Main menu

Background

Sunday, 8 Apr 2012

    ပြည်ငရုတ်ခြောက်ဈေးကွက်မှာ အောင်လံနယ်မှ ငရုတ်ခြောက်များ ယခုတစ်ပတ် ပိဿာ ၂၀ ဝင်အိတ် ၅၀ ခန့်သာ ဝင်ရောက်ပြီး၊ အဝင်မရှိသလောက်နည်းနေပါတယ်။ အဝင်နည်းလို့လည်း ဈေးနှုန်းမြင့်လာကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးထက် ၃၀၀ ခန့်တက်သွားပြီး၊ တစ်ပိဿာ(အရှည်) ၂၉၀၀ ကျပ်၊ (မိုးထောင်) ၃၂၀၀ ကျပ်၊ (အပွ) ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါတယ်။                                            ဝင်းဝင်းခိုင်

Sunday, 8 Apr 2012

    ပြည်ကြက်သွန်နီဈေးကွက်သို့ မကွေးတိုင်းဒေသကြီး ဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင် အိတ် ၂၀၀၀ ခန့်သာ အဝင်ရှိပြီး၊ ယခင်အိတ် ၄၅၀၀ ခန့် အဝင်ရှိတဲ့အတွက် ယခု အဝင်နည်း၍ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် မြင့်သွားပါတယ်။ အရောင်းအဝယ်မှာ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး၊ ကြက်သွန်နီ ကြီးတစ်ပိဿာ ၃၈၀ ကျပ်၊အလတ် ၃၃၀ ကျပ်၊ ၃၅၀ ကျပ်၊ အသေး ၂၈၀ ကျပ်ရှိကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်

Sunday, 8 Apr 2012

    အိန္ဒိယနနွင်းဈေးဟာ ၂၀၁၀ စက်တင်ဘာလအတွင်း တစ်တန် ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၃၀) ရှိရာမှ ယခုအခါ ရူပီး ၃၂၀၀၀-၃၅၀၀၀(ကန်ဒေါ်လာ ၆၂၇-၆၈၅)ထိ ကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းတစ်ခုကနေ ထပ်မံ ကျဆင်းမှုကို ထိန်းချုပ်ဖို့ တောင်သူများအနေနဲ့ လာမယ့်ရာသီမှာ စိုက်ဧရိယာကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့် လျှော့ချသင့်တယ်လို့ လယ်ယာ လုပ်ငန်းဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့မှ တိုက်တွန်းကြောင်း သိရပါတယ်။

Sunday, 8 Apr 2012

    အောင်ပန်းဈေးကွက်မှာ နနွင်းက ချင်းလိုပါပဲ၊ အရောင်းအဝယ်အေးနေပါတယ်။ သြင်္ကန်ပွဲတော်ရက်နီးလာ တာကြောင့် အရောင်းအဝယ်ကလည်း ခဏရပ်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ တောင်သူတွေက လက်လီလာရောင်းနေတာ ကြောင့် လှောင်လက်တွေကတော့ဝယ်ပြီး ထပ်ထားနေရတယ်လို့လည်း သိရပါတယ်။

Sunday, 8 Apr 2012

    မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၃၂ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၅၀ ခန့် အပို့လျော့ခဲ့ပါတယ်။ မတ်လတစ်လလုံးမှာတော့ နနွင်းတက် တန် ၁၀၀၀ ကျော် နယ်စပ်မှတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                          MIRT(DOBT) 

Sunday, 8 Apr 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မတ်လ ၂၅ ရက်မှ ၃၁ ရက်ကာလအတွင်း နနွင်း ၁၁၃ ဒသမ ၉၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီ တစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Sunday, 8 Apr 2012

    မူဆယ်နဲ့ စစ်တွေနယ်စပ်တို့မှ မန်ကျည်းမှည့် (အစေ့ပါ)နဲ့ မန်ကျည်းအစေ့ များကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်အတွင်းမှာ တင်ပို့နိုင်မှုကတော့ ကန် ဒေါ်လာ သုည ဒသမ ၄၆၆ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၅၈၄ တန် ကျော်နဲ့ မန်ကျည်းစေ့ ၁၄ တန်ခန့် ဖြစ်ပါတယ်။ နယ်စပ်မှ မန်ကျည်းမှည့် ၂၁၉၈ တန်ကျော် မတ်လမှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။      MIRT(DOBT)

Sunday, 8 Apr 2012

    မတ်လ ၂၅ ရက်မှ ၃၁ ရက် ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှမန်ကျည်း၁၄၈၆ ဒသမ ၅တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ် မန်ကျည်း တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၁၇၅ တန်၊ အင်ဒိုနီး ရှားနိုင်ငံကို ၆၇၂ဒသမ ၅ တန်၊မလေးရှားနိုင်ငံကို ၂၆၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၃၇၅ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။

Sunday, 8 Apr 2012

    သြင်္ကန်နားနီးလာပြီဖြစ်တာကြောင့် ငွေလိုနေတဲ့တောင်သူတွေ ထုတ်ရောင်း လာတာကြောင့်အောင်ပန်းဈေးကွက်မှာချင်းအဝင် များလာပါတယ်။ အချို့တောင်သူ တွေက လက်လီစိတ်နဲ့ ၄ ပိဿာ၊ ၅ ပိဿာ လောက်သာ ရောင်းကြပြီး၊ တချို့ တောင်သူတွေ ကတော့ ပိဿာချိန်ဆယ်ချီပြီး လာရောင်းကြတာကြောင့် နေ့စဉ် ပိဿာချိန် ၄၀၀၊ ၅၀၀ ခန့် ဝင်နေပြီး၊ ဈေးဖိတ်နေ့မှာတော့ ပိဿာချိန် ၁၀၀၀ ခန့် ဝင်နေတယ်လို့သိရပါတယ်။

Sunday, 8 Apr 2012

    ပြည်ချင်းဈေးကွက်မှာ အောင်ပန်းမြို့နယ်မှ ချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်သာ အဝင်ရှိပြီး၊ အဝင်နည်းသွားပါတယ်။ အရောင်း အဝယ်မှာ တစ်ရက် ပိဿာချိန် ၃၅၀ ခန့်နဲ့ ပုံမှန်ရောင်းဝယ် နေပြီး၊ ဈေးနှုန်းလည်း တစ်ပိဿာကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်တို့နဲ့ ပုံမှန်ရှိနေပါတယ်။ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ် ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်

Pages