Background
အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း ချင်း ၂၂ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ စက်တင်ဘာ လ တစ်လနဲ့ အောက်တိုဘာလ ဝက်အထိ ချင်းတင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ်ပတ်မှသာပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန် ဒေါ်လာ ၁၄၄၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ သုံးသောင်း တစ်ထောင် ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
မန္တလေးဈေးကွက်အတွင်းမှာ ကုလားပဲဖြူကြီးကို ရန်ကုန်ဝယ်လက်က ဆက်လက်ဝယ်ယူမှုရှိနေတာ ကြောင့် ဈေးငြိမ်ပြီး၊ အရောင်းအဝယ်ပုံမှန်ဖြစ်နေပါ တယ်။ ယခုနှစ် ကုလားပဲဖြူလုံးကြီးနဲ့ တိုင်ပေဟာ ဈေးကောင်း ရပြီး၊ ပုံမှန် အရောင်း အဝယ်ဖြစ်နေတာကြောင့် တောင်သူရော၊ ကုန်သည်ပါ အဆင်ပြေ ကြတယ်လို့ သိရပါတယ်။ပဲခွဲစက်သမားများ ပုံမှန်ဝယ်ယူမှုရှိသလို ယခုလမှာ မျိုးအတွက် ဝယ်ယူ တာတွေပါရှိလာတဲ့အတွက် ကုလားပဲဖြူလုံးကြီးဈေးဟာ ယခင်အပတ် တစ်ပိဿာ ၁၁၇၀ ကျပ်မှ ယခုအပတ် ၁၁၈၈ ကျပ်ဖြစ်လာသလို ထိုင်ဝမ် ကုလားပဲကလည်း တစ်ပိဿာ ၁၀၃၁ ကျပ်နဲ့ ဈေးငြိမ်ပြီး၊ အရောင်းသွက်နေတာ တွေ့ရပါတယ်။ ဈေး ကွက် အတွင်းမှာ ပဲလက်ကျန် နည်းပေမယ့် ရန်ကုန်ဝယ်လက် မန္တလေးခွဲစက်၊ အမှုန့်စက်များ ဝယ်ယူမှုရှိနေတာကြောင့် အရောင်းအဝယ်သွက်တဲ့ ပဲများဖြစ် ကြောင်း ဈေးကွက်က သိရပါတယ်။ လွင်အေး
ယခုတစ်ပတ်အစပိုင်းမှာ ပွဲတော်အတွက် အဝယ်ရှိနေတာကြောင့် ကုလားပဲ ဈေးမြင့်တက်ခဲ့ပါတယ်။ ပွဲတော်အပြီးမှာတော့ အရောင်းအဝယ်အေးနေဆဲဖြစ် တယ်လို့ သိရပါတယ်။ ဒါပေမယ့် အစိုးရက ဆောင်းပဲ အထွက်ပိုမိုစေဖို့ ကုလားပဲ အတွက်အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း (MSP) ကို ယခင်က တစ်တန် ရူပီး ၂၁၀၀၀ (ကန်ဒေါ်လာ ၄၂၆) ရှိခဲ့ရာမှ ၃၃ ရာခိုင်နှုန်း တိုးမြှင့်ပြီး၊ ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၆၈) သတ်မှတ်ခဲ့ပါတယ်။ MSP ဈေးနှုန်းတိုးမြှင့်လိုက်တဲ့အတွက် ကာလတိုအတွင်း ဈေးနှုန်းမြင့်တက် ဖွယ်ရှိပါတယ်။ ရာဂျက်စသန် စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၈ ရက်အထိ ကုလားပဲဟက်တာ ၂၂၈၂၀၀ စိုက်ပျိုးပြီးကြောင်းနဲ့ မဟာရပ်ရှတရာမှာ ဟက်တာ ၆၁၀၀ ဝန်းကျင်သာ စိုက်ပျိုးထားကြောင်း သိရပါ တယ်။ အဓိကပဲထုတ်လုပ်တဲ့ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့မှာ ရာသီဥတုအခြေ အနေအရ ပဲထွက်ရှိမှု ကျဆင်းဖွယ်ရှိတဲ့ သတင်းများ ထွက်ပေါ်နေပါတယ်။ အိန္ဒိယ နိုင်ငံမှ တင်သွင်းမှုဟာ လာမယ့်လများမှာ ဈေးပိုမိုကြီးမြင့်ဖွယ် ရှိလို့ ပြည်တွင်း ကုလားပဲဈေးလည်း ပိုမိုမြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ပြည် တွင်းမှာ မြေဆီလွှာ အစိုဓါတ်ကောင်းမွန်မှုကြောင့် ဆောင်းကုလားပဲနဲ့ ပဲလုံးထွက် ရှိမှုဟာ၂၀၁၁-၂၀၁၂ မှာ တိုးတက်နိုင်တဲ့အတွက် ကာလရှည်အတွင်း ဈေးနှုန်း ကျဆင်းလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းခင် Source: commodityonline
