Main menu

Background

Tuesday, 8 Nov 2011

                      အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်တွင် ချင်းဟောင်းလက်ကျန်မရှိတဲ့အတွက် ချင်းစိုက်တောင်သူများမှ အရင့်လိုသေးပေမယ့် ပစ္စည်းပြတ်နေတာကြောင့် တူးဖော် ရောင်းချလျက်ရှိပါတယ်။ ယခုတစ်ပတ်မှာလည်း ချင်းအသစ်ကို လှောင်လက်များမှ အဝယ်မရှိသေးဘဲ လက်လီလက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအပါအဝင် ၂၅ ပိဿာဝင် တောင်း ၂၂၀ ခန့်နဲ့ အရောင်းအဝယ် အေးလျက်ရှိနေပါတယ်။                       ပြည်ဈေးကွက်ကို ယခုတစ်ပတ် တောင်း ၅၀၀ ခန့်စီးဝင်မှုရှိခဲ့ပြီး၊ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်းတက် (ရှယ်) ၁၀၀၀ ကျပ်၊ (ဂျွန်) ၈၀၀ ကျပ်၊ ချင်း(ဓားလှီး) ၁၂၀၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 8 Nov 2011

                      ဒီတစ်ပတ်အတွင်း အောင်ပန်းဈေးကွက်ကို ချင်းသစ်တွေအဝင်နည်းနေပါတယ်။ တောင်သူတွေက ရှမ်းပြည်နယ်ရဲ့ဓလေ့အတိုင်း ကထိန်အလှူပွဲတွေ လုပ်နေ တာရယ်၊ ချင်းဈေးကလည်း ထင်ထားသလောက် ဈေးမရတာ ရယ်ကြောင့် မဖော်ကြဘူးလို့ ပွဲရုံတွေကသိရပါတယ်။ အောင်ပန်းဒေသတစ်ဝိုက်ကသာ အနည်း အကျဉ်း ဝင်လာပြီး၊ ပင်လောင်းဖက်ကတော့ အဝင်မရှိသလောက်ဖြစ်နေပါတယ်။ အဝင်ကလည်း တစ်ရက်ကိုပိဿာချိန် ရာဂဏန်း လောက်သာ ဝင်ရောက်မှုရှိပြီး၊ မကွေး၊ တောင်ငူ၊ မန္တလေးက ချင်းထိုးသမားတွေ ဝယ်ယူနေတာကြောင့် အရင် တစ်ပတ်ကထက် ဈေးတက်လာပါတယ်။ ချင်းသစ်ဈေးက တစ်ပိဿာ ၄၀၀ ကျပ်၊ ၄၅၀ ကျပ်ဈေးရှိပါတယ်။                        ချင်း (ဥမ)ကတော့ တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပေမဲ့ ပစ္စည်းလက်ကျန်က မရှိတော့ဘူးလို့ သိရပါတယ်။ ချင်းခြောက်က လက်ကျန်အတော် များများကျန်နေသေး တယ်လို့သိရပြီး၊ တစ်ပိဿာကို ၂၀၀၀ ကျပ်မှ ၂၃၀၀ ကျပ်ဈေးရှိပါတယ်။ လှောင်လက်အချို့ကတော့ တစ်ပိဿာ ၂၅၀၀ ကျပ်ရမှသာ ရောင်းနိုင် မယ်ဆိုလို့ အရောင်း အဝယ်ကတော့ သိပ်မဖြစ်ပါဘူး။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးချင်းခြောက် တစ်ပိဿာ ၂၅၀၀ ကျပ်၊ ၂၆၀၀ ကျပ်ဈေး ရှိတယ်လို့သိရပါတယ်။ ဧဧခိုင်

