Main menu

Background

Sunday, 20 Nov 2011

                  ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ယခုတစ်ပတ် မတ်ပဲအရောင်း အဝယ် ပြန်ဖြစ်လာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၀၀၀ နီးပါးသာ စာချုပ် ရှိခဲ့ပေမဲ့ ယခုနိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိမှာတော့ တန်ချိန် ၁၃၀၀၀ ကျော် အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဘက်မှာ ယခင်မြန်မာနိုင်ငံက တင်သွင်းတဲ့ မတ်ပဲအချို့မှာ မိုးမိပဲပါဝင်မှုကြောင့် အရည် အသွေး ကိစ္စစကားပြောဆိုရမှုများ ရှိနေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလခန့်တွင် အဝယ်ပြန်လိုက်လာနိုင်ပေမဲ့ အရည်အသွေးကို ထိန်းရောင်းဖို့တော့ လိုတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။                   ယခုတစ်ပတ်အတွင်း အရောင်းအဝယ်အသင့်အတင့်ဖြစ်ပေမဲ့ အရည်အသွေး အရ ဈေးနှုန်းကျဆင်းမှု ရှိခဲ့ပါတယ်။ FOB ဈေးကျဆင်းမှုနဲ့အတူ ပြည်တွင်းပဲဈေး များလည်း သိသိသာသာလျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB ဈေး နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။                  ဒေါ်လာ/တန်                      မတ်ပဲ(FAQ)           မတ်ပဲ(SQ)၁၈-၁၁-၁၁       ၆၆၀-၆၈၀             ၇၀၀-၇၂၀၁၁-၁၁-၁၁        ၇၃၀-၇၅၀            ၈၀၀-၈၂၀MIRT(MAPT)

Sunday, 20 Nov 2011

                  ယခုတစ်ပတ် မတ်ပဲတင်ပို့မှုကတော့ အနိမ့်ဆုံးကို ကျဆင်းနေပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၃၈၀၀ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၅၀၀ သာ တင်ပို့မှုနိုင်တဲ့အတွက် တင်ပို့မှု ကျဆင်းနေပါတယ်။                    လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၄၅၂၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၉ သန်း ကျော်ရရှိပြီလို့ သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုအနေနဲ့ တန်ချိန် ၃၁၂၀၀၀ ကျော်နဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၂၁ သန်းကျော်ရှိလို့ ယခုနှစ်မှာ မတ်ပဲတင်ပို့မှု ပမာဏတန်ချိန် တစ်သိန်းခွဲခန့် ပိုမိုတင်ပို့ပြီဖြစ်တာ တွေ့ရပါတယ်။ လက်ရှိအခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ပမာဏ လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Monday, 14 Nov 2011