အိန္ဒိယဈေးကွက်များအတွင်း ကာဘူလီကုလားပဲဈေးဟာ ယခင်နေ့ အမြင့် ဈေးမှာငြိမ်နေပါတယ်။အမြင့်ဈေးနဲ့ကာဘူလီကုလားပဲကို လှောင်လက်များ ဝယ်ယူမှု နှေးတယ်လို့ သိရပါတယ်။ အင်ဒိုရီရှိ ပဲတင်ပို့သူ များကလည်း ဈေးအကျကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ အစိုးရက ဆောင်းကုလားပဲအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးကို တိုးမြှင့်သတ်မှတ်ခဲ့ပေမဲ့ လတ်တလော လှောင်လက်များ အဝယ် အေးတာကြောင့် ကာဘူလီကုလားပဲဈေး မြင့်တက်ဖွယ်မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၅-၁၀-၁၁ ၂၄-၁၀-၁၁ ၂၂-၁၀-၁၁ ၂၁-၁၀-၁၁ဒေလီ ၆၈၄-၆၉၅ ၆၇၂-၆၇၇ ၆၆၂-၆၆၇ ၆၅၉-၆၆၄ကန်ပါ ၇၂၄ ၇၁၈ ၇၁၈ ၇၁၈အာကိုလာ - - ၇၁၂ ၇၀၈MIRT(MAPT)
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှု တဖြည်းဖြည်းလျော့နည်းလာပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၁၀ ကျော်တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာတော့ တန်ချိန် ၃၇၀ ခန့်သာ တင်ပို့မှုရှိပါတယ်။ ယခုတစ်ပတ် ဝယ်လိုအားနည်းခြင်းအပြင် ပြည်တွင်းမှာလည်း လက်ကျန်နည်းနေပြီဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်လုံး ကုလားပဲအရောင်းအဝယ် မရှိကြောင်း သိရပါတယ်။ FOB ဈေးမှာတော့ ယခင်တစ်ပတ် အောက်တိုဘာလ ၂၁ ရက်မှာ တစ်တန် ကန်ဒေါ်လာ ၁၀၃၀-၁၀၅၀ ရှိခဲ့ရာမှ အောက်တိုဘာလ ၂၈ ရက်မှာ ကန်ဒေါ်လာ ၁၀၀၀-၁၀၂၀ ကို လျော့ကျခဲ့ပါတယ်။ MIRT-MAPT
ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ မင်းတုန်း၊ ကံမဘက်မှ ဆက်လက်ဝင်ရောက်လျက် ရှိခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၁၀၀ နီးပါးအထိ ဝင်ရောက်မှုရှိပြီး၊ ဈေးနှုန်းကတော့ တစ်တင်း ၁၆၂၀၀ ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးလျော့သွားခဲ့ပါတယ်။ ပဲအဟောင်းရော အသစ်ပါ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ရက်အိတ် ၃၀၀ အထိ အရောင်း သွက်လာခဲ့တယ်လို့ သိရပြီး၊ ယခုအောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရန်ကုန်သို့ အိတ် ၂၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းအသစ်များ ပြည်ဈေးကွက်သို့ ဝင်ရောက်မှုများလာခင်ဆွေဝင်း
ရာဂျက်စသန်နဲ့ ကာနာတာကာ ပဲထုတ်လုပ်ရာဒေသများမှ ပဲဝင်ရောက်မှုကျဆင်းလို့ အရည်အသွေးကောင်း ပဲတီစိမ်းဈေးအနည်းငယ်တက်ပေမဲ့ ပြုပြင်ပြီး ခွဲခြမ်းတွေ ရောင်းထွက်မှုနည်းလို့ ဈေးငြိမ်နေပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းဈေး တစ်တန် ရူပီး ၄၂၀၀၀-၄၃၀၀၀ (ကန်ဒေါ်လာ ၈၅၂-၈၇၂) ရှိနေချိန်မှာ အရည်အသွေးနိမ့်ပဲကတော့ ရူပီး ၂၄၀၀၀-၃၁၀၀၀ (ကန်ဒေါ်လာ ၄၈၇-၆၂၉) သာရှိတယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်တဲ့ ဒေသတွေမှာ လက်ကျန်များများ ကျန်သေးတဲ့အတွက် ဈေးထူးထူးခြားခြား မြင့်တက်ဖွယ် မရှိနိုင်ဘူး လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အချို့ဈေးကွက်များမှ အရည်အသွေးနိမ့် ပဲတီစိမ်းများ ဝင်ရောက်လာဖွယ် ရှိခြင်းကလည်း ပဲဈေးငြိမ်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက် များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂၅-၁၀-၁၁ ၂၄-၁၀-၁၁ ၂၂-၁၀-၁၁ ၂၁-၁၀-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၈၂၄ ၈၂၃ ၈၂၃ ၈၂၈ဒေလီ ၄၈၃-၆၂၃ ၅၀၂-၇၀၂ ၅၀၂-၆၉၂ ၄၇၉-၆၆၉အာကိုလာ - - ၆၆၂-၈၆၃ ၆၃၉-၈၅၈ MIRT-MAPT