Tuesday, 8 Nov 2011

                  ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ချင်း ၁၂ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလမှာ နှစ်ပတ် ဆက်တိုက်အပို့ပျောက်ခဲ့တဲ့ ချင်းက နှစ်ပတ်ပြန်လည်အပို့ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ် ၂၂ တန် တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ၁၂ တန်သာ တင်ပို့နိုင်ခဲ့လို့ ဒီ တစ်ပတ်ချင်းအပို့လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ ဒီသီတင်းပတ်မှာလည်း အက်ဖ်အို ဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၁၄၄၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၁၇၂၈၀ ရရှိခဲ့ပါတယ်။MIRT (DOT)

Tuesday, 8 Nov 2011

                 သိပ္ပံပညာရှင်များဟာ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကုစားဖို့ အထောက်အပံ့မပြုနိုင်ပေမယ့် စီးပွားရေးပညာရှင်တွေ မလုပ်ဆောင်နိုင်တာကို ဆောင်ရွက်နိုင်ပါတယ်။ အိန္ဒိယသုတေသနပညာရှင်များဟာ မျိုးရိုးဗီဇမြင့်ထားတဲ့ ပဲစင်းငုံပင်ကို ပထမအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပဲစင်းငုံ ဝယ်လိုအား မြင့်တက်လျက်ရှိနေပေမယ့် အထွက်နှုန်းနိမ့်ကျနေတဲ့အတွက် တစ်နှစ် ကန်ဒေါ်လာ ၁၄၂ သန်းခန့် ကုန်ကျခံပြီး တင်သွင်းနေရပါတယ်။ ဒါကြောင့်လည်း လက်လီဈေးများမြင့်တက်နေပါတယ်။ အဲဒီလိုဈေးနှုန်းမြင့်တက်နေမှုကို လျှော့ချဖို့ သိပ္ပံပညာရှင်များဟာ ယခုအခါ မျိုးရိုးဗီဇမြှင့်ထားတဲ့ စပ်မျိုး ပဲစင်းငုံမျိုးသစ်ကို တီထွင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဘားနပ် ဟိန္ဒူတက္ကသိုလ်နဲ့ စိုက်ပျိုးရေးတက္ကသိုလ်များမှ ဌာနခွဲ၊ စိုက်ပျိုးရေးသုတေသန တို့မှ သိပ္ပံပညာရှင် ၃၁ ဦးပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပြီး ၄ နှစ်ကြာ ကြိုးစားရှာဖွေခဲ့ခြင်းမှ ပဲစင်းငုံမျိုးရိုးဗီဇမြှင့် အပင်အဖြစ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ သိပ္ပံပညာရှင် များဟာ ပဲသီးနှံပျက်စီးမယ့် ရောဂါပိုးမွှားဒဏ်ခံနိုင်တဲ့ မျိုး ၁၂၀၀ ကျော်နဲ့ မိုးခေါင်ဒဏ်ခံ နိုင်တဲ့ မျိုး ၁၅၂ ခုတို့ကို စမ်းသပ်ရှာဖွေခဲ့ပါတယ်။                       ယင်း စီမံကိန်းကို ဦးဆောင်တဲ့ ပါမောက္ခ Nagendra Kumar Singh ပြောကြားချက်အရ ၎င်းင်းတို့ရှာဖွေဖော်ထုတ်တဲ့ မျိုးစေ့မှ ပဲဈေးကြီးမြင့်မှုကိုချဖို့ အကူ အညီဖြစ်မယ်လို့ သိရပါတယ်။ '' အိန္ဒိယနိုင်ငံအနေနဲ့ ကမ္ဘာ့ပဲစင်းငုံ ထုတ်လုပ်မှုရဲ့ ၈၅ ရာခိုင်နှုန်းကို စားသုံး တယ်လို့ သိထားပါတယ်။ နိုင်ငံအတွင်း ထုတ်လုပ်မှု နိမ့်ကျနေခြင်းကြောင့် ပဲဈေး ကြီးမြင့်နေခြင်းကို ယခုထုတ်လုပ်တဲ့ မျိုးစေ့မှ အထောက်အပံ့ ဖြစ်ပါလိမ့်မယ်လို့ "လည်း Singh က ပြောကြားပါတယ်။ ယခုမျိုးစေ့ကို အမြန် ဆုံး မျိုးပွားမှာ ဖြစ်ကြောင်း၊ ယခု စမ်းသပ်တဲ့မျိုးနဲ့ ချက်ချင်းသက်ရောက်မှု မရှိပေမယ့် ပြုပြင် ပြောင်းလဲမှု စတင်လာပြီဖြစ်လို့ အိန္ဒိယရဲ့ ဈေးနှုန်းကြီးမြင့်စွာ တင်သွင်းမှုအပေါ် မှီခိုနေရမှု အဆုံးသတ်နိုင်ပါတယ်လို့လည်း ထပ်လောင်း ပြောကြားပါတယ်။ ယမင်းရွှေစင်၊ Source: Hindustan Times

