Main menu

Background

ဒီအမွေအနှစ်လေးကို စဉ်ဆက်မပြတ် ရှင်သန်သွားအောင် ဆက်လက်ထိန်းသိမ်းဖို့ရာ အားလုံးမှာ တာဝန်ရှိပါတယ်

Thu, 03/05/2026 - 09:53 -- journal_editor

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကမ္ဘာပေါ်ရှိ လက်ဖက်ယဉ်ကျေးမှုများတွင် မြန်မာနိုင်ငံရှိ လက်ဖက်ယဉ်ကျေးမှုမှာ ထူးခြားလှသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်ကို သောက်စရာအဖြစ်သာမက စားစရာအဖြစ်ပါ ထူးထူးခြားခြား သုံးဆောင်ကြသည့် နိုင်ငံအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ယင်းသို့ ထူးခြားပြီး ရှေးယခင်ကတည်းက စားသုံးလာခဲ့သည့် မြန်မာ့လက်ဖက်ကို ယူနက်စကို လူသားမျိုးနွယ်စုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ လက်ဖက်ယဉ်ကျေးမှုအား ပြည်တွင်းနှင့် နိုင်ငံတကာမှ သိရှိစေရေး၊ လက်ဖက်ယဉ်ကျေးမှု ပြန့်ပွားရေးအတွက် ရည်ရွယ်ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် တွေ့ဆုံမေးမြန်းထား သည်များကို ဖော်ပြလိုက်ရပါသည်။ 

