ဒါပေမယ့်လုပ်ငန်းရပ်တန့်သွားအောင် ခက်ခဲတာမျိုးလည်း မဟုတ်ပါဘူး။ကျွန်တော်တို့ လုပ်ငန်းဆက်လက်လည်ပတ်နိုင်အောင် တင်သွင်းပါတယ်။ ပြည်တွင်းဈေးကွက်ကနေ ဝယ်ယူတာတွေလည်း ဆောင်ရွက်လျက်ရှိပါါတယ။်ကျွန်တော်တို့နိုင်ငံမှ မီးဖိုတွေထုတ်လုပ်တာမှာ  သံမီးဖိုတွေဆိုတာက လက်ဖြစ်တွေလုပ်ကြတာ များပါတယ်။ဒီဇိုင်းတွေ ဆွဲတာတော့ရှိပေမယ့် နည်းတာပေါ့လေ။ ကျွန်တော် တို့ကျတော့ မီးဖိုဒီဇိုင်းဆွဲခြင်းလုပ်ငန်းကို သေသေချာချာ ဆောင်ရွက်ကြပါတယ်။
စတီးလ်မီးဖိုက အခြားသော မီးဖိုတွေနဲ့ယှဉ်ရင် ဘယ်လိုမျိုးကွာခြားမှုတွေ ရှိနိုင်ပါသလဲ။
စတီးလ်မီးဖိုရဲ့ အားသာချက်က ပေါ့ပါးတာပါ။ ဈေးကွက်ထဲမှာရှိတဲ့ မီးဖိုတော်တော်များများက သုံးလေးပိဿာလောက်လေးပါတယ်။ ရန်ကုန်မှာနေတဲ့ သူတော်တော်များများက နေရာကျဉ်းတဲ့အခါကျတော့ မီးဖိုချက်ပြီး ဗီဒိုပေါ် တင်ထားမယ်။စားပွဲအောက်မှာ ထားထားမယ်ဆိုတဲ့အခါကျတော့ မီးဖိုက ပေါ့ပါးနေဖို့လိုအပ်တယ။် နောက်မီးဖိုက စတီးဖြစ်သည့်အတွက် ရေးဆေးလရို့ပါတယ်။ မီးဖိုက စတီးဖြစ်တဲ့အတွက် သံချေးလုံးဝမတက်ဘဲနဲ့သန့်သန့်ရှင်းရှင်း အသုံးပြုလို့ရပါတယ်။ နောက် လေဝင်လေထွက်စနစ်မှာက လေက အောက်ကနေလည်း ဝင်မယ်။ ဘေးကနေလည်း ဝင်မယ်ဆိုတော့ မီးတောက်တအားများပါတယ်။ ဆိုလိုတာက အထဲ မှာ ထည့်ထားတဲ့  မီးသွေးကို   အပြည့်အဝ လောင်ကျွမ်းစေတာဖြစ်ပါတယ်။ နောက်ပြီးတော့ မီးတောက်အားလည်း ပိုများတာဖြစ်တဲ့အတွက် လောင်စာအသုံးပြုတာ သက်သာစေပါတယ်။ သာမန် ရိုးရိုးမီးဖိုတစ်လုံးက ထမင်းချက် မိနစ် ၄၀ လောက်ကြာရင် ဒီမီးဖိုက ၂၅ မိနစ်လောက်ဆို ကျက်ပါတယ်။ မီးဖိုရဲ့ ထူးခြားတဲ့ စနစ်ကတော့ ဗငမ ချိန်ဘာဆိုတဲ့ စနစ်ပါဝင်ပါတယ်။ လိုအပ်တဲ့ဟာတွေကို အရင်ဆောက်ရပါတယ်။ ပြီးပြီဆိုမှ ကျွန်တော်တို့က
မီးဖိုတစ်ခုပြီးမြောက် ဖို့အတွက် အဆင့်ဆင့်လုပ်တာဆိုရင် ၁၈လ  လောက် ကြာမြင့်ခဲ့ပါတယ်။ အဓိကတော့ အိမ်သုံးအတွက် နှစ်မျိုးထုတ်လုပ်ထားပါတယ်။ မိသားစုသုံးဖို့ဆိုရင် ဆိုက်သေးထုတ်ပါတယ်။ အဲဒါကတော့ ကျပ် ၅၉၀ဝ၀ ဖြစ်ပါတယ်။ မိသားစု လေးဦးနဲ့အထက်ဆိုရင်တော့ ကျပ် ၇၅၀ဝ၀ နဲ့ ရောင်းပေးပါတယ်။အဓိကကတော့ ဒီမီးဖိုတွေကို အညာဘက်ကနေ မှာယူတယ်။နောက် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးကနေလည်း တော်တော်လေး မှာယူကြပါတယ်။
အသေးစား၊ အလတ်စားလုပ်ငန်းရှင်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
