Main menu

Background

Friday, 28 Sep 2012

ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေရာ ကမ္ဘာ့ဒုတိယ မြောက်ရော်ဘာ တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ၎င်း ရဲ့ ရော်ဘာတင်ပို့မှုကို လာမယ့် စတုတ္ထသုံးလပတ်မှစပြီး လျှော့ချသွားမယ်လိ့ု သိရတယ်။ တင်ပို့မှုလျှော့ချတဲ့ကာလက ဈေးကွက်တုံ့ပြန်မှုအပေါ် မူတည်ပြီး ၃ လမှ ၆ လအထိ ကြာမြင့်ဖွယ်ရှိတယ်လို့ အင်ဒိုနီးရှား ရော်ဘာအသင်းဥက္ကဌ Daud Husni Bastari က ပြောကြားတယ်။

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၁၆ သန်းတန်ဖိုးရှိ ရော်ဘာ  RSS-3  ၁၃၂ တန် ကျော်ကို မူဆယ်နဲ့ချင်းရွှေဟော်မှ ၂၃ တန်၊ စုစုပေါင်း ၁၅၆ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်လျှင် ၅ တန်ခန့်သာ လျော့နည်းခဲ့ပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများကိုနှိုင်းယှဉ်ကြည့်ရာမှာ မိမိဘက်ရောတစ်ဘက်နိုင်ငံမြေပြင်ဈေးများမြင့်လျက်ရှိနေပါတယ် -

Friday, 28 Sep 2012

စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ မူဆယ်မှ ကန် ဒေါ်လာ သုည ဒသမ ၃၈၈ သန်းတန်ဖိုးရှိ သကြားညို ၂၇၇ တန်ခန့်နဲ့ သကြားဖြူ ၃၇၄ တန်၊ချင်းရွှေဟော်မှ ကန်ဒေါ်လာသုည ဒသမ ၀၆၇ သန်းတန်ဖိုးရှိ သကြား ၁၁၁ တန်တင်ပို့ခဲ့ကြတာတွေ့ရပါတယ်။MIRT(DOBT)

Friday, 28 Sep 2012

ကမ္ဘာ့ပြောင်း စိုက်ပျိုးထုတ်လုပ်မှုအများဆုံး အမေရိကန်နိုင်ငံမှာ နှစ်ငါးဆယ် ကျော်ကာလအတွင်း အဆိုးဝါးဆုံးသော ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားခဲ့ရတဲ့ အတွက် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခဲ့ပြီး သြဂုတ်လအတွင်း ပြောင်းဈေးနှုန်း တွေက မှတ်တမ်းတင်ဖွယ် မြင့်မားခဲ့တယ်။ သြဂုတ်လ ၁၀ ရက်က ချီကာဂိုကုန်သွယ်ရေးအသင်းမှာ ပြောင်းတစ်ဘွတ်ရှယ် ကို ၈ ဒသမ ၄၉ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၃၄၀ ဝန်းကျင်) အထိရောက် ရှိခဲ့တယ်။ယနေ့ စက်တင်ဘာ ၁၀ ရက်မှာ တစ်ဘွတ်ရှယ်ကို ၇ ဒသမ ၉၈၂၅ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၃၁၉ ဝန်းကျင်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြောင်းရိတ်သိမ်းရာသီနီးပြီဖြစ်လို့ အနည်းငယ်ဈေးကျတယ်လို့ သိရတယ်။

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တစ်ဖက်တရုတ်နိုင်ငံ သို့ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မှာကန်ဒေါ်လာ ၁ ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၀၂၃ တန်နဲ့ ပြောင်း ကြိတ်ဖတ် ၁၄ တန်ခွဲ၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ တန် ၂၅၁၀ ဝန်းကျင်နဲ့ ချင်းရွှေဟော်မှ ၅၁၃ တန်ခန့် အသီးသီး ဖြစ်ပါတယ်။ ပြောင်းမိမိဘက် မြေပြင်ဈေး အနည်း ငယ်မျှလျော့ကျသော်လည်း တစ်ဘက်နိုင်ငံရွှေလီဈေးပြောင်းလဲမှုမရှိတာ တွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်     ပြောင်းလဲမှု    %        ယခု    ယခင်    ပြောင်းလဲမှု    % ၃၄၂၇၁၃     ၃၄၃၄၀၅         ၆၉၂      ၀ .၂    ၄၀၂       ၄၀၂           -           -MIRT(DOBT)

Friday, 28 Sep 2012

စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၈၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်က အပို့မရှိခဲ့တဲ့ တဆေး၊ မာလာဥခေါင်း၊ ကွမ်းသီးခွံ၊ ထန်းသီးဆံခြောက်၊ တောင်လုံးကျော်၊ ဆေးမြင်းခွာနဲ့ အုံတုံခေါက်တို့အပို့ရှိခဲ့သလို နနွင်းတက်၊ ဆီးဆံ၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ စကားပန်းပွင့်ခြောက်၊ ဂုံညင်းလုံးတို့ ယခင်အပတ်ထက် အပို့ပိုခဲ့ပါ တယ်။ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ နနွင်းခေါင်း၊ ဒရင်ကောက် မြစ်၊ ချင်းခြောက်၊ ရွေးရွက်နဲ့ တောဂျင်းတို့ကတော့ ယခင်အပတ်ထက်အပို့လျော့ခဲ့ ပါတယ်။ တမူး နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ တောင်လုံး ကျော် ၃ တန်၊ မင်သော် ၁ တန်နဲ့ ဟင်းရိုင်းဖြူ သုည ဒသမ ၁၀ တန်တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် ယခင်အပတ်နဲ့အတူူတူပင်ဖြစ်ပြီး တောင်လုံးကျော်ရော မင်သော်ပါ ပမာဏအနည်းငယ်ပိုမို တင်သွင်းခဲ့ပြီး ယခု အပတ်မှာတော့ ကတ္တရာသင်္ချေ အသွင်းမရှိဘဲ ဟင်းရိုင်းဖြူ တင်သွင်းမှုရှိတာ ဖြစ်ပါတယ်။MIRT(DOBT)

