Background
အိန္ဒိယပြည်တွင်းမှာ နွေစိုက်ပဲတီစိမ်းတွေ အသစ်ဝင်လာပြီဖြစ်လို့ ပြည်တွင်းပဲဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပက တင်သွင်းတဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးကတော့ ငြိမ်နေပါတယ်။ နွေပဲတီစိမ်း စိုက်ပျိုးမှုက ယခင်နှစ်ထက် ပိုမိုပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ ရေသွင်းဖို့ ပြဿနာရှိလို့ ပဲအထွက်က တစ်ဧကကို ကီလို ၅၀၀-၈၀၀ အတွင်းသာ ထွက် နိုင်တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၃၅၆ တန်ကျော်ကို မေလ၂၃ ရက်မှ ၂၉ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုကတော့ ပုံမှန်ပမာဏအတိုင်းသာ သွားနေပါတယ်။ ယခင်တစ်ပတ် အလားတူ မေ၂၁-၂၅ ရက်အတွင်းမှာလည်းတန်ချိန် ၉၂၀၀ ကျော်သာတင်ပို့မှုရှိခဲ့ပါတယ်။အဓိကတော့ ဗီယက်နမ်မှတစ်ဆင့် တရုတ် ကို တင်ပို့မှုများကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်တွေက ပြည်တွင်းမှာ ပဲတီစိမ်းအသစ်ထွက်နေလို့ အရည်အေ သွး ကောင်းတဲ့ ပဲတီရွှေဝါ တချို့သာ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။
မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ် နယ် စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၆၇ တန်ကျော်နဲ့ မြဝတီမှ ကန်ဒေါ်လာ သုညဒသမ ၀၂၀ သန်းတန်ဖိုးရှိ ပဲလွန်း ဖြူ တန် ၃၀ ကိုအပို့ရှိခဲ့ရာ ယခင်အပတ် က ထက် ၄၅ တန်ကျော်အပို့ပိုခဲ့ပါ တယ်။ မိမိဘက် မူဆယ် မြေပြင်ဈေး အနည်းငယ် မြင့်တက်လျက် ရှိပြီး တစ်ဘက်နိုင်ငံဈေးမှာ သုံးဒေါ်လာခန့် လျော့နည်း ခဲ့တယ်လို့ သိရှိ ရပါတယ်။
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့တဲ့ တန်ချိန် ၉၀၀ ထက်ပိုပြီး ယခုတစ်ပတ် (မေလ ၂၁-၂၅ ) အတွင်းမှာ တန်ချိန် ၁၄၅၀ ခန့်ထိ ပိုမို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ် ပိုင်၊စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ဖြစ် ပါတယ်။
ပဲစင်းငုံစိုက်ပျိုးတဲ့ အိန္ဒိယနိုင်ငံပြည်နယ်များမှာ မိုးရွာသွန်းပြီး၊ သီးနှံထိခိုက်ခဲ့တဲ့ အတွက် ပြည်တွင်းပဲ အထွက်လျော့လာကာ လာမယ့်ကာလတွေမှာပဲစင်းငုံဈေးနှုန်း မြင့်တက်ဖွယ်ရှိနေပါတယ်။ ပြည်တွင်းဈေးကွက်များမှာ ပြည်ပတင်သွင်းပဲ အပေါ် မှီခိုရမှာဖြစ် လု့ိ ရူပီးတန်ဖိုး စံချိန်တင်ပမာဏကို ကျဆင်းနေခြင်းက တင်သွင်း ပဲဈေး တွေကြီးမြင့်လာဖို့ ဖြစ်နေပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲခွဲစက်များနဲ့ ကုန် သည်များ အဝယ်အသစ် ထွက်လာတာကြောင့် ပဲစင်းငုံဈေးမြင့်တက်လာခဲ့ပါ တယ်။ ပြည်တွင်းဖြန့်ဖြူးဖို့ အဝယ်တင်ဒါရှိနေတဲ့အပြင် ရူပီးတန်ဖိုးကျဆင်းနေခြင်းတို့ကြောင့် ပဲစင်းငုံဈေး သိသိသာသာ ပိုလာခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က ပဲစင်းငုံတန် ၆၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၂၅-၃၁ ရက်)အတွင်းမှာတန်ချိန် ၁၁၀၀၀ ကျော်ထိ တစ်ဆခန့် ပိုမိုခဲ့ပါတယ်။ အိန္ဒိယကုန်သည်များလက်ထဲမှာ လက်ကျန်နည်းလာပြီဖြစ်လို့ ပဲစင်းငုံဝယ်လိုအား ကောင်းလာခဲ့တာဖြစ်ပါတယ်။
ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုလာပါတယ်။ မေ ၂၁ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၉၈၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခင် တစ်ပတ်တင်ပို့မှုတန်ချိန် ၈၉၀၀ ထက် ပိုမိုခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၂၅ ရက်အထိ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၉၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂ သန်းနီးပါးရှိခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့မှုတန်ချိန် ၂၃၀၀၀ ကျော်မှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၁၉ သန်းခန့်နဲ့ ယှဉ်ရင် ပမာဏအားဖြင့် ပိုမို တင်ပို့ခဲ့သလို ဝင်ငွေမှာလည်း ပိုမိုရရှိတာတွေ့ရပါတယ်။ ယခင်နှစ်နဲ့ ယခုနှစ်ပဲစင်းငုံ ဈေးနှုန်း ကွာဟမှုနည်းတဲ့အတွက် ရရှိတဲ့ဝင်ငွေ သိသိသာသာလျော့ နည်းမှုမရှိတာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပဲစင်းငုံတင်ပို့မှုပိုကောင်းလာဖွယ် ရှိပါတယ်။ MIRT - MAPT
ယခင်တစ်ပတ်က ပြည်ပဲဈေးကွက်မှာ ပဲတစ်တင်းကို ၁၂၁၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ် ၁၂၃၀၀ ကျပ်ဈေးနဲ့ ဈေးအနည်းငယ်တက်ခဲ့တယ်လို့ သိရပါတယ်။ ပဲအဝင်ပါးလာခဲ့ပြီး ဝက်ထီးကန်၊ ပန်းတောင်းဘက်မှ သာ အနည်းငယ် အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၂၀၀-၃၀၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။