                 ၂၀၁၁-၁၂ သီးနှံရာသီမှာ ကမ္ဘာ့သကြားထုတ်လုပ်မှုဟာ ၄ ရာခိုင်နှုန်းတိုးပြီး၊ တန်ချိန် ၁၇၃ ဒသမ ၁ သန်းရှိမယ်လို့ FAO မှ ခန့်မှန်းထားပါတယ်။ ၂၀၁၀-၁၁ သီးနှံရာသီ (အောက်တိုဘာ-စက်တင်ဘာ) အတွင်း ကမ္ဘာ့သကြားထုတ်လုပ်မှုတန်ချိန် ၁၆၆ ဒသမ ၃ သန်းခန့်ရှိတယ်လို့လည်း FAO စာရင်းများအရသိရပါတယ်။                    ဒုတိယနှစ်အဖြစ် ကမ္ဘာ့ထုတ်လုပ်မှုဟာ စားသုံးမှုထက် ကျော်လွန်နေတယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုခန့်မှန်းခြင်းဟာ ကြံစိုက်ပျိုးတဲ့နိုင်ငံတွေမှာ ဧရိယာတိုးချဲ့လာတာ ကြောင့်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ လကျော်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ခြင်းက မြေသြဇာနဲ့ အခြားသွင်းအားစု ပိုမိုသုံးစွဲဖို့ဖြစ်လာပါတယ်။                       ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ထုတ်လုပ်မှုက ၁၁ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ၂ ရာခိုင်နှုန်းခန့် တိုးတက်နိုင်တယ်လို့ဆိုပါတယ်။ ထုတ်လုပ်မှု မြင့်တက်ပေမဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အားနည်းခြင်းက ဈေးကွက်ကိုသက်ရောက်နိုင်တယ်လို့ FAO က ခန့်မှန်းထားပါတယ်။ တင်သွင်းနိုင်ငံများမှာ ရောင်းချမှုပိုမို လာခြင်း က တင်သွင်းမှုကိုလျော့ကျစေပြီး ကမ္ဘာ့ကုန်သွယ်မှုကိုလည်း ၆ ရာခိုင်နှုန်းခန့် ကျဆင်း စေနိုင်တယ်လို့ဆိုပါတယ်။ နိုင်ငံတကာသကြားဈေးက ထပ်မံအားလျော့စေနိုင်ပေမဲ့ သိုလှောင်မှုပြန်လည် မြင့်တင်ဖို့ ဝယ်လိုအားက ဈေးနှုန်းကိုအထောက်အပံ့အနည်းငယ် တော့ ဖြစ်လာနိုင်ပါတယ်။ ၂၀၁၁ အောက်တိုဘာလအတွင်း ကမ္ဘာ့သကြားဈေးက တစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဒသမ ၄၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၆၁) ရှိနေ ပါတယ်။ ယမင်းခင်၊ Source:bloomberg

Monday, 14 Nov 2011

                   အောက်တိုဘာလမှာ ကန်ဒေါ်လာ ၁၆ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၉၃၉၈ တန်ခန့် မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူထက် ၁၅၂၇၉ တန်ခန့်နဲ့ အနီးစပ်ဆုံးကာလထက် ၂၀၇၀၉ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ဧပြီလမှ အောက်တိုဘာလအထိ တန်ချိန် ၂၉၉၅၀၀ တင်ပို့ထားပြီး ယမန်နှစ် ကာလတူထက် တန် ၁၅၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူထက် တင်ပို့မှုပိုမိုရခြင်းမှာ တစ်ဘက်နိုင်ငံမှ ပြောင်းဝယ် လိုအားရှိသလို မိမိဘက်မှာလည်း ဘဏ္ဍာနှစ်ပြောင်းထွက်ရှိမှုများပြားခြင်း၊ အခွန်သက်သာခွင့်ရရှိ သဖြင့် တင်ပို့မှု များလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ပြောင်းထွက်ရှိမှုများ ပြားသော်လည်း ပြောင်းကို တရုတ်ပြည်မမှ သယ်ယူခြင်းထက် မိမိနယ်စပ်ဖက်မှ ဝယ်ယူ ခြင်းက သယ်ယူစရိတ်ပိုမိုသက်သာတာကြောင့် ဝယ်လိုအားရှိတဲ့ပို့ကုန်ဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း မကြာခဏရာသီဥတု ဖောက်ပြန်မှု၊ မိုးခေါင်မှုတို့ကြောင့် ဒေသ ပြောင်းထွက်ရှိမှု နည်းပါးတဲ့အတွက် တရုတ်ဘက်မှ ဝယ်လိုအားရှိခြင်း၊ မိမိဖက်မှ တင်ပို့လျက်ရှိတဲ့ ပြောင်းဖူးစေ့ကို ယူနန်ပြည်နယ်ကတစ်ဆင့် တရုတ်ပြည်တွင်းပိုင်း စီချွမ်ပြည်နယ်အထိ တင်ပို့လျက်ရှိတာဖြစ်ပါတယ်။ မိမိပြောင်းကို တစ်ဖက်နိုင်ငံမှ ပိုမိုဝယ်ယူတဲ့အနေအထားရှိပြီး ၁၀၅ မိုင်ကုန်စည်ဒိုင်မှာ တစ်ဖက်ဝယ်လက်အား တိုက်ရိုက် ခေါ်ယူရောင်းချတဲ့အတွက် မိမိကုန်သည်များ စိတ်ကြိုက်ဈေးနှုန်းနဲ့ ဈေးကွက်ထိန်းကာ ရောင်းချနိုင်လျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်က အများ ဆုံး တင်ပို့နေတဲ့ ပြောင်းဖူးအမျိုးအစားမှာ ရှမ်းပြောင်းဖြစ်ပြီး ပြည်တွင်း ဈေး၊ သယ်ယူပို့ဆောင်စရိတ်နဲ့ အခွန်အခများအရ အရင်းသင့်ငွေများပြီး အမြတ်နည်း နည်းဖြင့် အရေအတွက် များများ တင်ပို့နေတာဖြစ်ပါတယ်။ အာဆီယံ စံသတ်မှတ် ချက်အရ ကုန်ပစ္စည်းတန်ချိန် ကန့်သတ်မှု ကြောင့် သယ်ယူပို့ဆောင်မှုစရိတ်များမှာ ယခင်ကပြောင်းတစ်ပိဿာ ၄၅ ကျပ်မှ ယခု လကုန်မှာ တစ်ပိဿာ ၈၀ ကျပ်အထိ မြင့်တက်လာခြင်းဟာ အရင်းသင့်ငွေများ စေတဲ့ အကြောင်းချက်တစ်ခု ဖြစ်ပါတယ်။ Source: နကသ၊ ချမ်းးမြေ့ေ့မောင်

