Background
အိန္ဒိယနိုင်ငံမှ ယခုနှစ် ပဲထုတ် လုပ်မှု ကျဆင်းပြီး တင်သွင်းမှုမှာလည်း ကျဆင်းဖွယ်ရှိတာကြောင့် နောက် ၂လမှ ၃လအတွင်းပဲမျိုးစုံဈေး ၁၀-၂၀ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်တယ်လို့ သိရပါတယ်။လက်ရှိဆောင်းပဲထွက်ရှိမှု မှာ ၅ ရာခိုင်နှုန်းနဲ့ မိုးပဲမျိုးစုံထွက်ရှိမှု ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အတွက် စုစု ပေါင်း ထုတ်လုပ်မှုက ၇ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ အိန္ဒိယပဲမျိုးစုံနဲ့ ကောက်ပဲသီးနှံအသင်း (IPGA)ဒုတိယ ဥက္ကဋ္ဌ Mr.Bimal Kothari က ပြော ကြားပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲယင်း ၂၈ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းဖိုးနဲ့ ရိဒ်နယ်စပ်ကနေ ပဲယင်း ၃ ဒသမ ၈၄ တန် တန်ဖိုး ကျပ် ၂ ဒသမ ၄၉၆ သန်း တို့ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နယ်စပ်စခန်းများကနေ ပဲယင်း ၃၂ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။
နီပေါနိုင်ငံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Pioneer Marketing မှ မြန်မာ့သစ်မာသား၊ ဆန်၊ ပဲမျိုးစုံနဲ့ သဘာဝဓာတ်ငွေ့၊ ရေနံထွက်ပစ္စည်းများတင်သွင်းလိုပြီး၊ မြန်မာနိုင်ငံကို ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေးဖက်ဝင်အပင်များ တင်ပို့လိုကြောင်း၊ နီပေါနိုင်ငံရှိ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ဒေသတွင်းနဲ့ နိုင်ငံအထက်ပိုင်းက ဝယ်လိုအားနည်းလို့ ကုလားပဲဖြူလုံးကြီးဈေး အနည်းငယ်လျော့ကျပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ကာနာတာကာက ပဲစင်းငုံ ရောင်းချမှုမရှိပေမဲ့ ရန်ကုန်ကုလားပဲဖြူလုံးကြီး ဈေးလျော့ကျလာပါတယ်။ ဈေးကွက်တွေကို ပဲအသစ်များ နောက်လမှာ ဝင်ရောက် တော့မှာဖြစ်လို့ လှောင်လက်များမှ လက်ကျန်များ လက်ငင်းဈေးကွက်မှာ ရောင်းချမှု တိုးလာတယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးကို ယခင်တစ်ပတ်က တန် ၂၅၀ ကျော်တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တင်ပို့မှုမရှိခဲ့ကြောင်း သိရပါတယ်။ FOB ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီး တန် ၃၆၀ အရောင်းအဝယ် စာချုပ် ခဲ့ကြောင်း သိရပါတယ်။
ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုမှာ တစ်ရက်အိတ် ၃၀၀ ကျော်သာ အဝင်ရှိခဲ့ပါတယ်။ မင်းတုန်း၊ ကံမဘက်မှ အဝင်နည်းလာခဲ့ကာ ဒေသတွင်း ပန်းတောင်း၊ ပေါက်ခေါင်းမှဝင်ရောက်ခဲ့တာဖြစ်ပြီး၊ အဝင်ရှိသလောက် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာတတိယပတ် ပဲဈေးကွက်မှာ ပဲတီစိမ်း အကြီး- အသေး နယ်စုံက အဝင်သွက်ခဲ့သလို အရောင်း လည်း သွက်ခဲ့တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ ဝင်လာတဲ့ ပဲတီစိမ်းတွေဟာ ရာသီရဲ့ ဖျက်စီးမှု မခံခဲ့ရလို့ အရည် အသွေးပြည့်မီမှုရှိတယ်လို့ ကုန်သည်လောကမှ ပြောပါတယ်။ ဝယ်လက် အနေအထားအရ ပဲတီစိမ်းကြီးကို မန္တလေးလက်က အများဆုံး ဝယ်ယူခဲ့ကြပြီး၊ စိမ်းသေးကိုတော့ ရန်ကုန်က အများဆုံး ဝယ်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ပဲတီစိမ်းအဝယ်နည်းပေမဲ့ ဈေးအပြောင်းအလဲ နည်းပါးပြီး ငြိမ်နေတာ တွေ့ရပါတယ်။ ရာဂျက်စသန်ဈေးကွက်မှ ပဲဝင်ရောက်မှုပါးလာတဲ့အတွက် လှောင်လက်များက ၎င်းတို့ရောင်းချမှုကို လျှော့လာ တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲတီစိမ်း ၁၂၈၉ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၀၃၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၉၅ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၉၂ သန်းဖိုး တင်ပို့ခဲ့ တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း ပဲတီစိမ်း တန် ၁၁၀၀ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၁၀၀ ခန့် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။
ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပဲတီစိမ်းကို နေ့စဉ်အရောင်း အဝယ် ဖြစ်ခဲ့ပေမယ့် ယခုသီတင်းပတ် ဒီဇင်ဘာလ ၁၆-၂၂ ရက်အတွင်းမှာတော့ အချို့ရက်များသာ အရောင်းအဝယ်ဖြစ်ခဲ့လို့ တန်ချိန် ၁၃၀၀ ခန့်သာ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။