Fashion Villa အဝတ်အထည်လုပ်ငန်း တည်ထောင်သူ ဒေါ်ကေသီအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
လက်ရှိပြည်တွင်းဈေးကွက်တွင် အဝတ်အထည်များအား ရွေးချယ်ဝတ်ဆင်လာကြရာ ရာသီဥတုနှင့်ကိုက်ညီပြီး ဈေးနှုန်းအားဖြင့် သက်သာသည့် အဝတ်အထည်များအား ရွေးချယ် ဝတ်ဆင်လာကြသည်။ ဈေးသက်သာပြီး အရည်အသွေး Quality)) ကောင်းမွန်သော အထည်များသည် ဈေးကွက်ထဲတွင် လူကြိုက်များနှစ်သက်လျက်ရှိသည်။ ဈေးကွက်ထဲတွင် ရာသီ ဥတုနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် ချည်ထည်များ၊BKKအထည်များအား ဖြန့်ဖြူးလျက်ရှိသည့် ငျေ့်္ငသည ဠငေူ တည်ထောင်သူ ဒေါ်ကေသီအောင်နှင့် တွေ့ဆုံမေးမြန်းထား သည်များကို ဖော်ပြလိုက်ရပါသည်။
ဒီလုပ်ငန်းကို ဘယ်တုန်းကတည်းက စတင်လုပ်ကိုင်ခဲ့တာပါလဲ။
ကျွန်မအနေနဲ့ကတော့ ၂၀ဝ၇ ခုနှစ်လောက်ကနေ ဒီဇိုင်နာလောကထဲကို စပြီးဝင်ခဲ့တာပေါ့။ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်၊ မော်ဒယ်လ်တွေ တော်တော်များများနဲ့ ပြည်ပမှာ သွားပြိုင်တဲ့ ငျြ အလှမယ်တွေကိုလည်း ဒီဇိုင်းအတွက် အများကြီးဖန်တီးခဲ့တာလေးတွေရှိပါတယ်။ ပြီးသွားလို့ရှိရင် အထည်နဲ့ပတ်သက်ပြီး
သင်တန်းတွေလည်း ပေးလျက်ရှိပါတယ်။ အဲလိုမျိုးသင်တန်းပေးတဲ့အထဲမှာမှ အခြေခံကို အဓိကဦးစားပေးပြီးပေးတယ်။ ဖန်တီးမှုပိုင်းဆိုင်ရာတွေကိုတော့ တကယ့်ကို တတ်ချင်တဲ့ သူရယ်၊ လုပ်ငန်းခွင်မှာ အသက်မွေးနေတဲ့သူတွေကိုသာလျှင် အဲဒီသင်တန်းကို လက်ခံတာဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင် သင်တန်းလေးအတွက်က ိုကယို အ့် ကျ ငီ်္ကယို ခ် ျုပမ် ယ။် အချနိ ေ် လး တစလ် နစှ လ် လောက်နဲ့ သင်ပေးပါလားဆိုရင်တော့မသင်ပေးပါဘူး။ အင်တာနေရှင်နယ်နည်းစနစ်အမှန်နဲ့ ပြန်လည်ပြီးတော့မျှဝေပေးတယ်။သူများနိုင်ငံမှာ မေဂျာတစ်ခုကို တစ်နှစ်စာ အချိန်ပေးရတဲ့ဟာကို ငါးလနဲ့ခြောက်လ အချိန်ယူပြီးတော့ သင်ကြားပေးတာဖြစ်ပါတယ်။အခြေခံမှာလည်း အမျိုးအစားမတူတဲ့ အထည်ပေါင်း ၆၀ ကျော်ပါဝင်တယ်။ စကပ်ဆိုလည်း အထည် ၃၀ ကျော်၊ အမျိုးသမီး ဝတ်ဆိုရင်လည်း အထည် ၃၀ ဝန်းကျင်ပါတယ်။ ဆွဲသားသင်တန်းဆိုပေမယ့် ခွဲခြားမထားဘဲနဲ့ အခြေခံထဲမှာ အားလုံးပါတယ်။ သင်ကြားပေးနေရင်းနဲ့ ကလေးတွေက အရမ်းကြိုးစားတယ်ဆိုလည်းထပ်ပြီးတော့ ပြောင်းလဲလို့ရတဲ့ သင်ရိုးတွေလည်း ထပ်သင်ပေးတယ်။အဲလိုသင်ပေးတဲ့နေရာမှာလည်း ထပ်ပြီးသင်တန်းတက်စရာမလိုအောင်လို့ လုပ်ပေးတယ်။ဈေးကွက်ထဲမှာ ဃကျအသာနမ ွှမေါနအ ဘယ်လိုထားရမလဲ။အထည်တွေကို ဘယ်လိုရောင်းရအောင်လုပ်မလဲဆိုတာ