Monday, 14 Nov 2011

                   တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်တို့မှ ကန်ဒေါ်လာ ၅ ဒသမ ၇၃၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၀၄၇၉ တန် အပို့ ရှိခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ၁ ရက်ကို ပြောင်းကားပျမ်းမျှအစီးရေ ၁၅၀ ခန့်ထိ အများဆုံးအဝင်ရှိခဲ့ပါတယ်။ နယ်စပ် အလိုက် ပြောင်းတင်ပို့မှုတွေကတော့ မူဆယ်မှ ၁၉၈၇၉ တန်ကျော်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းများမှ တန် ၃၀၀ စီ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ် ကထက် တန် ၂၂၈၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် ဧပြီလမှ အောက်တို ဘာလထိ နယ်စပ်မှ ပြောင်း ၃၃၆၉၄၅ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ် မှာ မိမိဘက်မြေပြင်ပြောင်းဈေး ပြောင်းလဲမှုမရှိဘဲ တစ်ဘက်နိုင်ငံဈေး ၆ ဒေါ် လာခန့် လျော့နည်းခဲ့တယ်လို့ သိရပါတယ်                                     မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု            ယခင်   ပြောင်းလဲမှု  %        ယခု     ယခင်   ပြောင်းလဲမှု   %ပြောင်းဖူးစေ့     ၂၂၄၆၈၁     ၂၂၄၆၈၁          -           -       ၂၉၄     ၃၀၀            ၆          ၂MIRT(DOBT)

Monday, 14 Nov 2011

             အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၅ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၅၆၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၇၃ တန်ကို စင်ကာပူနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို တင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ တန် ၂၀၀၀၀ ကျော် တင်ပို့ပြီး စံချိန်တင်ခဲ့တာတွေ့ရ ပါတယ်။ FOB  ရန်ကုန်ဈေးတွေကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ ၂၈၅နဲ့ ၃၀၅ ကြား ဈေးပေါက်လျက် ရှိပါတယ်။ KSW

