Main menu

Background

Monday, 2 Jul 2012

    ပရဆေးကုန်ကြမ်းများ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အပို့ ရှိသလိုအသွင်းလည်းရှိရာ ယခုအပတ်မှာ မူဆယ်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ အပို့ရှိခဲ့ပြီး တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အသွင်းရှိခဲ့ပါတယ်။ ယခု အပတ်မှာ မူဆယ်မှကန်ဒေါ်လာ ၂ ဒသမ ၀၁၄ သန်းတန်ဖိုး ရှိ ပရဆေး ၁၅၁၄ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ စမုံနက် ၁၂ တန် မြဝတီမှ အပို့ရှိခဲ့ပါတယ်။

Monday, 2 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၄၀ ကျော်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၂၀၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၅ တန်ကျော်အပို့ရှိခဲ့ရာ ယခုသီတင်းပတ် တရုတ်နယ်စပ်မှ ရေ ထွက်ကုန်တင်ပို့နိုင်မှုမှာ ၅၈၆ တန်ကျော်ဖြစ်ပါတယ်။

Sunday, 1 Jul 2012

    ဖိလစ်ပိုင် ကြက်သွန်ဖြူစိုက် တောင်သူများအတွက် လက်ရှိ ဈေးနှုန်းမှ အကျိုးအမြတ်ခံစားခွင့်ရရှိစေဖို့ ယာယီအား ဖြင့် ကြက်သွန်ဖြူတင်သွင်းခွင့် အသစ်များထုတ်ပေးခြင်းကို ရပ်တန့်ဖို့ အစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။ ပြည်တွင်း ကြက်သွန်ဖြူ ထုတ်လုပ်မှုဟာ ယခုနှစ်အတွက် နိုင်ငံ လိုအပ်ချက် ဖြည့်ဆည်းဖို့ လုံလောက်တာထက် ပိုမိုတယ် လို့ တောင်သူတွေက ဆိုပါတယ်။

Sunday, 1 Jul 2012

    တရုတ်နိုင်ငံတွင်းရဲ့ ကြက်သွန်ဖြူဈေးနှုန်းတွေမြင့်မားလာမှုကြောင့် ပြည်ပမှအဝယ် အော်ဒါတွေ လျော့ကျသွားတယ်လို့ သိရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကြက်သွန်ဖြူတင်ပို့မှု မြှင့်တင်နိုင်မယ့် ဦးစားပေးမူဝါဒတွေ ထုတ်ပြန်ပေးနိုင်ဖွယ်ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဇွန် ၂၀ ရက်မှာ ပြောကြားခဲ့တယ်။

Sunday, 1 Jul 2012

    မန္တလေးဝယ်လက်တွေ အဝယ်ရှိနေတာကြောင့် ဟိုပုံးနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးကတစ်ဆင့် မူဆယ်ကို တင်ပို့နေပြီး၊ ဟိုပုံးနနွင်းက ဆင်တောင်နနွင်းထက်ဈေးချိုတာရယ်၊ ကျစ်တာရယ် ကြောင့် ဝယ်ယူမှုပိုများတယ်လို့ သိရပါတယ်။ ဟိုပုံးနနွင်းကို ၁ လပိုင်းကနေ ၆ လပိုင်းအထိ ၆ လအတွင်း ပိဿာချိန် ၆ သိန်းကျော်အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်းပေါက်ဈေးက ၆၅၀ ကျပ်ဈေးရှိပါတယ်။

Sunday, 1 Jul 2012

    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့မြဝတီတို့မှ ကန်ဒေါ်လာ သုည ဒသမ ၅၄၀ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၃၄၈ တန်ခန့်ကို ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၁၂ တန် အပို့ ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၃၃၄ တန်နဲ့ မြဝတီမှ ၁၄ တန်ခန့် ဖြစ်ပါတယ်။MIRT(DOBT)

Sunday, 1 Jul 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်းတန် ၃၀ ကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက အာရပ်စော်ဘွား များပြည်ထောင်စုပဲဖြစ်ပါတယ်။ မေလကုန်အထိသာ အပို့ရှိခဲ့ပြီး နှစ်ပတ်ဆက်တိုက်အပို့ပျောက်နေခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင်မေလတင်ပို့ခဲ့တဲ့ နနွင်းက FOB ဈေးကန်ဒေါ်လာ ခုနှစ်ရာနီးပါးရရှိခဲ့တဲ့ နနွင်းဈေးက ဒီတစ်ပတ်မှာ ကန်ဒေါ်လာ ငါးရာဝန်းကျင်သာ ရရှိခဲ့ပါတယ်။MIRT(DOT)

Sunday, 1 Jul 2012

    ပြည်ကြက်သွန်နီဈေးကွက်ကို ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူ ဘက်မှ ကြက်သွန်နီများ၃၅ ပိဿာဝင်အိတ် ၅၀၀ ခန့် ရက်ခြားအဝင်ရှိပြီး၊ အရောင်း အဝယ်မှာလည်း တစ်ရက်ကို အိတ် ၆၀ ခန့်သာ အရောင်း အဝယ်ဖြစ်ပြီး၊ ဈေးကွက် အတွင်း အရောင်းအဝယ်ပါးတာကြောင့် ဈေးအေးသွားခဲ့ကြောင်းသိရပါတယ်။ ပြည် ပွဲရုံများရဲ့ ဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာကို ၅၀ ကျပ်ခန့်ဈေးကျပြီး၊ ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၆၀၀ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၃၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။                        ဝင်းဝင်းခိုင်

Sunday, 1 Jul 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပြည်ပကိုမန်ကျည်း ၁၆၉ ဒသမ ၉၈ တန်ကို ဇွန် ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ် အတွင်း မလေးရှားနိုင်ငံကို ၁၄၄ ဒသမ ၉၈ တန်နဲ့ ထိုင်းနိုင်ငံကို ၂၅ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်တစ်ရာငါးဆယ် ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်းပတ်ထက် ဆယ်တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါ တယ်။ FOB ဈေးကတစ်တန်ကိုကန်ဒေါ်လာငါးရာနှစ်ဆယ်ကျော်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းနီးပါးရရှိခဲ့ပါတယ်။                                      MIRT (DOT)

Sunday, 1 Jul 2012

    ချင်း(ဥမ)တွေကတော့ အောင်ပန်းဈေးကွက်မှာ ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှ ပိဿာချိန် ၁၀၀၀ ခန့်အဝင်ရှိနေပါတယ်။ ချင်းထိုးသမားတွေက ချင်း(ဥမ)ကိုပိုပြီးကြိုက်ကြပါတယ်။ဥမကဖောင်းပြီးကြီးတာကြောင့် လှီးရတာလွယ်ကူ တယ်လို့ ဆိုပါတယ်။ ချင်းတက်ကတော့ လှီးရတာ လက်ဝင်တာကြောင့် ဥမပေါ်ချိန် ဆို ဥမကိုသာအဆွဲများပါတယ်။

Pages