မြန်မာ့လက်ဖက်ကို ယူနက်စကို လူသားမျိုးနွယ်စုဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်  စာရင်းဝင်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေလေး ပြောပြပေးပါဦး။
ကျွန်မတို့မြန်မာတွေအနေနဲ့ လက်ဖက်ကို ဂရင်းတီး (ွမနနည ွှနေ) အဖြစ်လည်း သောက်သုံးတယ်။ လက်ဖက်ရည် အချို လည်း သောက်သုံးတယ်။ ဒါတင်မကဘဲနဲ့ ထူးထူးခြားခြားအနေနဲ့ လက်ဖက်စိုစားသုံးတဲ့  ဓလေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီ ကာလကတည်းက ရှိလာခဲ့တာဖြစ်တယ်လို့  သမိုင်းအထောက် အထားတွေအရ သိရပါတယ်။   လက်ဖက်စားသုံးတဲ့သူတွေက နိုင်ငံသားတိုင်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။ လူမျိုးမရွေး၊ ဘာသာ မရွေး၊ အလွှာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျားမ မရွေး အားလုံး စားသုံးကြပါတယ်။ နောက်ခါ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လက်ဖက် ခြောက်ကို အမျိုးမျိုးစားသုံးကြပါတယ်။ ကျွန်မတို့နိုင်ငံကကျတော့ လက်ဖက်စို စားသုံးတဲ့ဓလေ့ကတော့ ထူးထူးခြားခြား စားသုံးကြပါ တယ်။ ရှေးအစဉ်အလာကတည်းက လက်ဖက်ကို စားသုံးတယ်ဆို တာ ကျောက်စာတွေမှာ အခိုင်အမာ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့  ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်နိုင်ရေး ယူနက်စကိုထံသို့ တင်ဖို့ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ 
မြန်မာ့လက်ဖက်စားသုံးတဲ့ ဓလေ့ကို ယူနက်စကို  တင်သွင်းရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။
လက်ဖက်စားသုံးတဲ့ဓလေ့က  ကျွန်မတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားအားလုံးကတော့ သိလည်းသိကြသလို နှစ်လည်းနှစ်သက်ကြပါတယ်။ အဲဒီဓလေ့ကို နိုင်ငံတကာကလည်း သိအောင် လုပ်ဆောင်သွားပါမယ်။ ယူနက်စကိုရဲ့လူသားမျိုးနွယ်စု ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကျွန်မတို့ရဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်လည်းပဲ ယူနစ်စကို ရရှိခဲ့ ပြီးပါပြီ။ နောက်လက်ဖက်စားသုံးတဲ့ ယဉ်ကျေးမှုအတွက်ကိုလည်း ရရှိစေလိုပါတယ်။ ဒီလိုမျိုး လက်ဖက်စားသုံးတဲ့ဓလေ့ဟာ အင် မတန်မှ ချစ်စရာလည်းကောင်းသလို နှစ်သက်စရာလည်း ကောင်း ပါတယ်။  လက်ဖက်ကို  စားသုံးတဲ့အခါမှာ တစ်ဦးတည်းသော် လည်းကောင်း၊ ဝိုင်းဖွဲ့ပြီးသော်လည်းကောင်း စားတယ်။ အလှူ မင်္ဂလာဆောင်တွေမှာ ကျွေးတယ်။ ဘုန်းကြီးကျောင်းတွေမှာ စား တယ်။ လက်ဖက်ကို ထမင်းစားပြီးပဲဖြစ်ဖြစ်၊ ညအိပ်ခါနီးပဲဖြစ်ဖြစ် စားတာပါပဲ။ အချိန်မရွေး၊နေရာမရွေးစားကြတယ်။ အင်မတန်မှ ကောင်းမွန်တဲ့ဓလေ့ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ လက်ဖက်စားသုံးတဲ့ ဓလေ့ကို အမျိုးသားရေး တာဝန်အဖြစ် ထိန်းသိမ်းစောင့်ရှောက် ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြော ကြားလိုပါတယ်။
လက်ရှိမှာ မြန်မာ့လက်ဖက်ဟာ ယူနက်စကိုရဲ့ စံနှုန်းတွေနဲ့ ကိုက် ညီမှု အခြေအနေ ဘယ်လိုရှိပါသလဲ။
