Main menu

Background

Friday, 3 Feb 2012

             ဒီတစ်ပတ် တောင်ကြီးဈေးကွက်ကို ရှမ်းပဲစင်းငုံသစ်တွေစပြီးဝင်လာပါပြီ။ အများဆုံးစိုက်တဲ့ တောင်ကြီးခရိုင်၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဟမ်းဆီးစတဲ့မြို့နယ်တွေက ဝင်လာတာဖြစ်ပါတယ်။ ဒီနှစ်ပဲစင်းငုံအထွက်က မနှစ်ကလိုပဲ အထွက် နှုန်းလျော့ ပါတယ်။ မိုးများတာရယ်၊ ဒီဇင်ဘာမှာ အအေးလွန်တာရယ်ကြောင့် အထွက်နှုန်း ထိခိုက်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ အဟောင်း လက်ကျန်တွေကလည်း အနည်းငယ်ကျန်နေပါသေးတယ်။ ဝယ်လိုအားကလည်းနည်းတာကြောင့် အရောင်း သိပ်မသွက်ဘူးလို့ဆိုကြပါတယ်။                 ပဲစင်းငုံအဟောင်းဈေးကတော့ တစ်ပိဿာကို (နီသေး) ၆၈၀ ကျပ်၊ (နီကြီး) ၄၅၀ ကျပ်၊ (ဖြူကြီး) ၄၀၀ ကျပ်ဈေးရှိပါတယ်။ ငုံသစ်ရဲ့ လက်ရှိပေါက်ဈေးက တစ်ပိဿာကို (နီသေး) ၆၅၀ ကျပ်၊ (နီကြီး) ၅၅၀ ကျပ်၊ (ဖြူကြီး) ၄၅၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ဧဧခိုင်

Friday, 3 Feb 2012

              ပြည်ပဲပွဲရုံများကို မတ်ပဲအသစ်များ မကွေးတိုင်းဒေသကြီး ကံမဘက်မှ တစ်နေ့အိတ် ၁၀၀ ခန့်ဝင်ရောက် ခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် ပဲသစ်ဝင်ရောက်မှု ပိုများလာပြီလို့ သိရပါတယ်။ ပြည်ပဲဈေးကွက်မှာ မတ်ပဲ အဟောင်းအသစ်တစ်တင်း ကို ၁၃၇၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်ပဲကုန်သည်တွေရဲ့ လက်ဝယ်ကျန်နေတဲ့ ပဲဟောင်းနဲ့ ပဲသစ်နှစ်မျိုးစလုံး ရန်ကုန် ဝယ်လက်အရောင်းအဝယ်ရှိပြီး၊ တစ်နေ့ကို အိတ် ၇၀၀- ၈၀၀ ခန့်အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန် ဘုရင့်နောင်ကို တစ်နေ့အိတ် ၂၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး

Friday, 3 Feb 2012

                  အိန္ဒိယပဲစင်းငုံထွက်ရှိတဲ့ မဟာရပ်ရှ်တရာနဲ့ ကာနာတာကာတို့မှ ပဲစင်းငုံတွေကို အမြင့်ဈေးနဲ့ကမ်းလှမ်းကြတဲ့ အတွက် ပဲစင်းငုံဈေးက အရင်ရက်များအတိုင်း ငြိမ်နေတယ်။ လက်ရှိပဲစင်းငုံ အထွက်လျော့ခြင်းနဲ့ ဆောင်းရာသီစိုက် ပဲစင်းငုံကလည်း နောက်ထပ် ၃ လခန့်မှ ဝင်ရောက်လာဖွယ်ရှိလို့ ဈေးမကျဆင်းနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် မွန်ဘိုင်းမှာ ရန်ကုန်ပဲစင်းငုံလက်ကျန်နည်းနေပြီလို့ သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ zဒေါ်လာ/တန်                      ၂၅-၁-၂၀၁၂        ၂၄-၁-၂၀၁၂       ၂၃-၁-၂၀၁၂             ၂၁-၁-၂၀၁၂မွန်ဘိုင်း             ၆၅၉-၆၆၇          ၆၆၉-၆၇၄                ၆၆၀                     ၆၅၇ဒေလီ                ၆၉၄-၆၉၉           ၆၉၄-၆၉၉           ၆၈၅-၆၉၀              ၆၅၂-၆၈၇ချန်နိုင်း                 ၆၅၉                   ၆၅၉                  ၆၅၅                     ၆၅၇MIRT(MAPT)

