Main menu

Background

Monday, 12 Mar 2012

    ရှမ်းနနွင်းဈေးမှာ ဈေးအေးနေပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ တရုတ်ဘက်က အဆွဲရှိတဲ့အတွက် ဈေးတက်လာတယ်လို့လည်း သိရပါတယ်။ ဟိုပုံးနနွင်းဈေးကွက်မှာ တစ်ပိဿာ ကို ၉၀၀ ကျပ်ရှိပါတယ်။ မူဆယ်ဘက်က အဆွဲရှိလို့ ပိဿာချိန် တစ်သောင်းခွဲနှစ်သောင်းခန့် အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ နနွင်းအဝင်နည်းနေသေးပါတယ်။ အောင်ပန်းနနွင်းဈေးမှာ တစ်ပိဿာကို ၆၀၀ ကျပ်မှ ၈၀၀ ကျပ်ဈေး ရှိနေပါတယ်။ လက်လီအနည်းငယ်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဆင်တောင်နနွင်းကတော့ တစ် ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                                                                           SYH

Monday, 12 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလအတွင်းနနွင်းတင်ပို့မှုက ၁၅တန်ရှိခဲ့ပြီးဇန်နဝါရီလ နနွင်း တင်ပို့မှုက ၃၆ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ နနွင်းတင်ပို့မှု တန်ချိန် ၇၆ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့မှုက ယခင်နှစ် ဖေဖော်ဝါရီလ တင်ပို့မှုထက်အားလျော့ခဲ့ပါတယ်။                                                                                    MIRT (DOT)

Monday, 12 Mar 2012

    ဟိုပုံးချင်းဈေးကွက်မှာအရောင်းအဝယ်အေးနေပါတယ်။အဝယ်မရှိသလောက် ဈေးအေးနေပြီး ချင်းအခက် ကြီး၊ တစ်ပိဿာ ၂၅၀ ကျပ်၊ အခက်ညံ့ တစ်ပိဿာ ၂၀၀ ကျပ်ရှိပါတယ်။ အရောင်းအဝယ်အေးလို့ အဝင်လည်း အနည်း ငယ်နည်းနေ တယ်လို့ သိရပါတယ်။

Monday, 12 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၅၁ သန်း တန်ဖိုးရှိ နနွင်း တက် ၉၈ တန်ခန့်ကို ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ ပါတယ်။ ဧပြီလမှ ဖေဖော်ဝါရီလထိ ၁၁ လတာ ကာလမှာ နယ်စပ်မှ နနွင်းတက် တန် ၃၁၅၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။                MIRT (DOBT)

Monday, 12 Mar 2012

    ပြည်ပကို ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း မန်ကျည်း တန်ချိန် ၁၄၄၆ ဒသမ ၀၁တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ် အင်ဒိုနီးရှားကိုတန် ၃၄၇ ဒသမ ၀၁၊ ပါကစ္စတန်နိုင်ငံကို တန် ၂၅၀ ၊ စင်ကာပူနိုင်ငံကို တန် ၃၄၄ ၊ မလေးရှားနိုင်ငံကို  တန် ၅၀၅  တို့ဖြစ် ပါတယ်။

Monday, 12 Mar 2012

    အိန္ဒိယရဲ့ချင်းတင်ပို့မှုဟာယခုဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ဟင်းခတ် အမွှေးအကြိုင်အဖွဲ့ရဲ့ ၉ လအတွင်း တင်ပို့ဖို့ ရည်မှန်းချက် ထက်ကျော်လွန်နေပြီလို့သိရပါတယ်။ နိုင်ငံတကာ ဈေးထက်လျော့ပြီး၊ တစ်တန် ကန်ဒေါ် လာ ၅၀၀ ဝန်းကျင်သာရှိလို့ အိန္ဒိယချင်းကို ဝယ်လိုအား မြင့်တက်နေတယ်လို့ ကုန်သည် များက ဆိုပါတယ်။

Monday, 12 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း ချင်း ၁၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ပထမပတ်မှာ ၇ တန်တင်ပို့ ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၆၂၅ နဲ့ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာနှစ်သောင်းကိုးထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)

Monday, 12 Mar 2012

ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး၊ ယခု တစ်ပတ်တွင် တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ အောင်လံ ဘက်မှအဝင်ရှိပြီး၊ တစ်နေ့တင်း ၁၀၀၀ ခန့် အဝင်ရှိခဲ့ကြောင်းသိရပါတယ်။ အဝင်ရှိသလောက်လည်း အဝယ်ရှိပါ တယ်။ မြို့ပေါ်ခွဲစက်နဲ့ နယ်ဝယ်လက်များမှလည်း အဝယ်ရှိတာကြောင့် တစ်နေ့အိတ် ၁၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Monday, 12 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပဲယင်း၃၁၈ တန်ကျော်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ပဲယင်း တန် ၂၀ကျော်ကိုဖေဖော်ဝါရီလ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။

Monday, 12 Mar 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ကြိုပွိုင့်ဈေးမြင့်တက်ခြင်းနဲ့အတူ လက်ငင်း ဈေးလည်းတိုးလာပါတယ်။ပွဲတော်နီးကပ်လာလို့ ပဲဝင်ရောက်မှုကျဆင်းတာကြောင့် လည်း ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ကုလားပဲအထွက်လျော့ကျခြင်း ကြောင့်လှောင်လက်များကဝယ်ယူမှုရှိကြောင်း သိရပါတယ်။

Pages