Main menu

Background

Wednesday, 30 May 2012

    မေ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၀၅ တန်နီးပါး၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၄၁၆ သန်းဖိုး တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခင်ရက်သတ္တပတ်ထက် တင်ပို့မှု တန် ၇၀ လောက် လျော့နည်းခဲ့ပါတယ်။ တင်ပို့မှု တွေကတော့ တရုတ်ကို တန် ၃၀၀၊ မလေးရှားကို တန် ၁၀၀၊ ကိုရီးယားကို ၃၆၃ တန်နီးပါးနဲ့ စင်ကာပူကို ၂၄၂ တန်နီးပါး အသီးသီးတင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ယခင်ရက်သတ္တပတ်ထက် တန် ၁၀၀ ကျော် ပိုမိုပြီး ၁၀၇၀ တန် တင်ပို့နိုင်တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့  RSS-3 တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့  RSS-5 တစ်တန်ကို (၃၀၅၀-၃၁၅၀) ဒေါ်လာကြား ဈေးပေါက်ကြောင်း သိရပါတယ်။                                   KZW

Wednesday, 30 May 2012

    ဟင်္သာတဈေးကွက်အတွင်းအစေ့ထုတ်ပြောင်းများ အဝင်လှိုင်သလို အရောင်း လည်း သွက်လာပါတယ်။ ယခင်တစ်ပတ်က အစေ့ထုတ်ပြောင်းဈေးမှာ ပိဿာ ၂၀ တစ်တင်း ၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၆၃၀၀ ကျပ်ဈေးနဲ့ ယခင်တစ်ပတ်ထက် ဈေးပိုမြင့်လာသလို ရောင်းအားလည်းပိုကောင်း လာပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် တစ်ရက် ပျမ်းမျှ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင် တယ်လို့သိရပါတယ်။အေးအေးခိုင်

Wednesday, 30 May 2012

    ဂျုံဈေးနှုန်းမြင့်တက်ခြင်းနဲ့ တရုတ်ရဲ့ဝယ်အားတိုးလာတာကြောင့် ချီကာဂို ကုန်သွယ်ရေးအသင်း CBOT  နဲ့ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် NCDEX  တို့မှာ ပြောင်းဈေးနှုန်း အလားအလာကောင်းနိုင်ဖွယ်ရှိကြောင်း သိရပါ တယ်။ CBOT  မှာ စက်တင်ဘာလအတွက်အရောင်းအဝယ်ဈေးနှုန်းတက်လာပြီး တစ်တန်ကို ၂၂၀ ဒေါ်လာနဲ့ NCDEX   မှာ သြဂုတ်လအတွက်ဈေးနှုန်းက သုညဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်တန်ကို ၁၂၃၅၀ ရူပီး (၂၃၇ ဒေါ်လာ)ကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ကြက်ဘဲမွေးမြူရေး လုပ်ငန်းတွေမှာ ပြောင်းအစားထိုးအသုံးပြုနေတဲ့ ဂျုံဈေးနှုန်းမြင့်တက်မှုနဲ့ အိန္ဒိယနိုင်ငံမှာ ကြက်ဘဲမွေးမြူရေးလုပ်ငန်းတွေကနေ ဝယ်လိုအားတက်လာတာေ ကြာင့်ပြောင်းေ ဈးနှုန်းမြင့်တက်ဖွယ်ရှိကြောင်း အစီရင် ခံစာများမှာဖော်ပြထားပါတယ်။ အဓိကတင်ပို့တဲ့နိုင်ငံတွေမှာ ခြောက်သွေ့တဲ့ ရာသီ ဥတုကြောင့် ထုတ်လုပ်မှုထိခိုက်ပြီး ဂျုံဈေးတက်နေကြောင်း သိရပါတယ်။ ဒါ့အပြင် မကြာတော့မယ့် ကာလမှာ တရုတ်နိုင်ငံကလည်း ပြောင်းတိုးမြှင့် ဝယ်ယူမယ်လို့ သိရပါတယ်။ Source: Commodity online  , KZW

Wednesday, 30 May 2012

    မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၃၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၇၇၇ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ် ကထက် ၂၇၆၉ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ထက် မူဆယ်မှ တန် ၂၀၀၀ ခန့်၊ ချင်းရွှေဟော်မှ ၂၈၆ တန်နဲ့ လွယ်ဂျယ်မှ ၄၈၆ တန်လျော့နည်း တင်ပို့ ခဲ့တာဖြစ် ပါတယ်။ ယခုအပတ်နယ်စပ်အလိုက်ပြောင်းတင်ပို့မှုတွေကတော့ မူဆယ်မှ ၇၄၃၅ တန်ကျော်၊ လွယ်ဂျယ်မှ ၄၄၂ တန်နဲ့ ချင်းရွှေဟော်မှ ၁၉၀၀ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကိုဒေသထွက်ပြောင်းကားအဝင်စီးရေ ၈၀ မှ ၁၀၀ ကြားသာ အဝင်ရှိပြီး ကုန်တက်နည်းနေတယ်လို့ သိရပါတယ်။ ပြောင်းအေ ဟာင်းတစ်တန်ကိုယွမ် ၂၁၀၀ ကျော်နဲ့ ပြောင်းအသစ်တစ်တန်ကို ၂၂၄၀ ကျော်ဈေးပေါက်လျက်ရှိတယ် လို့ သိရပါတယ်။ မိမိဘက်ရောတစ်ဖက်ရွှေလီ မှာပါ ပြောင်းဈေးများ အနည်းငယ် လျော့ ကျလျက်ရှိပါတယ် -

