Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်စခန်းတို့မှ နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၇၂၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၉၂၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁၁၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၂၀၀ ခန့် လျော့နည်းတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် ကာလများက မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့ပေမယ့် ယခုအပတ်မှာ တော့ စစ်တွေနယ်စပ်ကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တန် ၂၀ စတင် ပို့နိုင်တာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပေမယ့် မိမိဘက် ဈေးမှာ မြင့်တက်လျက်ရှိတာကို တွေ့ရပါတယ်။ ကုန်သယ်ယူခနှုန်း ထားကတော့ ပဲတီစိမ်း ၁ ပိသာကို ယခင် ရက်သတ္တပတ် ထက် ၄ ကျပ်ခန့် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၉၉၀၆၅ ၆၅၇၉၆၇ ၄၁၀၉၈ ၅ .၈ ၈၅၀ ၈၅၂ ၂ ၀ .၂MIRT(DOBT)
ရန်ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်)အတွင်း ပဲတီစိမ်း တန်ချိန်၁၂၀၀ ခန့်သာ စာချုပ်ချုပ်ဆို အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက်လျော့နည်းရောင်းဝယ်ခဲ့ပါတယ်။ အိန္ဒိယ ဝယ်လက်အချို့မှ အရည်အသွေးကောင်းတဲ့ ပခုက္ကူ၊ အောင်လံဘက်က ပဲတီစိမ်းအသစ်များ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။လတ်တလောမှာ အိန္ဒိယဈေးကွက်တွေမှာ အိန္ဒိယထွက် ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေဆဲဖြစ်လို့ ဝယ်လိုအားနည်းနေပေမဲ့ လာမယ့်ရက်တွေမှာတော့ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းများ အဝယ်လိုက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း FAQ(အညာ) တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၆၀-၈၈၀ အသီးသီးရှိကြောင်းသိရပါတယ်။MIRT(MAPT)
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာယခင်သီတင်းပတ်က တန်ချိန် ၁၆၀၀ ကျော်သာရှိရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ၂၁ ရက်-၂၅ ရက်)အတွင်းမှာတော့ တန် ၃၀၀၀ အထိအနည်းငယ်ပိုတင်လာခဲ့ပါတယ်။ အရည်အသွေးကောင်းပဲတီစိမ်းများ အဝယ်ဆက်ရှိနေသေးလို့ တင်ပို့မှုပိုလာခြင်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၅ ရက်အထိ ပဲတီစိမ်း စုစုပေါင်းတန်ချိန် ၂၁၂၆၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့်ကန် ဒေါ်လာ ၂၀၅ သန်းခန့် ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၁၆၁၂၀၀ ကျော်သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈၉ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT(MAPT)