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၀ ဒသမ ၁၆၉သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၁၄ တန် ဝန်းကျင်ကို အောက်တိုဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ၅၆၄ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်းအပို့လျော့ရခြင်းနဲ့ ပတ်သက်ပြီး မူဆယ် ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်အသင်းမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်စုံစမ်း မေးမြန်းသော အခါ တရုတ်ဖက်တွင်ရာသီဥတု အေးနေခြင်း၊ စားသောက်ကုန်မုန့်များတွင် ဓါတုဆိုးဆေးပစ္စည်းများ ပါဝင်မှု ရှိ-မရှိကြပ်မတ် စစ်ဆေးနေတဲ့အတွက် မုန့်ထုတ်လုပ်မှုများ လျော့နည်းနေတာကြောင့် ပဲတီစိမ်းဝယ်လိုအား ကျနေတယ်လို့ ပြောပြပါတယ်။ မိမိဘက်မြေပြင်ဈေး ရော တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများပါ သိသိသာသာ ဈေးကျလျက်ရှိတာ တွေ့ရပါတယ်။ နှစ်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက် ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၅၆၆၄၅၆ ၆၁၃၀၆၆ ၄၆၆၁၀ ၈ ၈၆၄ ၈၉၄ ၃၀ ၃MIRT-MAPT
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် (အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်)အတွင်းတန်ချိန် ၁၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ဝယ်လိုအားနည်းခြင်းဖြစ်ပြီး တရုတ်ပြည်မှာလည်း ပဲတီစိမ်းအသစ် ထွက်တော့မယ်လို့ ကုန်သည်ကြီး များက ဆိုပါတယ်။ လာမယ့်ကာလတွေမှာလည်း ပဲတီစိမ်းလက်ရှိပမာဏအတိုင်း ပုံမှန်သာ တင်ပို့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ အောက်တိုဘာလ ၂၈ ရက်မှာလည်း ပဲတီစိမ်း FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူတစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၉၄၀-၉၆၀ အသီးသီးနဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT-MAPT
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၂၁၀၀ ကျော်နဲ့ ပုံမှန်သာ တင်ပို့မှု ရှိပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်နှေးနေတဲ့အတွက် ပမာဏနည်းနည်းနဲ့ ပုံမှန်တင်ပို့မှုရှိခြင်း ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ် အောက်တိုဘာ၂၁ ရက်အထိပဲတီစိမ်းတင်ပို့မှု စုစုပေါင်းမှာ တန်ချိန် နှစ်သိန်း တစ်သောင်းကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၉၅ သန်းကျော်ရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း ပဲတီစိမ်းတန်ချိန် ၁၄၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၇၁ သန်းကျော်ရှိတာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပဲတီစိမ်းတင်ပို့မှု ပုံမှန်သာ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT