Background
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တောနယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၁၃၄ သန်းတန်ဖိုးရှိ မတ်ပဲ ၂၃၂ တန်ကျော်ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေ ကတော့ စစ်တွေမှ ၂၆ တန်နဲ့ မောင်တောမှ ၂၀၆ တန်ကျော်ဖြစ်ပါတယ်။ ယခင် အပတ်ကထက် တန် ၁၀၀ ဝန်းကျင်အပို့ပိုခဲ့ပါ တယ်။ မေလ အတွင်းနယ်စပ်မှ မတ်ပဲ တန် ၃၇၀ ကျော်အပို့ရှိခဲ့ပြီး ယခင်လကထက် ၆၃ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ပထမနှစ်လတာမှာ နယ်စပ်မှ မတ်ပဲတန် ၈၀၀ ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)
ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲဈေးအေးနေပါ တယ်။ အိန္ဒိယရူပီးတန်ဖိုး ဆက်လက်ကျ ဆင်းနေခြင်းကြောင့် တင်သွင်းမတ်ပဲဈေး ကြီးမြင့်လာတဲ့အတွက် ဝယ်ယူမှုနည်းပြီး ဈေးအေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းသူများမှလည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် တင်သွင်းမှု လျော့ကျ လာရာ မေ ၂၉ ရက်မှာ မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာ မတ်ပဲကွန်တိန်နာ ၂၅ လုံးသာ ဝင်ရောက်တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း မတ်ပဲ FAQ ၊ SQ နဲ့ အခွံချွတ်နေ့စဉ်အရောင်းအဝယ်ဖြစ်ရာ မေလ ၂၅ ရက်မှ၃၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ နီးပါး အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေက တန်ချိန် နှစ်သောင်းအထက်ထိ တင်ပို့မှုအားကောင်းခဲ့ရာ ယခုတစ်ပတ်မှာတော့ အနည်းငယ် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မေ ၂၁ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ စုစုပေါင်း တန်ချိန် ၁၉၀၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံတောင်ပိုင်း Binh Phuoc ပြည်နယ်မှာ သီဟိုစေ့ဈေးနှုန်းတွေ ထိုးကျတာကြောင့် တောင်သူတွေက သည်း မခံနိုင်တော့ဘဲ သီဟိုဠ်ပင်တွေကိုခုတ်လှဲပြီး ရော်ဘာစိုက်ပျိုးဖို့ စိုင်းပြင်နေကြောင်း သိရပါတယ်။ အပင်အိုများ သာမက ပင်ပျိုများကိုပါ ပြည်နယ်တစ်ဝန်းခုတ်လှဲခံနေရကြောင်း သိရပါတယ်။ Phuoc Long ခရိုင်တွင်းရှိ Dong Xoai မြို့လမ်း တလျှောက်မှာ ၃ မီတာကျော်ရှိ သီဟိုသစ်လုံးတွေ တောင်ပုံရာပုံဖြစ်နေကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ တိုကျိုနဲ့ ရှန်ဟိုင်းကုန်စည်ဒိုင်တွေကနေ ရော်ဘာမက်ထရစ် တန်ချိန် ၁ သောင်းခန့် ဝယ်ယူမယ်ဆိုတဲ့ စီမံကိန်းက ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေကို အထောက်အပံ့အနည်းငယ်ပြုစေကြောင်း ဒေသ ဆိုင်ရာမီဒီယာများရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ နိုင်ငံပိုင်ရော်ဘာစိုက်ပျိုးရေးအဖွဲ့အစည်း REO က မိုးရွာ သွန်းမှုကြောင့် ရောင်းလိုအားထိခိုက်စေပြီး ပင်လယ်ရပ်ခြား ကုန်သွယ်ရေးစာချုပ်တွေ ပြည့်မီအောင်ဆောင်ရွက်ဖို့အတွက် ရော်ဘာတင်သွင်းပြီး ပြန်လည်တင်ပို့ခြင်း ကို ဆောင် ရွက်မယ်လု့ိ REO ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောကြားခဲ့ပါတယ်။
ဥရောပဇုန်ရဲ့ ကြွေးမြီအကျပ်အတည်းပြဿနာတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရောင်းလိုအား အကျပ် အတည်းကြောင့် ရော်ဘာတင်သွင်းမယ့် စီမံကိန်းသတင်းကြားပြီးနောက် အိန္ဒိယနဲ့ တရုတ်ရဲ့ ဝယ်လိုအားလည်း တိုးလာတာ ကြောင့် အဓိကကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE)၊ တိုကျိုကုန်စည်ဒိုင် (TOCOM)၊ ဘန်ကောက်ဈေးကွက်တို့မှာရော်ဘာဈေးနှုန်းတွေ မြင့်တက်လာကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၆၇၄ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ တန် ၁၀၇၀ ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၁၀၃ တန်ကျော်အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရော်ဘာတင်ပို့နိုင်မှုတွေကတော့မူဆယ်မှ MSR-20 ၁၂၇ တန်၊ MSR-50 ၅၃ တန်၊ RSS-3 ၁၄၅ တန်နဲ့ ရော်ဘာဖြတ်စ ၁၅ တန်၊ ချင်းရွှေဟော်မှ MSR-20 ၄၅ တန်ခန့်နဲ့RSS-3 ၆၈၅ တန်ကျော် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT)
မေ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၀၅ တန်နီးပါး၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၄၁၆ သန်းဖိုး တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခင်ရက်သတ္တပတ်ထက် တင်ပို့မှု တန် ၇၀ လောက် လျော့နည်းခဲ့ပါတယ်။ တင်ပို့မှု တွေကတော့ တရုတ်ကို တန် ၃၀၀၊ မလေးရှားကို တန် ၁၀၀၊ ကိုရီးယားကို ၃၆၃ တန်နီးပါးနဲ့ စင်ကာပူကို ၂၄၂ တန်နီးပါး အသီးသီးတင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ယခင်ရက်သတ္တပတ်ထက် တန် ၁၀၀ ကျော် ပိုမိုပြီး ၁၀၇၀ တန် တင်ပို့နိုင်တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၀၅၀-၃၁၅၀) ဒေါ်လာကြား ဈေးပေါက်ကြောင်း သိရပါတယ်။ KZW
ဟင်္သာတဈေးကွက်အတွင်းအစေ့ထုတ်ပြောင်းများ အဝင်လှိုင်သလို အရောင်း လည်း သွက်လာပါတယ်။ ယခင်တစ်ပတ်က အစေ့ထုတ်ပြောင်းဈေးမှာ ပိဿာ ၂၀ တစ်တင်း ၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၆၃၀၀ ကျပ်ဈေးနဲ့ ယခင်တစ်ပတ်ထက် ဈေးပိုမြင့်လာသလို ရောင်းအားလည်းပိုကောင်း လာပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် တစ်ရက် ပျမ်းမျှ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင် တယ်လို့သိရပါတယ်။အေးအေးခိုင်