ပြည်ပွဲရုံများကို ရွှေတောင်မြို့နယ်မှ ပဲလွန်းဖြူအသစ်များ ဝင်စပြု နေပြီး၊ ပဲတစ်တင်း အဖွင့်ဈေးမှာ ၁၅၀၀၀ ကျပ်ဖြစ်ကြောင်းသိရပါတယ်။ အဝင် နည်းနေသေးသလို အရောင်း အဝယ်ကလည်း အေးနေလို့ မြို့တွင်း ဝယ်လက်အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။ ယခင်နှစ်က နိုဝင်ဘာ လလယ်မှာ ပဲဟောင်းတစ်တင်း ၃၀၀၀၀ ကျပ်ဈေး ပိတ်ခဲ့ပြီး၊ ဒီဇင်ဘာ လလယ် ပဲသစ်ပေါ်ချိန်မှာတော့ တစ်တင်း ၂၃၀၀၀ ကျပ်ဈေးဖွင့်ခဲ့တယ် လို့ သိရပါတယ်။ မိမိအေး
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတင်ပို့ရာမှာ ယခင်သီတင်းပတ်က တန်ချိန် ၃၂၀ ကျော်ရှိခဲ့ရာမှ ယခု သီတင်းပတ် (နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်)အတွင်းမှာတော့ တန်ချိန် ၁၆၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၅ ရက်အထိ စုစုပေါင်း ပြည်ပတင်ပို့မှုမှာ တန်ချိန် ၁၆၇၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရရှိလို့ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူ အတွင်း တင်ပို့ခဲ့တဲ့ ပမာဏနဲ့ ကွာခြားမှု မရှိပေမဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄ သန်းသာရရှိခဲ့လို့ ယခုနှစ်မှာ ၁ သန်း ကျော်ပိုမိုခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခု တစ်ပတ်မှာ တန်ချိန် ၃၇၅ တန်ရှိခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးအတွင်း အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှု တန်ချိန် ၁၃၇၀ ခန့်ရှိတာ တွေ့ရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ ယခင် သီတင်းပတ်ဈေးအတိုင်းပြောင်းလဲခြင်း မရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန် ဒေါ်လာ ၉၀၀-၉၂၀ ရှိကြောင်းသိရပါ တယ်။ MIRT(MAPT)
ယခုနှစ် မိုးဦးကာလမှာစိုက်ပျိုးခဲ့တဲ့ ပဲစင်းငုံများဟာ ပုံမှန်အတိုင်းပဲ ဒီဇင်ဘာ လ ပထမပတ်မှာ ဈေးကွက်ထဲကို ခပ်ပါးပါးစတင်ဝင်ရောက်နေပါပြီ ရေနံချောင်း၊ ကျောက်ပန်းတောင်းနယ်များမှ ပေါ်ခဲ့ပြီး ဈေးကတော့ တစ်တင်းကို ၁၃၀၀၀ိ/-မှ ၁၃၃၀၀ိ/- အတွင်း ဈေးပေါက်ပါတယ်။ ပဲစင်းငုံအဟောင်းများကတော့ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းမှာ တစ်တင်းကို ၁၂၈၀၀ိ/- ဈေးပေါက်ခဲ့ပြီး ညနေပိုင်းမှာတော့ ၁၂၉၀ဝိ-၁၃၀၀၀ိ/- အထိ ဈေးမာ လာတယ်လို့ သိရပါတယ်။ ဒီလိုဈေးမာလာရတဲ့ အကြောင်းရင်းကတော့ ရန်ကုန်က ကုန်သည် တစ်ဦးတိမ်းရှောင် ပြီးနောက်ပိုင်း နှုတ်ကတိနဲ့ ငွေပေးဝယ်ထားတဲ့ ကုန်သည်များက ပစ္စည်း လက်ဝယ်ရလိုမှုကြောင့် ပစ္စည်းလက် ရောက်နိုင်အောင် လိုက်လံဝယ်ယူကြ လို့ ပဲစင်းငုံအဟောင်းဈေးမာလာတာလို့ သိရကြောင်းပါ။ မောင်မောင်အေး