Wednesday, 30 May 2012

    မေ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၈၄၀ တန်၊တန်ဖိုးဒေါ်လာ သုညဒသမ ၅၀၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်ထက် တန် ၁၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့စင်ကာပူကို တန် ၁၆၀၀ နဲ့ ဗီယက်နမ်ကို တန် ၂၄၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကတော့ ပြောင်းအပို့ကျပြီး တန် ၁၀၀၀၀ နီးပါးသာ တင်ပို့နိုင်ခဲ့ တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာကြား ဈေးရလျက်ရှိပါတယ်။                              K.Z.W

Monday, 28 May 2012

    ပို့ကုန်ဈေးကွက်မှာ စီးပွားရေးအကျပ်အတည်းတွေရှိတာကြောင့် ယခုနှစ် ဒုတိယသုံးလပတ်မှာ အမှာစာတွေ  လျော့ကျခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောပါတယ်။ ပြည်တွင်းပို့ကုန်တင်ပို့သူတွေက သာမန်အားဖြင့် ပို့ကုန်စာချုပ်တွေကို ယခင်နှစ်ကုန်ချိန်မှ ယခုနှစ် တတိယသုံးလပတ်တိုင်အောင် လက်မှတ်ရေးထိုးကြကြောင်း ဟိုချီမင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဗဟိုဌာနရဲ့ညွှန်မှူးက ပြောကြားခဲ့ပါ တယ်။

Monday, 28 May 2012

    ပြည်ငရုတ်ခြောက်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း ဟင်္သာတ ငရုတ်ခြောက်များ ပိဿာ ၂၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ အရောင်းအဝယ်မှာ တစ်ပတ်တွင်းမှာယူတင်သွင်းသလောက်ကို ငရုတ်သီးမှုန့် လုပ်ငန်းများ လက်လီ၊ လက်ကားရောင်းဝယ်သူများမှ အဝယ်ရှိနေလို့ ပွဲရုံများမှာ လက်ကျန်မရှိ၊ တစ်ပတ်ခြင်းကို ပစ္စည်းပြတ်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက် ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာကို (အရှည်) ၁၉၀၀ ကျပ်၊ (မိုးထောင်) ၂၈၀၀-၂၉၀၀ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိနေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်

Monday, 28 May 2012

    ဗီယက်နမ်နိုင်ငံရဲ့ငရုတ်ကောင်းတင်ပို့မှုက ၂၀၁၂ ခုနှစ် နှစ်ကုန်မှာဝင်ငွေဒေါ်လာ (၈၅၀ -၉၀၀ ) သန်း အထိရှိနိုင်မယ်လို့ ခန့်မှန်းကြောင်း ဗီယက်နမ်ငရုတ်ကောင်းအသင်း (VPA) ကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်ခန့်ကတော့ ဗီယက်နမ်ရဲ့ ငရုတ်ကောင်းတင်ပို့မှုတန်ချိန် ငါးသောင်းခန့်သာရှိပြီး တန်ဖိုးဒေါ်လာသန်း ၉၀ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၁၁ မှာတော့ တင်ပို့မှုတန်ချိန် ၁၂၀၀၀၀ နဲ့ တန်ဖိုး ဒေါ်လာ ၆၉၃ သန်း ရရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်ထက်တန်ချိန် ၁၂၀ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၆၆၅ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း သိရပါတယ်။

Monday, 28 May 2012

    အိန္ဒိယနနွင်းစိုက်ပျိုးသူများဟာ ဈေးနှုန်းပိုမိုမြင့်တက်မယ့်အလားအလာကြောင့် အရည်အသွေးကောင်း နနွင်းများကို ပြန်လည်သိုလှောင် လာကြတယ်လို့သိရပါတယ်။ ဒါပေမဲ့ အရည်အသွေးအသင့်အတင့်ကောင်းတဲ့ နနွင်းများကိုသာ ဈေးကွက် ယူဆောင်လာတဲ့အတွက် မေ ၂၂ ရက်မှာ ဈေးကျဆင်းခဲ့ကြောင်းသိရပါတယ်။

Monday, 28 May 2012

    ဒီတစ်ပတ် နနွင်းဈေးကွက်ကလည်း ခပ်အေးအေးသာရှိပါတယ်။ ဟိုပုံးနနွင်းတွေက ဒေသတွင်းမှာ လှောင်လက်တွေသာ ဝယ်ယူမှုရှိပါတယ်။ နနွင်းအဝင်ကတော့ အဝယ်ရှိရင် အဝင်ရှိသလို၊ အဝယ်မရှိရင်တော့ အဝင်ကလည်းမရှိပါဘူး။ လှောင်လက် အချို့ကတော့ ဈေးကျနေတဲ့ အချိန်မှာဝယ်ပြီးထပ်ထားကြပါတယ်။

Pages