ပစ္စည်းကို ထုတ်လုပ်တဲ့နေရာမှာ အခက်အခဲတော့ အများကြီးသိပ်မရှိပါဘူး။ ဒီလိုပဲ ဖြတ်သန်းပြီး ကြိုးစားခဲ့တာဆိုရင်ခြောက်နှစ်တာကာလရောက်ပြီဆိုတော့ လုပ်ငန်းရပ်တည် လည်ပတ်နိုင်တဲ့အခြေ အနေတော့ ရောက်လာပါပြီ။ ဌာနဆိုင်ရာတွေကအကူအညီတွေလည်း ရယူမယ်ဆိုရင်တော့ အဓိကအခက်အခဲကတော့ စတီးလ်ပြားရရှိဖို့ပါပဲ။ ပြောချင်တာကတော့ ကိုယ့်လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် ကိုယ်တိုင်ကလည်း ဇွဲရှိရှိကြိုးစားပြီးတော့ဌာနဆိုင်ရာတွေက အကူအညီတွေလည်း ရယူမယ်ဆိုရင်တော့ အောင်မြင်နိုင်မယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတွေမှာ  က မီးဖိုထုတ်လုပ်တာက သမားရိုးကျ မိရိုးဖလာအတိုင်း ထုတ်လုပ်တာများပါတယ်။ မီးဖိုတွေထုတ်လုပ်မယ်ဆိုရင် အဓိက ဘာကိုစပြီး စဉ်းစားလဲဆိုတော့ ဘယ်နိုင်ငံတွေမှာ မီးဖိုဒီဇိုင်းအသစ်တွေထုတ်လဲ။ ဘယ်နိုင်ငံတွေမှာ လုပ်ငန်းအသစ်တွေ လုပ်ကြသလဲ ဆိုတာကို စဉ်းစားပါတယ်။ အဓိကထားပြောရရင်တော့ မီးဖိုဒီဇိုင်းအသစ်တွေက အာဖရိကမှာ တော်တော်ပေါပါတယ်။ နောက် အိန္ဒိယက စတီးလ်နဲ့ပတ်သက်ပြီး တော်တော်ဖွံဖြိုးတိုးတက်တယ်ဆိုတော့ အဲဒီကနေလည်း လေ့လာရပါတယ်။ အဲတော့ အင်တာနက်ကနေ တွေ့တဲ့ဟာကို ဒီအတိုင်းသုံးလို့တော့ မရဘူးပေါ့။
စမ်းပြီးတော့ သုံးကြည့်ရတာပေါ့။စ မ်းကြည့်လို့ရပြီဆိုတော့မှလုပ်ဆောင်တာဖြစ်ပါတယ်။ ပြည်တွင်းထဲမှာ လုပ်နေတဲ့ဟာတွေကို အခြေပြုပြီးတော့မှ အခြားနိုင်ငံတွေမှာ လုပ်နေတဲ့ဟာတွေကိုကိုးကားရတာပေါ့။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ဈေးကွက်မှာ နယ်ဘက်ကို ဖြန့်ဝေတဲ့အပိုင်းရှိပါတယ်။နောက်တစ်ခုက ပစ္စည်းဆိုတာက ပေါ်ပြူလာဖြစ်မှ ဝယ်ကြတာဆိုတော့ ပေါ်ပြူလာဖြစ်နိုင်မယ့်နေရာတွေ ဝင်ရတာပေါ့။ စီးတီးမတ်တို့ စိန်ဂေဟာတို့လည်း ဝင်ရတာပေါ့။ နယ်တွေကျတော့ အဲမှာဆိုင်သွားမဖွင့်နိုင်တော့ ကိုယ်စားလှယ်တွေကတစ်ဆင့်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ကတော့ စတီးလ် အခြေပြုလုပ်ငန်းဖြစ်တဲ့အတွက် တပ်ဆင်ထားပုံအရ မီးဖိုထုတ်တယ်။နောက် စုဗူးတွေလည်း ထုတ်လုပ်ပါတယ်။ နောက်ပိုင်းကျရင်တော့စတီးလ်ပန်ကန်ပြားတို့၊ စတီးလ်ထမင်းအုပ်တို့လည်း ထုတ်လုပ်ဖြန့်ဖြူးသွားဖို့ရှိပါတယ်။ အခုဟာက အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့ကနေ ဝင်လာတဲ့ ပစ္စည်းတွေလည်း ရှိတဲ့အခါကျတော့ ဈေးကွက်အ ခြေအ နေလေးတွေကို စောင့်ကြည့်နေတဲ့သဘောတော့ ရှိပါတယ်။ ဈေးကွက်က လက်ခံတယ်ဆိုရင်တော့ ဆက်လက်ထုတ်လုပ်သွားဖို့ရှိကြောင်း ပြောလိုပါတယ်။

 

တိဗ္ဗ