ပြည်ပဲစင်းငုံဈေးမှာ တစ်တင်းကို ၁၃၂၀၀ ကျပ်နဲ့ ၁၃၅၀၀ ကျပ်တွင် ဈေး အတက်အကျဖြစ်ကာ ဈေးမငြိမ် တာကို တွေ့ရပါတယ်။ ယခုနိုဝင်ဘာလမှာ ပြည်ဈေးကွက်ကို မကွေးတိုင်းဒေသကြီးဘက်မှ ပဲစင်းငုံနေ့စဉ် အဝင်မရှိဘဲ တစ်ပတ်ခြား၊ နှစ်ပတ်ခြား အဝင်အနည်းငယ်ရှိခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာမကွေးတိုင်းဒေသ ကြီးမှ အိတ် ၂၄၀၀ ကျော် အဝင်ရှိခဲ့ပြီး၊ ရန်ကုန်ကို အိတ် ၄၅၀ ခန့်သာ တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်ဈေးကွက်မှာ ဒေသတွင်း လက်ကျန်ပဲများ ကျန်ရှိနေသေးခြင်း၊ အခြားတိုင်းမှ အဝင်များကျန်ရှိနေခြင်းကြောင့် ပြည်ဈေးကွက် မှာ ပဲစင်းငုံလက်ကျန်များနေကြောင်း သိရပါတယ်။ ပဲစင်းငုံလက်ကျန်များနေသော် လည်း ဈေးကောင်းမရတဲ့အတွက် အရောင်းအဝယ်ပိုင်းမှာတော့ အေးနေခဲ့ပါတယ်။ ဆုမွန်ဆွေ
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များမှ ဝယ်ယူမှုနည်းတာကြောင့် ပဲစင်းငုံဈေးလည်း လျော့ကျခဲ့ပါတယ်။ လက်လီဈေးကွက်များမှာ လတ်ဆတ် ဟင်း သီးဟင်းရွက်ပေါတဲ့အတွက် ပဲစင်းငုံဝယ်လိုအား နည်းတယ်လို့ သိရပါတယ်။ ပြည်တွင်းထွက် အမ်ရာဗာကီနဲ့ ဂူဘာကာပဲစင်းငုံများမှာ သွင်းအားစုစရိတ်ပိုမို ကြီးမြင့်တဲ့ အတွက် ဈေးအမြင့်နဲ့ ကမ်းလှမ်းကြတယ်လို့ သိရပါတယ်။ နောက်ရက်များမှာတော့ ပဲစင်းငုံဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃၀-၁၁-၁၁ ၂၉-၁၁-၁၁ ၂၈-၁၁-၁၁ ၂၆-၁၁-၁၁မွန်ဘိုင်း ၅၈၆-၅၉၆ ၅၉၂-၅၉၃ ၆၀၁ ၆၁၅ဒေလီ ၆၃၀-၆၃၄ ၆၅၄-၆၆၄ ၆၆၃-၆၇၃ ၆၆၃-၆၇၂ချန်နိုင်း ၆၀၆ ၆၀၆ ၆၂၅-၆၃၀ ၆၂၉MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်တစ် ပတ်က အရောင်းအဝယ် သွက်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တန်ချိန် ၄၇၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေ မှာ ပဲစင်းငုံအသစ် အချို့ဝင်ရောက်လာပြီဖြစ်သလို ဝယ်လိုအားနည်းလို့ ဈေးကျလာ တာကြောင့် ရန်ကုန် ဈေးကွက်မှာလည်း အရောင်းအဝယ်နည်းသွားခြင်း ဖြစ်ပါတယ်။ ယခုရက်ပိုင်း အဝယ်သိပ်မလိုက်ပေမဲ့ပဲစင်းငုံ အသစ်ကိုတော့အိန္ဒိယ ဘက်က ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံအရောင်းအဝယ်ဖြစ်တဲ့ ဈေးအနေနဲ့ ပြည်တွင်းဈေးအပြောင်းအလဲ နည်းသလို FOB ဈေးမှာလည်း ပြောင်းလဲမှု မများကြောင်း သိရပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၂-၁၂-၁၁ ၅၄၀-၅၆၀ ၄၄၀-၄၆၀ ၅၃၀-၅၅၀၂၅-၁၁-၁၁ ၅၄၀-၅၆၀ ၄၄၀-၄၆၀ ၄၄၀-၄၆၀MIRT(MAPT)
အိန္ဒိယပြည်တွင်းဈေးကွက်တချို့ကို မတ်ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ဝယ်လိုအားပါးနေတဲ့အတွက် ယခုတစ်ပတ်မှာလည်း ဈေးဆက်လက်ကျဆင်းနေပါတယ်။ ဒါ့အပြင် ဒေလီဈေးကွက်မှာ မတ်ပဲအိတ် ၂ သိန်း ဝန်းကျင်သိုလှောင်ထားရှိပြီး လှောင်လက်များမှ ထုတ်ရောင်းနေတဲ့အတွက် ဈေးကျဆင်းနေခြင်းဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိအနေအထားအရ လာမယ့်ရက်များမှာလည်း မတ်ပဲ ဈေးဆက်လက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃၀-၁၁-၁၁ ၂၉-၁၁-၁၁ ၂၈-၁၁-၁၁ ၂၆-၁၁-၁၁မွန်ဘိုင်း ၆၀၁ ၆၀၁ ၆၀၅-၆၁၅ ၆၃၂ဒေလီ ၄၀၄-၅၁၉ ၄၀၄-၅၂၀ ၄၂၃-၅၁၉ ၄၂၁-၅၁၇ချန်နိုင်း ၆၅၄-၆၅၈ ၆၅၉-၆၆၄ ၆၅၈ ၆၇၀MIRT(MAPT)
