Main menu

Background

Monday, 27 Aug 2012

တရုတ်နိုင်ငံမှာ ယခုနှစ်သြဂုတ်လ ၂ ရက်အထိ ချင်းပျမ်းမျှဈေးက ယခင် နှစ်ထက် ၅၃ ဒသမ ၇ ရာခိုင်နှုန်း အထိ ကြီးမားစွာကျဆင်းကြောင်းသိရပါတယ်။ Guangming ဟင်းသီးဟင်းရွက် လက်ကားဈေးမှာ ချင်းဈေးက ၁၀ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်က တစ်ကီလိုယွမ် ၁ ဒသမ ၄ (ကန်ဒေါ်လာ သုည ဒသမ ၂၂) ဈေး ရှိခဲ့ပါတယ်။ အဲဒီဒေသလက်လီဈေးမှာ ယွမ် ၂ ဒသမ ၆ (ကန်ဒေါ်လာ သုည ဒသမ ၄) ရှိကြောင်းသိရပါတယ်။ယမင်းခင်၊Source: chinadaily.com

Monday, 27 Aug 2012

ချင်းကတော့ ဈေးကွက်မှာ ပုံမှန်အဝင်ရှိဆဲပါပဲ။ သီတင်းကျွတ်လောက်ဆိုရင် တော့ ချင်း(ဥမ)တွေကုန်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ချင်း တက်တွေက ဈေးကွက်ကိုစပြီး ဝင်လာတော့မှာဖြစ်ပါတယ်။

Monday, 27 Aug 2012

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၂ တန်ကျော် မြဝတီနယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှအပို့ရှိခဲ့ပြီး ယခုအပတ်မှာတော့ မြဝတီနယ်စပ်မှသာ အပို့ ရှိခဲ့တာဖြစ်ပါတယ်။                                                             MIRT(DOBT)

Monday, 27 Aug 2012

ပြည်ပကို ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်တာ ကာလအတွင်း ချင်း ၅၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။

Monday, 27 Aug 2012

အိန္ဒိယပဲစိုက်ပျိုးတဲ့ ဧရိယာတွေလျော့ကျတာကြောင့် ပဲအထွက်လျော့ကျ မှာ ကို စိုးရိမ်လျက်ရှိပြီး၊လက်ငင်းရောင်းချမှုပါးတာကြောင့် သြဂုတ် ၇ ရက်မှာ အိန္ဒိယ ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးကြိုပွို င့်ဈေးမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးပဲ စိုက်ပျိုးတဲ့ အချို့ဒေသတွေမှာမိုးရွာသွားပြီးဈေးအမြင့်နဲ့ပဲခွဲစက်များက ဝယ် လိုအား ကျဆင်းတာကြောင့်ပဲဈေးနှုန်းမြင့်တက်မှုကိုကန့်သတ်နိုင်ပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်၊ ကာနာတာကာနဲ့ ဥတ္တရာပရာဒေ့ရှ်တို့မှာ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက် အတွင်း မိုး ကောင်းကောင်းရရှိခဲ့တယ်လို့သိရပါတယ်။

Monday, 27 Aug 2012

သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၇ သန်းတန်ဖိုးရှိ ပဲယင်း ၁၀ တန်ကို တမူးနယ်စပ်မှ အပို့ရှိလာတာတွေ့ရပါတယ်။ ယခုနှစ်အတွင်း လအလိုက်နယ်စပ်မှ ပဲယင်းတင်ပို့နိုင်မှုတွေကတော့ ဧပြီလတွင် ၁၀၂၉ တန်၊ မေလတွင် ၃၂၉၄ တန်၊ ဇွန်လတွင် ၁၇၈၁ တန်နဲ့ ဇူလိုင်လတွင် ၃၃၆ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)

Monday, 27 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၉၈၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၀၈၂ တန်ကို သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် ၁၅၄ တန် အပို့လျော့ခဲ့တဲ့အပြင် ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်းလည်း တင်ပို့နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ MIRT(DOBT)

Monday, 27 Aug 2012

မူဆယ်နယ်စပ်မှ သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ် လာ သုည ဒသမ ၀၉၈သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၁၅၁ တန်ကျော်၊ ကန်ဒေါ် လာ သုည ဒသမ ၁၀၀ သန်းတန်ဖိုးရှိ ထောပတ်ပဲ ၁၆၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၄ သန်းတန်ဖိုးရှိ ပဲနီကြား ၆၉ တန်ကျော်ကို တစ်ဖက်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် စွန်တာနီ/ပြာမှာ ၂ ဆကျော်၊ ထောပတ်ပဲက ၁၉ တန်ကျော်နဲ့ ပဲနီကြား ၁၄ တန်ကျော် အပို့ပိုခဲ့တယ်လို့ သိရပါ တယ်။                                                  MIRT(DOBT)

Monday, 27 Aug 2012

မုံရွာကုန်စည်ဒိုင် သြဂုတ်လပထမပတ် ကုလားပဲဈေး ကွက်မှာ ရန်ကုန်အဝယ်ပါးပေမယ့် ဒေသတွင်း လုပ်ငန်းသုံး အဝယ်ပုံမှန်ရှိပြီး၊ ပဲလက်ကျန်နည်းကာရောင်းလိုအား လျော့ လာတဲ့အတွက် ဈေးအနည်းငယ်ပြန်မာ လာ ခဲ့တာတွေ့ရပါ တယ်။

