Background
ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ချင်းခြောက်များကို မူဆယ်နဲ့ မြဝတီနယ်စပ်တို့မှ ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ၁၁၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၀ ကျော် ပိုမိုတင်ပို့ ခဲ့တယ်လို့သိရပါ တယ်။ မူဆယ်မှ ၁၁၄ တန်နဲ့ မြဝတီမှ ၃ တန်ကျော် တင်ပု့ိခဲ့တာဖြစ်ပါတယ်။MIRT(DOBT)
ပြည်မြို့မှ ပဲပွဲရုံများကို ပဲဝင်ရောက်မှု နည်းနေခဲ့ပြီး၊ ယခင်တစ်ပတ်က ပဲဈေးမြင့်လာတာကြောင့် လှောင်ပဲများကို ထုတ်ရောင်း ချကြလာကြပါတယ်။ ယခု တစ်ပတ်အတွင်း ပဲဈေးမှာ ဈေးမြင့်လာခဲ့ရာမှ ဈေးပြန်အေးသွားခဲ့တဲ့အတွက် လက် ကျန်ပဲအနည်းငယ် ထုတ်ရောင်းကြသူများလည်း ရှိနေသေးတာ တွေ့ရပါတယ်။
ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို ပဲတီစိမ်းအသစ်များ ယခင်အပတ် ကထက် ဝင်ရောက်မှုများလာခဲ့ပါတယ်။ ဇူလိုင်လဆန်း မှစပြီး ပဲသစ်များ ဈေး ကွက်ကို စတင်ဝင်ရောက်ခဲ့ကြပြီး၊ ယခုဆိုရင် ဒေသတွင်း မြို့နယ်များမှပါ ထွက်ရှိ လာတဲ့အတွက် တစ်ရက်ကို အိတ် ၂၀၀ ခန့် ဝင်ရောက်လာခဲ့တာကို တွေ့ရပါ တယ်။
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၂၃၃၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ် မှာ ၂၄၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ကုလားပဲဝင်ရောက်မှု အနေနဲ့ အဝင်နည်းလာခဲ့ပြီး လက်ကျန်များနဲ့သာ အရောင်း အဝယ်ဖြစ်နေပါတယ်။ ယခုတစ်ပတ်အတွင်း ဒေသတွင်းခွဲစက်သမားများ အဝယ်ရှိ ပြီး၊ ရခိုင်ပြည်နယ်မှလည်းအနည်းငယ်အဝယ်ရှိကာတစ်နေ့အိတ် ၂၀၀ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။လွင်လွင်ဆန်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ ၁ ဒသမ ၁၅၃ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၄၇၂ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၂ သန်းတန်ဖိုးရှိ ပဲတီစိမ်းခြမ်း ၄၅ ဒသမ ၅၀၀ တန်ကို ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲတီစိမ်း ၈၁၅ တန်နဲ့ ပဲတီစိမ်းလုံးခြမ်း ၂၁ တန်ခန့် တင်ပို့မှုလျော့ခဲ့ပါတယ်။ နှစ်ဘက်မြေပြင်ဈေးများ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်-
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၉၀ သန်းတန်ဖိုးရှိ ပဲယင်း ၁၈၇ ဒသမ ၇၅၀ တန်၊ ကန်ဒေါ်လာသုညဒသမ ၀၅၀ သန်းတန်ဖိုးရှိ ပဲနီကြား ၆၄ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၁၃၇ သန်းတန်ဖိုးရှိ ပဲကြီး ၁၄ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲယင်း ၁၁၆ တန်ခန့်၊ ပဲနီကြား ၅ တန်ကျော် အပို့ပိုခဲ့ပြီး ပဲကြီးကိုတော့ ယခင်အပတ်က အပို့မရှိခဲ့ဘူးလို့ သိရပါ တယ်။ MIRT(DOBT)
အိန္ဒိယနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရေးကြီးတဲ့ မုတ်သုံမိုးပုံမှန်ထက်နည်းလို့ သီးနှံတွေ ထိခိုက်ပြီး စားသောက်ကုန်ဈေးတွေ မြင့်တက်ခဲ့ပါတယ်။ ယခုအချိန်ထိ မုတ်သုံမိုးက ပုံမှန်အောက် ၅ ပုံ ၁ ပုံ လျော့နည်းခဲ့ပါတယ်။ မကြာသေးမီက ရွာတဲ့မိုးကလည်း မလုံလောက်လို့ ဒီမိုးနည်းတဲ့ ပြဿနာဟာ လျော့မသွားဘူး ဖြစ်နေပါတယ်။ ဥပုသ်လ ရာသီလဲဖြစ်နေတော့ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲဈေးတွေအတက်ကြမ်းပြီး တက်လိုက် ကျလိုက်ကစားနေပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်ရှိ ပဲဈေးနှုန်းများ ယခု ဇူလိုင်အတွင်း ဈေးမြင့်လာခဲ့ပါတယ်။ မတ်ပဲဈေးကွက်မှာ ယခင်အပတ်အတွင်း တစ်တင်း ၁၆၆၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ မြင့်တက်လာခဲ့ပြီး၊ လှောင်လက် သမားများမှလည်း ထုတ်ရောင်းချလာကြတာကြောင့် ရန်ကုန်ဘုရင့်နောင်ကို တစ်ရက် အိတ် ၃၅၀၀ ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ဒေသတွင်းစက်သမားများသာမက ရန်ကုန်ဝယ်လက် ပါရှိပြီး၊ ပဲအားလုံး ဈေးအမြင့်ဆုံး ပေါက်ခဲ့တာတွေ့ရပါတယ်။ ထိုင်ဝမ် တစ်တင်း ၂၃၇၀၀ ကျပ်၊ V2 တစ်တင်း ၂၄၅၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၂၄၀၀၀ ကျပ်အသီးသီးဈေးအမြင့်ဆုံး ပေါက် ခဲ့ပါတယ်။
ယခု တစ်ပတ် ပဲမျိုးစုံတင်ပို့မှုမှာ ကုလားပဲမှအပ ကျန် ပဲများမှာ တင်ပို့မှု ဆက်လက်လျော့နေဆဲဖြစ်ပါတယ်။ ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အတွင်း ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၂၃၇၀၈ သာရှိတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တင်ပို့မှု တန်ချိန် ၃၁၇၈၅ ရဲ့ ၇၅ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။