သင်ကြားပေးတယ်။ စက်ရုံတစ်ရုံ တည်ဆောက်တဲ့အခါမှာတောင်ဏမသိကခအငသည ပိုင်းပဲဖြစ်ဖြစ်၊ ြညေ်ခေအကမငညါ အပိုင်းပဲဖြစ်ဖြစ်အလုပ် လုပ်တဲ့အခါ စက်လိုင်းဘယ်လိုထားရလဲ။ အော်ပရေတာတွေကို ဘယ်လိုထိန်းချုပ်ရလဲကအစ စနစ်တကျ သင်ကြားပေးလျက်ရှိပါတယ်။
ဈေးကွက်ထဲ ဘယ်လိုမျိုး အဝတ်အထည်တွေကို ဖြန့်ဖြူးလျက်ရှိပါသလဲ။
အခုလက်ရှိကတော့ အထည်ချုပ်လုပ်ငန်းတွေ ထုတ်လုပ်လုပ်ကိုင်နေပါတယ်။ ထုတ်တဲ့ အထည်လေးတွေကလည်း ရည်ရွယ်ထားတာက အသက်(၄၀)ဝန်းကျင်၊ နည်းနည်း ခန္ဓာကိုယ်ပြည့်တဲ့သူတွေကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။အသက်(၄၀)ကျော်သွားပြီဆိုရင် အမျိုးသမီးတွေက အရမ်းကျပ်
တဲ့အထည်တွေ သိပ်မဝတ်ချင်ကြဘူး။ မြန်မာနိုင်ငံရာသီဥတုကအေးတာထက် ပူအိုက်တဲ့ရာသီဥတုဖြစ်တယ်။ ရာသီဥတုနဲ့ကိုက်ညီတဲ့ ပဒုမ္မာချည်လိုပုံစံမျိုးတွေ နောက် ြု ချည်လေးတွေ၊ စပန့်အထည်လေးတွေကို ဖြန့်ဖြူးပေးတယ်။ ဒီလိုမျိုးလုပ်ဆောင်ရတဲ့ရည်ရွယ်ချက်က ဘာလဲဆိုရင် ြု အထည်လေးတွေက မြန်မာ
နိုင်ငံထဲကိုပဲ ဝင်လာတယ်။ ပြီးရင် ဃ့မေါနျ တွေလည်းမြင့်လာတဲ့အတွက် အထည်ရဲ့ တန်ဖိုးက ကျပ်တစ်သောင်းရှိတယ်ဆိုရင်မြန်မာနိုင်ငံထဲရောက်တဲ့အချိန်မှာ သုံးသောင်း၊ ဝယ်သူလက်ထဲရောက်တဲ့အချိန်မှာ ကျပ်သုံးသောင်းရှစ်ထောင်လောက်ဖြစ်သွားတယ်။ ဒါပေမယ့် ြု အထည်ထဲမှာတောင် စပန့်ဆိုရင် အထက်
လိုင်း၊ အမြင့်လိုင်းရှိသေးတယ်။ ပြောရမယ်ဆိုရင် သူများနိုင်ငံကိုစီးဆင်းသွားတဲ့ငွေကိုတားတဲ့ပုံစံမျိုးပေါ့။ အဲတော့ ကိုယ်က အရည်အသွေးပိုင်းကို ထိန်းပြီးတော့ အဲဒီအရည်အသွေး၊ အဲဒီ ဒီဇိုင်းလေးခပ်ဆင်ဆင်နဲ့ လူတိုင်းလည်း ဝတ်လို့ရမယ့်ဟာကို ဈေးသက်သက်သာသာနဲ့ရ အောင် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ အသက်ကြီးသွားတယ်ဆိုပြီး မဖြစ်ရအောင် စမတ်ကျတဲ့အထည်တွေကို ထုတ်လပု ထ် ားတယ။် နောကတ် စခ် ကု မြနမ် ာနငို င် ရံ ဲ့ ရာသဦ တနု ဲ့ကကို ်ညီတဲ့ ပိတ်စလေးတွေကို ရွေးချယ်ထားပါတယ်။ ချည်သားလေးတွေ၊ နောက် ဝါးချည်၊ ယိုးဒယား ြု ချည် အဲလိုအသားလေးတွေကိုအရည် အသွေးတွေကို ထိန်းကျောင်းပြီးတော့မှ ဈေးသက်သက်သာသာနဲ့ထုတ်လုပ်လျက်ရှိပါတယ်။ ရည်ရွယ်ထားတာက အထည်တစ်ခုကို အနိမ့်လိုင်းချုပ်ပြီး ဈေးပေါပေါနဲ့ ထုတ်လုပ်တာမဟုတ်သလို အရမ်းမြင့်ပြီးတော့ လူတိုင်းမဝတ်နိုင်တဲ့ အနေအထားမဟုတ်တဲ့ ပုံစံမျိုးနဲ့ ဝတ်ဆင်နိုင်အောင် အရည်အသွေးကောင်းကောင်းလေးနဲ့ လုပ်ဆောင်လျက်ရှိပါတယ်။
