Background
မေ ၂၀ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၄၇ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၇၀၀ နီးပါး တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို ၂၂၇ တန်နဲ့ မလေးရှားကို တန် ၂၂၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂-၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု ပြန်လည်မြင့်တက်လာနိုင် ဖို့ခန့်မှန်းထားပြီး ချီကာဂိုကုန်သွယ်ရေးအသင်း IGC ကလည်း တရုတ်ကို တင် ပို့မှုဆက်လက်မြင့်မားနိုင်တယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ယခင်အပတ်က ပိဿာ ၂၀ တစ်တင်းကို ၆၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၆၅၀၀ ကျပ်နဲ့ ဈေးဆက်မြင့်နေကြောင်း သိရပါတယ်။ ပြောင်းစိုက်တောင်သူ များ အတွက် တစ်တင်း ကုန်ကျစရိတ်မှာ ၃၆၀၀ ကျပ်ဖြစ်ပြီး၊ တစ်တင်းရောင်းဈေးမှာ ၆၅၀၀ ကျပ်ဖြစ်လို့ တောင်သူများအတွက် အကျိုးအမြတ်ရရှိပြီး၊ ရောင်းအားလည်း ပိုကောင်းလာပါတယ်။ ရန်ကုန်ဈေးကွက်ကို တစ်ရက် ပျမ်းမျှ အိတ် ၃၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၆၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၆၄၉ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တ င်ပို့နိုင်မှု တွေကတော့ မူဆယ်မှ ၄၈၃၄ တန်ကျော်၊ လွယ်ဂျယ်မှ ၁၂၅ တန်နဲ့ ချင်းရွှေဟော်မှ ၁၆၈၉ တန်ကျော်အသီးသီးဖြစ်ပါတယ်။
မေလ ၂၀ မှ ၂၆ ရက်ထိကာလအတွင်း ပြောင်း ၁၂၂၄ တန်၊ တန်ဖိုး ဒေါ်လာသုညဒသမ ၃၇၂ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ကြောင်း သိရ ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၄၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ တင်ပို့မှု တွေကတော့ စင်ကာပူကို ၇၃၄ တန်နဲ့ ဗီယက်နမ်ကို တန် ၄၉၀ အသီးသီး တင်ပို့ ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းမှ နို့ဆီအဝင်နည်းပြီး၊နို့စိမ်းအဝင်ပျောက်သီတင်းတစ်ပတ်ဖြစ်တဲ့ မေ ၂၀ ရက် မှ ၂၆ ရက်တာကာလအတွင်း နို့ဆီ အဝင် တန်ချိန် ၁၇၇ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ခြောက်သောင်းကျော် ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန် ချိန် ၄၇၀ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ အဝင်အားနည်းခဲ့ပါတယ်။ နို့စိမ်း က ယခင်တစ်ပတ်တန်ချိန် ၃၀၀ နီးပါး တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ နို့စိမ်းအဝင် ပျောက်ခဲ့ပါတယ်။
အိန္ဒိယကြက်သွန်နီတင်ပို့သူများဟာ ပြည်ပဝယ်လက်များမှ အရည်အသွေးပြဿနာများနဲ့ ပတ်သက်လို့ ပြောကြားမှု တွေကြောင့်၎င်းင်းတို့ပို့ကုန်များ ပြန်လည်သိမ်းယူမှုစတင်ရတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု ၁၀ ခုအနက် ၆-၇ ခုနဲ့ ပတ်သက် လို့ အရည်အသွေးပြဿနာစောဒကတက်ခြင်းခံရတယ်လို့ ကြက်သွန်နီတင်ပို့တဲ့ United Pacific Agro ကုမ္ပဏီမှ ဒါရိုက်တာ Mr Rupesh Jaju မှ ပြောကြားပါတယ်။
အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပြည်ပအဝယ်မှာယူမှုအသစ်မရှိခြင်း၊ ထုတ်လုပ်မှုမြင့်တက်ခြင်းနဲ့ လက်ကျန် များနေခြင်းများကြောင့် နနွင်းဈေး ဆက်လက်ကျဆင်းနေပါတယ်။ လက်ငင်းဈေးကျဆင်းခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်း လျော့ကျ တယ်လို့သိရပါတယ်။ ဈေးနှုန်းနေ့စဉ်ကျဆင်းနေတာကြောင့် နနွင်းစိုက်ပျိုးသူများနဲ့ ကုန်သည်များ အခက်အခဲဖြစ်နေ တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။
ဒီတစ်ပတ် နနွင်းဈေးကွက်ကလည်း ခပ်အေးအေးသာရှိပါတယ်။ ဟိုပုံးနနွင်းတွေက ဒေသတွင်းမှာ လှောင်လက်တွေသာ ဝယ်ယူမှုရှိပါတယ်။ နနွင်းအဝင်ကတော့ အဝယ်ရှိရင် အဝင်ရှိသလို၊ အဝယ်မရှိရင်တော့ အဝင်ကလည်းမရှိပါဘူး။ လှောင်လက် အချို့ကတော့ ဈေးကျနေတဲ့အချိန်မှာဝယ်ပြီးထပ်ထားကြပါတယ်။
ပြည်ပကို မေ ၂၀ ရက်မှ ၂၆ ရက်တာ ကာလအတွင်း နနွင်း ၁၄ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင် သီတင်းပတ်တင်ပို့မှုပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။ တစ်တန်ကို FOB ဈေး ကန်ဒေါ်လာ ခုနှစ်ရာဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