ယူနက်စကိုတင်တဲ့အခါမှာလည်း   ယဉ်ကျေးမှု  တစ်ခုစီ ဘယ်အကြောင်းအရာနဲ့မှ ပြတ်လပ်မသွားဘဲနဲ့ အမြဲတမ်း ှကျ- အငေညဘေူန ဃကူအကမန ဖြစ်နေရမယ်။ ပြီးရင် ကျားမ တန်းတူ သက်ဆိုင် နေရမယ်။ အလွှာတွေ အဆင့်အတန်းတွေလည်း ခွဲခြားမှုမရှိရဘူး။သူ့ကို စဉ်ဆက်မပြတ် နည်းမျိုးစုံနဲ့ ထိန်းသိမ်းစောင့်ရှောက်လာလို့ အခုချိန်ထိ ပါလာတဲ့ ယဉ်ကျေးမှုဖြစ်နေရမယ်။ အဲလိုမျိုး ဖြစ်နေ မယ်ဆိုရင်  ယူနက်စကိုကို  တင်ပြတဲ့နေရာမှာ အလားအလာရှိ တယ်။ လက်ဖက်စားသုံးတဲ့ ဓလေ့ကို ပြန်သုံးသပ်တဲ့အခါမှာ သိပ် ကို နှစ်သက်စရာကောင်းတဲ့ အချက်အလက်တွေက ယူနစ်စကို သတ်မှတ်တဲ့  စံနှုန်းတွေထက်တောင်မှ သာလွန်နေတာတွေ့ရ တယ်။ အဲဒါဘာလဲဆိုရင် လက်ဖက်က တောင်ပေါ်ဒေသက ရရှိ တာပါ။ တောင်ပေါ်ဒေသအသီးသီးကရရှိတဲ့ ပင်လယ်ရေမျက်နှာ ပြင်အထက်မှာ လက်ဖက်ပင်တွေပေါက်ရောက်တယ်။ ရှေးယခင် ကတည်းက ပေါက်ရောက်တဲ့ လက်ဖက်ပင်တွေရှိတယ်။နောက် ပိုင်း စိုက်ပျိုးတဲ့ လက်ဖက်ပင်တွေရှိတယ်။ အဲလို တောင်ပေါ်ဒေသ ကရရှိတဲ့ လက်ဖက်က သူ့ချည်းပဲ စားတာမဟုတ်ပါဘူး။လက်ဖက် စိုကို စားဖို့အတွက်က ဒီမြေပြန့် ဒေသမှာရရှိတဲ့ ပဲဆီ၊ နှမ်းဆီ ဒါနဲ့ နှယ်ပြီး   စားကြတယ်။  တချို့ကတော့ လက်ဖက်သုပ်အနေနဲ့ အကြော်မျိုးစုံနဲ့ စားကြတာဆိုတော့ လက်ဖက်သုပ်ကောင်းတစ်ခု စားဖို့ဆိုတာ မြေပြန့်နဲ့  တောင်ပေါ်နဲ့ ပေါင်းမှ စားလို့ရတာပါ။ ယူနက်စကိုကို တင်ပြဖို့အတွက်လည်း အချိန်က နီးကပ်နေပြီ။ ယူနက်စကိုရဲ့  သတ်မှတ်ထားတဲ့အတိုင်း  ပညာပေးရပါမယ်။ ပြည်သူတွေကလည်းပဲ သိရှိနားလည်ရမယ်။ အမှတ်တစ်မယ်နဲ့ နေ့စဉ်စားသုံးနေတဲ့ ဒီအစားအစာလေးတစ်ခု ရှိသော်ငြားလည်းပဲ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အရေးပါသော အစားအစာ ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်ဆိုတာကို သိစေချင်ပါ တယ်။ 
ဒီလိုမျိုး ယူနက်စကိုတင်သွင်းဖို့အတွက် မြန်မာ့လက်ဖက်နဲ့ ပတ် သက်ပြီး  တွင်တွင်ကျယ်ကျယ်ဖြစ်စေဖို့ ဘယ်လိုမျိုးဆောင်ရွက် လျက်ရှိပါသလဲ။
မြန်မာ့လက်ဖက်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ယူနက်စကိုသို့ တင်သွင်းရန် အထောက်အကူ အဖြစ် မြန်မာ့လက်ဖက်ပွဲတော်ကို ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းတို့ ပူပေါင်းပြီးတော့ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၄ ရက်ထိ ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြေပန်းခြံမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြပွဲမှာလည်း လက်ဖက်နဲ့ ပတ်သက်သည့် အစားအစာတွေ၊ လက်ဖက်နဲ့ပတ်သတ်တဲ့ စကားဝိုင်းတွေ ပြုလုပ်ခဲ့ပါတယ်။ 
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ဒီလိုမျိုး လက်ဖက်စားသုံးတဲ့ ဓလေ့ဟာ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးကတော့ သိနေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ဓလေ့ကို ကမ္ဘာကိုလည်း ချပြချင်တယ်။ ကျွန်မတို့နိုင်ငံရဲ့ ယဉ် ကျေးမှုထက်ကျော်လွန်ပြီးတော့မှ ယူနစ်စကိုရဲ့ လူသားမျိုးနွယ်စု ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်နဲ့ ရရှိဖို့ကို လုပ်ဆောင်သွားပါမယ်။ အဲဒါပြီးသွားရင်တော့ ကိုယ့်အမွေအနှစ် လေးဟာ  ဘယ်လောက်  နှစ်သက်ဖွယ်  ကောင်းသွားမလဲပေါ့။ ဒီအမွေအနှစ်လေးကို စဉ်ဆက်မပြတ် ရှင်သန်သွားအောင် ဆက် လက်ထိန်းသိမ်းဖို့ရာ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို ပြော ကြားလိုပါတယ်။

 

တိဗ္ဗ