Friday, 28 Sep 2012

အိန္ဒိယ အလယ်ပိုင်းနဲ့ မဟာရပ် ရှ တရာ မှာ မိုးကောင်းကောင်း ရွာသွန်း နေပြီဖြစ်လို့ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း ပဲမျိုးစုံနဲ့ ပဲပုပ်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပါတယ်။ ရိတ် သိမ်းမှုကို စက်တင်ဘာလကုန်မှာ စတင် မှာ ဖြစ်ပါတယ်။ မုတ်သုံမိုး တိုးတက် လာ တာကြောင့် အိန္ဒိယနိုင်ငံရဲ့ သီးနှံတွေ အထွက်ကောင်းဖို့ အလားအလာ ပိုမိုလာ ခဲ့ပြီး၊ ဈေးကွက် အခြေအနေ အားပျော့ လာပြီး၊ ဈေးကျဆင်းဖို့ ဖြစ်လာတယ်လို့ Geojit  Comtrade ဒါရိုက်တာ CP  Krishman မှ ပြောကြားပါတယ်။

Friday, 28 Sep 2012

အိန္ဒိယကြက်သွန်နီ တင်ပို့သူများဟာ အေဂျင်စီများမှ တစ်ဆင့် တင်ပို့ခြင်းမဟုတ်ဘဲ တိုက်ရိုက်တင်ပို့နိုင် တော့မှာ ဖြစ်ပြီး၊ ယင်းတင်ပို့မှုကို ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူး ချုပ်(DGFT)မှ စဉ်းစားသွားမယ်လို့ သိရပါတယ်။ လတ် တလောမှာ ကုန်များကို နိုင်ငံပိုင်ကုန်သွယ်ရေးအေဂျင်စီများ သို့မဟုတ်အေးဂျင့်များရဲ့ ထိန်းချုပ်မှုနဲ့အညီ ဆောင်ရွက်နေ ကြောင်း  သိရပါတယ်။

Friday, 28 Sep 2012

နနွင်းကုန်သည်များက ဈေးအနိမ့်နဲ့အင်ဒရာပရာဒေ့ရှ် နနွင်းတွေကို ပြောင်းလဲဝယ်ယူလာတာကြောင့် အီရော့ နနွင်း ဈေးကွက်မှာ ရောင်းချနေတဲ့ ဟင်းခတ်အမွှေးအကြိုင်ဈေး ပိုမိုကျဆင်းလာပါတယ်။ တောင်သူတွေ ကလည်း နနွင်း ရောင်းချလိုတာကြောင့် အချို့လှောင်လက်များက တောင်သူ တွေရဲ့အခြေအနေကို အခွင့်ကောင်းယူကာ အမြောက်အမြား ဝယ်ယူပြီး အကျိုးအမြတ် ရယူနေကြပါတယ်။

Friday, 28 Sep 2012

ဒီတစ်ပတ် ဟိုပုံးနနွင်းကလည်း အဝင်ပါးနေပါတယ်။ ချင်းလိုပဲ ခြံရှင်တွေက ဈေးမကြိုက်လို့ မရောင်းချင်ကြ သေးပါ ဘူး။ လှောင်လက်တွေကတော့ လက်လီလိုက်ကောက်နေကြ တယ် လို့ဆိုပါတယ်။ လက်ကျန်ကတော့ အတော်များများ ကျန်နေပါသေးတယ်။ ဟိုပုံးမှာတင် တန် ၂၀၀ ခန့် ကျန်နေ သေးတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၉၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းနနွင်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက် ဝယ်နေတာကြောင့် ဈေးကတော့နည်းနည်းတက်လာ ပါတယ်။ လှောင်လက်တွေမှာကျန်နေပြီး၊ သူတို့တွေ ထုတ် ရောင်းမှသာဈေးကွက်မှာ များမှာဖြစ်ပြီး၊ ယခုလောလော ဆယ်တော့ အဝင်ကနည်းနည်းသာရှိပါတယ်။ နနွင်းက ချင်း အစိုအတိုင်း ချက်ချင်းရောင်းလို့မရဘဲ၊ အခြောက် ခံ၊ နေလှန်း ပြီးမှသာ ဈေးကွက်ကိုဝင်တာကြောင့် ချင်းထက်နောက်ကျပြီး မှ ဝင်မှာဖြစ်ပါတယ်။ နနွင်းအသစ်ကတော့ တပေါင်း/တန်ခူး လောက်မှသာစပြီး ဝင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းဈေးတွေက ပင်လောင်းနနွင်းဆိုရင် တစ်ပိဿာ ၅၀၀ ကျပ်၊  ၆၀၀ ကျပ်၊ တောင်ပို့လက ၁၂၀၀ ကျပ်နဲ့ ဆင်တောင်က ၁၃၀၀ ကျပ်ဈေး ရှိပါတယ်။                                      ဧဧခိုင်

Pages