ယခုတစ်ပတ် ကုလားပဲဈေးကွက်အခြေအနေကို လေ့ လာတဲ့အခါ ထိုင်ဝမ်ကုလားပဲ လက်ကျန် နည်းလာသလို ပဲ အထွက်များတဲ့ ချောင်းဦးဘက်က သိသိသာသာ အဝင်လျော့ နည်းလာခဲ့ကာ ဒေသတွင်းလှောင်လက်တွေလည်း ထုတ် မရောင်းကြသေးလို့ တစ်ပတ်အတွင်း တစ်တင်း ၂၁၈၀၀ ကျပ်ကနေ ၂၂၆၀၀ ကျပ်ထိ ဈေးပြန်မာခဲ့တယ်လို့ ကုန်သည် တွေက ပြောပါတယ်။ 929 ကုလားပဲလည်း ထိုင်ဝမ်နည်းတူ ပဲခွဲစက်နဲ့ ပဲမှုန့် လိုင်းက အဆွဲပုံမှန်ရှိလို့ တစ်တင်း ၂၂၅၀၀ ကျပ်ကနေ ၂၂၈၀၀ ကျပ်ထိ ဈေးပြန်မာလာတာတွေ့ရပါတယ်။ V2 ကုလားပဲကတော့ ရန်ကုန်ဝယ်လက်က တက်ဈေးနဲ့ မဝယ်ချင် ပေမယ့် ဒေသခံကုန်သည် တချို့ပဲစင်းငုံကြိုက်ဈေးနဲ့ ရောင်း လို့ရတဲ့ငွေနဲ့ ပစ္စည်းရှားပြီး၊ တက်ဈေးဖြစ်နိုင်မယ့် V2 ကို အစားထိုးသိုလှောင်ဖို့ အဝယ်ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ တစ်တင်း ၂၂၈၀၀ ကျပ်ထိ ဈေးပြန်မာလာ ခဲ့ပါတယ်။ ယခု တစ်ပတ်တော့ ကုလားပဲမျိုးစုံ ရောင်းဝယ်မှုအနေနဲ့ ထိုင်ဝမ် ကုလားပဲ တင်း ၁၅၀၀ မှ ၂၀၀၀ ကြား၊ 929 ကုလားပဲက တင်း ၂၀၀၀ ခန့်နဲ့၊ V2ကုလားပဲကတင်း ၈၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်က ကြားသိရပါ တယ်။ ဒီတစ်ပတ် ပဲဈေးကွက်မှာ ပဲစင်းငုံနီရောင်းအားဝယ်အား ဆက်လက်ကောင်းမွန်နေခဲ့ပြီး၊ အဓိကရန်ကုန် ဝယ်လက်ဖြစ် တယ်လို့ ဆိုပါတယ်။ ငွေပြန်ဖော်လိုသူတွေ အကျိုးအမြတ်ရ နိုင်မယ့် ပဲကိုပြောင်းလဲ လှောင်လို သူတွေ ထုတ်ရောင်းခဲ့ကြ သလို ရန်ကုန်ဝယ်လက်အဆွဲ သွက်ခဲ့လို့ တစ်တင်း ၂၀၅၀၀ ကျပ်ကနေ ၂၂၃၀၀ ကျပ်ထိ တက်ဈေး ဖြစ်ပေါ်ခဲ့တာတွေ့ ရပါတယ်။ အရောင်းအဝယ်ပမာဏအားဖြင့် မုံရွာကုန်စည် ဒိုင်မှာယခုတစ်ပတ်အတွင်း တင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး၊ ရန်ကုန် ကိုရေလမ်းကနေ တင်း ၃၀၀၀၀ ခန့် တင်ပို့ပြီးစီးခဲ့တယ်လို့ ကုန်သည်နဲ့ ရေယာဉ်ကိုယ် စားလှယ်များက ဆိုပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီးဈေးကွက်မှာတော့ အိန္ဒိယ တင်ဖို့  ရန်ကုန်အဝယ်တော်တချို့  ပဲစုဆောင်းဝယ်ယူမှု ရှိတဲ့အတွက် တစ်တင်း ၂၀၅၀၀ ကျပ်ကနေ ၂၁၀၀၀ ကျပ်သို့ တက်ဈေးဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ပစ္စည်းလက်ကျန် နည်းပေမယ့် အရည်အသွေး အနည်းငယ်နိမ့်လို့ ဈေးအရနည်း သလို ရောင်းလက်ရှာတဲ့အတွက် တစ်ပတ်အတွင်း တင်း ၁၅၀၀ မှ ၂၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်မုံရွာ ပဲကြီးဈေးကွက်မှာတော့ လှောင် လက်တချို့ ထုတ်ရောင်းခဲ့ကြလို့ ဈေးအားဖြင့် တစ်တင်း ၂၅၀၀၀ ကျပ်ကနေ ၂၄၈၀၀ ကျပ်ထိ အနည်းငယ် ကျဆင်း သွားတာတွေ့ရပါတယ်။ နယ်အဝင်များတဲ့ရက်တွေမှာ တစ် ရက် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသတွင်း လက်လီအရောင်းအနေနဲ့ တစ်ပတ်အတွင်း တင်း ၁၅၀၀ ခန့် သာ ရှိတယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်
 

Monday, 27 Aug 2012

မုံရွာခရိုင် ၈ မြို့နယ်ရဲ့ မိုးသီးနှံပဲမျိုးစုံ စိုက်ဧက ၃ သိန်းခွဲနီးပါးရှိတဲ့အနက် ပဲစင်းငုံစိုက်ပျိုးမှုက  ဧက ၂ သိန်းခွဲရှိတဲ့အတွက် စုစုပေါင်း ပဲစိုက်ဧကရဲ့ ၃ ပုံ ၂ ပုံခန့်ထိ ပမာဏများပြားခဲ့တာတွေ့ရပါတယ်။

Pages