Monday, 14 Nov 2011

                  မလေးရှားနိုင်ငံရဲ့ ရော်ဘာတင်ပို့မှုဟာ ယခုနှစ်မှာ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး ရင်းဂစ် ၃၂ ဘီလီယံ ရှိကြောင်းသိရပါတယ်။ ယခုနှစ်ပထမ ၈ လအတွင်း ရော်ဘာပို့ကုန်စုစုပေါင်းရင်းဂစ် ၂၁ ဒသမ ၆၆ ဘီလီယံဖိုးရှိပြီး ဒီပမာဏ ကယခင်နှစ်အလားတူကာလထက် ၂၈ ရာခိုင်နှုန်းခန့် ပိုမိုကြောင်းမလေးရှားရော်ဘာအသင်း(MRB) ရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။ စက်မှုစိုက်ပျိုးရေးနဲ့ ကုန်ပစ္စည်းဝန်ကြီးကို သက်သေထားပြီး (MRB)နဲ့ Doshin ရော်ဘာထုတ်ကုန်ကုမ္ပဏီတို့ ဒီဇိုင်းရေးဆွဲပြီး အဆင့်မြင့်ရော်ဘာ bearing (HDRB) ကို ငလျင်နဲ့ ဆူနာမီဒဏ်ခံနိုင်ရည်ရှိ အောင် ဒုတိယ ပီနန်တံတား ကာကွယ်ရေးအတွက် ရောင်းချပေးဖို့ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း MRB ညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။                   ဒုတိယမြောက်ပီနန်တံတားကို ပင်လယ်ကျော်ဖြတ်တည်ဆောက်မှာဖြစ်ပြီး ပထမဆုံးလုပ်ငန်းစဉ်အဖြစ် HDRB နည်းပညာကို သုံးမှာဖြစ်ကြောင်း သိရပါတယ်။ ဒီတံတားက အရှေ့တောင်အာရှမှာ အရှည်ဆုံးတံတားဖြစ်လာမှာဖြစ်ပြီး မလေးရှားကျွန်းဆွယ်နဲ့ ပီနန်ကျွန်းကို ဆက်သွယ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။HDRB  ဒီဇိုင်းကို လန်ဒန်ရှိသုတေသန ဗဟိုဌာနမှ သိပ္ပံပညာရှင်များနဲ့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ၂၀၁၀မှာ ရော်ဘာတင်ပို့မှု ရင်းဂစ် ၂၄ ဒသမ ၆၇ သန်းရှိခဲ့ပြီး ၂၀၀၉ထက် ၄၉ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း သိရပါတယ်။ ရော်ဘာကဏ္ဍကနေ နိုင်ငံရဲ့ ပို့ကုန်ဝင်ငွေ ၅ ရာခိုင်နှုန်း ရှာဖွေပေးကြောင်း MRB  ညွှန်ချုပ်ကပြောကြားခဲ့ပါတယ်။ ရော်ဘာအစေးရောင်းချမှုကျဆင်းနေတာကြောင့် အစိုးရက ပိုပြီးတည်ငြိမ်အောင် အစိုးရက ရော်ဘာပင်တွေ ပြန်လည်စိုက်ပျိုးခြင်းနဲ့ အသစ်စိုက်ပျိုးခြင်းကို ဆောင်ရွက်နေကြောင်း သိရပါတယ်။အစိုးရက ရော်ဘာ လုပ်ငန်းငယ်များဖွံ့ဖြိုးမှု အာဏာပိုင်နဲ့ Sabah  စက်မှုအသင်းကို နှစ်စဉ် မြေဟက်တာ ၄ သောင်း ရော်ဘာပြန်လည် စိုက်ပျိုး ခြင်းကို ဆောင်ရွက်စေပါတယ်။ အစိုးရက အမျိုးသားစီးပွားရေးဧရိယာ(NKEA) မှာ ၂၀၁၁-၂၀၁၂ ရော်ဘာကဏ္ဍဖွံ့ဖြိုးမှု စီမံကိန်းချမှတ်ပြီး ရင်းဂစ်၁၉၄ ဒသမ ၇၂၃ သန်းသုံးစွဲနေကြောင်းသိရပါတယ်။ ဒီလိုပမာဏများပြားတဲ့ ငွေကြေးတွေ စိုက်ထုတ်ပေးတာကို ကြည့်ခြင်းအားဖြင့် အစိုးရအနေနဲ့ ရော်ဘာကဏ္ဍမှာ ပါဝင်တဲ့ ကျေးလက်နေပြည်သူတွေကို ဘယ်တော့မှ လျှစ်လျူရှုမထားဘူး ဆိုတာကို ဖော်ပြနေကြောင်း စက်မှုစိုက်ပျိုးရေးနဲ့ ကုန်ပစ္စည်းဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Source:business time,KZW