အခုလက်ရှိ အထည်ဈေးကွက်အခြေအနေလည်း သိပါရစေ။
အခုလက်ရှိအခြေအနေမှာ ကုန်ကြမ်းရရှိမှုနဲ့ပတ်သက်ပြီးတော့ခက်ခဲပါတယ်။ တရုတ်ဘက်ကနေ ဝင်တဲ့ပစ္စည်းတွေကကျတော့ လွယ်ကူတယ်။ နောက်ပြီး အခုသုံးနေတဲ့ စပန့်အထည်တွေကျတော့ တရားဝင်သွင်းခွင့်ရတဲ့ ကုမ္ပဏီတွေရှိတော့ မခက်ခဲပါဘူး။ အဓိကတော့ တရုတ်ဘက်ကဝင်တဲ့အထည်တွေက အဆင်
ပြေပါတယ်။ အဲလိုမျိုးအဆင်ပြေတဲ့အတွက်ချုပ်လုပ်ရတာ အခက်အခဲမရှိပါဘူး။ ပြည်တွင်းမှာလည်း ချုပ်သားတွေပေါတယ်။ စက်ရုံတွေပေါတဲ့အတွက် အဆင်ပြေတယ်။ ကျွန်မတို့သုံးတဲ့ အထည်တွေမှာလည်း အရမ်းရှာလို့ခက်ခဲတဲ့ ပိတ်စတွေ မသုံးဘူးပေါ့။နောက်ပြီး ဝယ်ယူသူဃကျအသာနမ တစ်ယောက်ကို လက်လီ ရောင်းတဲ့ အခါကျရင် အထည်တစ်ထည်က ကျပ်နှစ်သောင်းခွဲဆိုရင်လက်ကားဈေးက ကျပ်နှစ်သောင်းအောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဆီက လက်ကားဝယ်တဲ့သူတွေ အတွက် အမြတ်ကျန်စေချင်တယ်။ အထည်လုပ်ငန်းမှာ အရောင်အဆင်းရှိတယ်။မကြိုက်တဲ့ အရောင်တွေ ပယ်တဲ့ဟာတွေဆိုရင် လက်ကားယတဲ့သူတွေ မနစ်နာရအောင် လုပ်ပေးထားတယ်။ အခုနောက်ပိုင်းပြည်တွင်းမှာ လုပ်ငန်းရှင်တွေများလာတဲ့အတွက် အလုပ်သမားတွေလည်း အလုပ်အကိုင် ရရှိသွားတယ်။ အဲဒီအပေါ်မှာ အများကြီး ကျေနပ်မိပါတယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
အထည်တွေနဲ့ပတ်သက်ပြီး ပြောချင်တာက အရည်အသွေးပိုင်းကို ပိုပြီးဦးစားပေးပါလို့ ပြောလိုပါတယ်။ အရည်အသွေးကောင်းလာရင် အရေအတွက်က မြင့်မားလာမှာပဲ။ နောက်ပြီးတော့ အခြေခံလူတန်းစားလေးတွေကို ငဲ့ညှာပေးပါ။ ရောင်းချပေးနေတဲ့သူတွေအနေနဲ့ကလည်း အဝတ်အထည်တစ်ခုမှာ ချုပ်ရိုးချုပ်သားတွေကို ဂရုမစိုက်တာ အထည်အရေအတွက်များများထွက်ဖို့အတွက်ပဲ လုပ်နေတာတွေအတွက် ဂရုစိုက်ပေးစေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံလူတန်းစားတွေအတွက်အထည်က အရည်အသွေးမကောင်းရင် အခြေခံ လူတန်းစားပဲထပ်ခံရမယ်ဆိုတော့ အခြေခံလူတန်းစားလေးတွေကို ငဲ့ညှာပေးစေလိုပါကြောင်း ပြောကြားလိုပါသည်။
တိဗ္ဗ