Friday, 3 Feb 2012

             အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ရူပီးတန်ဖိုးပြန်ခိုင်မာလာတာကြောင့် တင်သွင်းသူတွေက ထုတ်ရောင်းလာကြပြီး လှောင်လက်များကလည်း ဝယ်ယူမှုနည်းလို့ ယခင်ရက်ပိုင်းဈေးအနည်းငယ်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဈေးကွက်တွေမှာ လက်ကျန်သိုလှောင်မှု နည်းလာပြီဖြစ်လို့ လာမယ့်ရက်တွေမှာ မတ်ပဲ ဈေး တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒေလီဈေးကွက်မှာ တော့ မတ်ပဲသိုလှောင်မှု အိတ် ၂ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ မတ်ပဲဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန်                ၂၅-၁-၂၀၁၂        ၂၄-၁-၂၀၁၂       ၂၃-၁-၂၀၁၂            ၂၁-၁-၂၀၁၂မွန်ဘိုင်း         ၆၂၉                ၆၂၉-၆၃၄              ၆၃၀                    ၆၃၂ဒေလီ         ၄၆၉-၅၃၉            ၄၆၉-၅၄၉          ၄၇၆-၅၅၆             ၄၇၈-၅၇၇ချန်နိုင်း          ၆၅၉                   ၆၆၄                   ၆၆၀                    ၆၇၂MIRT(MAPT)

Friday, 3 Feb 2012

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲမျိုးစုံ အနက် ပဲစင်းငုံ အဟောင်းအသစ်က အရောင်းအဝယ်အသွက်ဆုံးဖြစ်နေပါတယ်။ ပို့ကုန်ဝင်ငွေတစ်ဒေါ်လာ တန်ဖိုးမာလာတဲ့အပြင် အိန္ဒိယဝယ်လက်ကလည်း အဝယ် သွက်တဲ့ကာလမို့ ပဲအသစ်ပေါ်ချိန် အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဝယ်လက်တွေက ဈေးနိမ့်တဲ့ ပဲစင်းငုံအဟောင်းကို ဝယ်ယူမှုပိုများတယ်လို့ ကုန်သည်ကြီး တစ်ဦးကဆိုပါတယ်။ယခုတစ်ပတ် ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပဲစင်း ငုံဖြူနီ၊ အနီ၊ ခွဲခြမ်းစုစုပေါင်း တန်ချိန် ၁၅၀၀၀ ခန့်အရောင်းအဝယ် စာချုပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့နည်း တာ တွေ့ရပါတယ်။                  ဒေါ်လာ/တန်                     ပဲစင်းငုံနီ      ဖြူနီ၊ အဖြူ       အနီ(အဟောင်း)၂၇-၁-၂၀၁၂    ၆၄၀-၆၆၀      ၅၁၀-၅၃၀        ၅၉၀-၆၁၀၂၀-၁-၂၀၁၂    ၆၅၀-၆၇၀      ၅၂၀-၅၄၀        ၆၀၀-၆၂၀MIRT(MAPT)

Friday, 3 Feb 2012

              ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို နေ့စဉ်အဝယ်ရှိနေပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏမှာပုံမှန်သာရှိတာကြောင့် ဇန်နဝါရီလ၂၀ ရက်မှ ၂၆ ရက်အထိ တစ်ပတ်အတွင်းမှာ တန်ချိန် ၅၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမတ်ပဲဈေးက အခြေခံ ဈေး ရောက်နေပြီဖြစ်လို့ အိန္ဒိယဝယ်လက်တွေကလည်း အကြိုက်တွေ့နေပြီလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ပြည်တွင်းကုန်သည်တချို့က ဈေးကျ မှာ စိုးရိမ်ပြီး ထိုးရောင်းမှုတွေရှိနေလို့ ကျဈေးမှာ ပြည်ပဝယ်လက်တွေကလည်း အဝယ်တုံ့နေတယ်လို့ ဆိုပါတယ်။ အခြေခံဈေးဖြစ်နေပြီး အိန္ဒိယမှာလည်း ဈေးမြင့် လာမယ့် အခြေအနေအရ မြန်မာမတ်ပဲက ဒီထက်ကျဆင်းနိုင်ဖွယ်မရှိဘူးလို့လည်း အဆိုပါဝါရင့်ကုန်သည်ကြီးက ဆိုပါတယ်။ ပို့ကုန်ဝင်ငွေတန်ဖိုးမာပေမဲ့ ရန်ကုန် FOB မတ်ပဲဈေးက ယခင်တစ်ပတ်ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။              ဒေါ်လာ/တန်                          မတ်ပဲ(FAQ)       မတ်ပဲ(SQ)၂၇-၁-၂၀၁၂          ၅၇၀-၅၉၀          ၆၁၀-၆၃၀၂၀-၁-၂၀၁၂         ၅၈၀-၆၀၀           ၆၃၀-၆၅၀MIRT(MAPT)