Monday, 14 Nov 2011

                   ဝယ်လိုအားနည်းပြီး ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှုများကြောင့် မလေးရှားရော်ဘာဈေးကွက်မှာ ဆက်လက်ပြီး ကျဆင်း မယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှ စက်ရုံတွေရပ်ဆိုင်းထားပြီး အစိတ်အပိုင်းထုတ်လုပ်မှုတွေ ပြတ်လပ်မှုတွေကြောင့် ဂျပန်ကား ထုတ်လုပ်ရေးတွေ နှောင့်နှေးဖွယ်ရှိတာကြောင့် ရော်ဘာဝယ်လိုအား နှေးကွေးသွား တာဖြစ်ကြောင်း အရောင်းအဝယ်သမား များက ပြောကြားပါတယ်။ထိုင်းနိုင်ငံစီရင်စု ၇၇ ခု ရေလွှမ်းမိုးခံနေရပြီး ဟွန်ဒါကုမ္ပဏီနဲ့ ကားအစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံတွေရှိတဲ့ စက်မှုလုပ်ငန်းနယ်မြေ ၇ ခုမှာလည်း ရေလွှမ်းခံရ တဲ့အထဲမှာ ပါဝင်ကြောင်းသိရပါတယ်။ မိုးရာသီအတွင်း ရော်ဘာအများဆုံး ထုတ်လုပ်တဲ့နိုင်ငံတွေမှာ ရောင်းလို အားထိခိုက်ခြင်းမရှိဘဲ တရုတ်နိုင်ငံ Dingadao  ဆိပ်ကမ်းမှာတင် ရော်ဘာ မက်ထရစ်တန် ၁၈၀၀၀၀ ခန့် သိုလှောင်မှုရှိနေကြောင်း အရောင်းအဝယ်သမားများက ပြောကြားပါတယ်။ ဝယ်သူ တွေကတော့ ဈေးအကျကိုပဲ စောင့်နေကြကြောင်း ကုန်သည်များက ပြောကြားပါတယ်။ Source:Bernama ,KZW

Monday, 14 Nov 2011

               မြန်မာတရုတ်နယ်စပ်ရှိမူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၂၂၀ ခန့် အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှRSS-3  ၄၂၄ တန်၊ RSS-5 တန် ၆၀၊ MSR -20 ၄၁၀ တန်ကျော်နဲ့ MSR -50 ၇၅ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၂၅၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက်RSS-3၊RSS-5၊ MSR -20 တို့ အပို့ပိုခဲ့ပြီးMSR -50 တော့ အပို့လျော့ခဲ့ပါတယ်။၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ နယ်စပ်မှာ ရော်ဘာ ၂၀၅၅၄ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာမြေပြင်ပေါက်ဈေး အနည်းငယ်စီ မြင့်တက်လျက်ရှိပါတယ်-                                   မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု                ယခင်     ပြောင်းလဲမှု      %        ယခု      ယခင်   ပြောင်းလဲမှု    %RSS - 3        ၃၁၈၈၆၁၂      ၃၁၈၈၄၈၈     ၁၂၄       ၀ .၀၀၃   ၃၉၅၂     ၃၉၄၉         ၃          ၀ .၁RSS - 5        ၂၉၁၉၈၁၂      ၂၉၁၉၆၈၈     ၁၂၄       ၀ .၀၀၄   ၃၇၉၄     ၃၇၉၁         ၃         ၀ .၁MIRT(DOBT)

Monday, 14 Nov 2011

                     အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၅ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၂၀၀၊ ကန်ဒေါ်လာ သုည ဒသမ ၈၀၃ သန်းဖိုး ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၃၇၀ တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ ထက်ဝက်နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ကျဆင်းနေ တာကြောင့် ရော်ဘာအထွက်ကောင်းတဲ့ ရာသီဖြစ်ပေမယ့်လည်း ဈေးနှုန်းကိုစောင့်ကြည့်နေတာကြောင့် တင်ပို့မှု လျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်ကတော့ ၁၂၂၀ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ထက် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3  တစ်တန်ကို ဒေါ်လာ ၃၆၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၃၅၀၀ ဈေး ပေါက်ကြောင်း သိရပါတယ်။ KSW

Pages