Friday, 3 Feb 2012

            ပဲလွန်းဖြူကို ယခုတစ်ပတ်မှာ ပြည်ပ တင်ပို့မှုရော အရောင်းအဝယ်ပါ ပိုဖြစ်လာကာ တွေ့ရပါတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မှုအနေနဲ့ ဇန်နဝါရီလ ၁၆-၂၀ ရက်အတွင်း တန်ချိန် ၄၁၀ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် များထက် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိ လစ်ပိုင်နဲ့ အိန္ဒိယဖြစ်ပါတယ်။ ယခု ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲလွန်းဖြူ တန်ချိန် ၂ သောင်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း ကျော်ရရှိခဲ့လို့ ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ ပမာဏ တန်ချိန် ၁၈၀၀၀ ကျော်၊ ဝင်ငွေအား ဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်နဲ့ ယှဉ်ရင် ပမာဏရော ဝင်ငွေပါပိုမိုခဲ့ ကြောင်း သိရပါတယ်။                       ရန်ကုန် FOB ဈေးကွက်မှာတော့ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ တန်ချိန် ၄၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒေသ အသီးသီးက ပဲလွန်းဖြူအသစ်များ ဝင် လာပြီဖြစ်ပြီး ပြည်ပနိုင်ငံ တော်တော် များများက ဝယ်လိုအားရှိတဲ့ ပဲဖြစ်လို့ အရောင်းအဝယ်ပိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။                    ရန်ကုန် FOB ဈေးအနေနဲ့ ဇန်န ဝါရီလ ၂၀ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀၊ SQ တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိရာမှ ဇန်နဝါရီလ ၂၇ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၉၀-၇၁၀၊ SQ တစ်တန် ကန် ဒေါ်လာ ၈၄၀-၈၆၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT

Friday, 3 Feb 2012

                   ပဲမျုးိစုံပြည်ပတင်ပို့မှုမှာ ပဲစင်းငုံကတော့ တန် တစ်သောင်းအထက်နဲ့ အပတ်စဉ် တင်ပို့မှု များနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီ ၁၆-၂၀) အတွင်းမှာလည်း တန်ချိန် ၁၁၀၀၀ ခန့်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယမှာ ပဲအသစ်ထွက်ပေမဲ့ အထွက်လျော့ကျတဲ့ သတင်းတွေ အရ အဝယ်ရှိနေတဲ့အတွက် ပြည်ပတင်ပို့မှုကလည်း အားကောင်းနေခြင်းဖြစ်ပါတယ်။                  လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲစင်းငုံပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၃၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃၉ သန်းခန့်ရှိလို့ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၀၀၀၀ နီးပါး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၂၂ သန်းနီးပါးထက် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်အခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်ကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT

Friday, 3 Feb 2012

         ပြည်ပကို မတ်ပဲတင်ပို့မှုမှာ ယခုသီတင်းပတ်တွေမှာ အရှိန်ရလာနေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတန် ၇၂၀၀ ခန့်ထိတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ် လက်တွေ ဝယ်လိုအားရှိလာနေပြီဖြစ်လို့ တင်ပို့မှုမှာလည်း ယခင်လပိုင်းက နည်းခဲ့ရာမှ ပြန်လည်တင်ပို့မှု တိုးတက်လာခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ စုစုပေါင်းတင်ပို့မှုကိုကြည့်ရင် မတ်ပဲတန်ချိန် ၅၁၀၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၄၂၀ သန်းခန့်ရရှိပြီလို့ သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၄၆၀၀၀၀ ကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၄၅၈ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်လက်ရှိအချိန်ထိ တင်ပို့မှုနဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၅ သောင်းခန့်ပိုတင်ပို့နိုင်ပေမဲ့ ဝင်ငွေအားဖြင့် လျော့ကျကြောင်းသိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု အား ကောင်းလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT

Tuesday, 24 Jan 2012

    ထိုင်းနိုင်ငံမှာ မိုးရွာသွန်းမှုကြောင့် ရော်ဘာရောင်းလိုအားပြတ်လပ်နိုင်မှုနဲ့ တရုတ်နှစ်ကူး မတိုင်မီ ဝယ်လို အားကောင်းမွန်မှု ကြောင့် ယခုရက်သတ္တပတ်မှာ မလေးရှားရော်ဘာဈေးကွက်က အမြင့်မှာ ဆက်လက် တည်ရှိ နိုင်ကြောင်း ကုန်သည်တွေက သုံးသပ်လိုက်တယ်။ ထိုင်းနိုင်ငံလယ်ယာစိုက်ပျိုရေးဝန်ကြီးဌာနက မှိုင်းမခံရသေးတဲ့ရော်ဘာတန်ချိန် ၂၀၀ယ၀၀၀ ဝယ်ယူမှု ကလည်း ရော်ဘာဈေးနှုန်းမြင့်တက်စေဖို့ အားဖြည့်ပေးခဲ့တယ်။    ယခုရက်သတ္တပတ်က မလေးရှားရော်ဘာဘုတ်အဖွဲ့မှာ ဖြစ်ပေါ်ခဲ့တဲ့  SMR 20 ဈေးနှုန်းက ဈေးတက် သွားကာ တစ်ကီလိုဂရမ်ကို ၁၀၃၈ sen  (တစ်တန်ကို ကန်ဒေါ်လာ ၃၂၉၈ ဒသမ ၃၈) ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး  latex က တစ်ကီလိုဂရမ်ကို ၆၅၃  sen (တစ်တန်ကို ကန်ဒေါ်လာ ၂၀၇၄ ဒသမ ၉၉) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my

Pages