Tuesday, 8 Nov 2011

                     ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှု တန်ချိန် ၂၂၀ အထိရှိခဲ့ရာမှ ယခုတစ်ပတ်မှာတန်ချိန် ၁၆၀ ခန့်ကို လျော့ကျခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အထိ မြေထောက်ပဲ တန်ချိန် ၉၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၇၂၀၀ ကျော်သာရှိခဲ့ပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့နိုင်ငံများကတော့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ ယခုတစ်ပတ်မှ ပဲယင်းတန် ၉၀ ကျော်ကို ဂျပန်၊ မလေးရှားနဲ့ စင်ကာပူတို့ကို တင်ပို့ခဲ့ပြီး၊ ပဲကြီး ၃ တန်ကို စင်ကာပူ၊ ဘိုကိတ် ၁၂၅ တန်ကို ထိုင်းကိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မြေထောက်ပဲ ၁၃၅ တန်ဖြစ်ခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ယခင်ဈေးများအတိုင်း မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း တစ်တန်ကန်ဒေါ်လာ ၄၈၀-၅၀၀၊ ဘိုကိတ်ပဲ တစ်တန် ကန်ဒေါ်လာ ၅၄၀-၅၆၀ အသီးသီးရှိကြောင်းသိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးနှုန်းမှာ တစ်တင်း ၂၀၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ အောင်လံဖက်မှ ပဲအဝင်အနည်းငယ်ရှိသလို ပွဲရုံများကလည်းလက်ကျန်များထုတ်ရောင်းချလာခဲ့ကြပါတယ်။ ကုလားပဲဈေး အနေ နဲ့ ယခင်နှစ်ဈေးနဲ့ နှိုင်းယှဉ်ရင် သိပ်လျော့နည်းသွားခဲ့တာမျိုးမရှိဘဲ တစ်တင်း ၂၀၀၀၀ ကျပ် အထက်ရှိခဲ့ကြပါတယ်။ ယခု နိုဝင်ဘာလဆန်းပိုင်းအတွင်း အရောင်း အဝယ်ဖြစ်မှု ပမာဏ အနေနဲ့ အိတ် ၈၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Tuesday, 8 Nov 2011

                    ယခုတစ်ပတ်မုံရွာ ကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ V2  အနေနဲ့ ဒေသတွင်း ဝယ်လက်ရှိပြီး၊ ရောင်းလက်မရှိလို့ ရန်ကုန်ဖက်ကတစ်ဆင့် မုံရွာဈေးကွက်ထဲ ပြန်ဝင်လာမှုရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိ ရပါတယ်။ ဒေသအတွင်း ဆောင်းသီးနှံအဖြစ် စောစောစိုက်ခဲ့ကြတဲ့ V2 ခင်းအချို့ ရေဝင်ပျက်စီးမှုရှိလို့ မျိုးပြန်ဝယ်ကြ တဲ့အတွက် အခုလို ဝယ်အားကောင်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကုလားပဲ(တိုင်ပေ)နဲ့ 929 ကုလားပဲ ဈေးကွက်မှာတော့ ဒေသခံစက်သမားနဲ့ ကြာဇံသမားတွေအဆွဲလိုက်လို့ တစ်နေ့အိတ် ၇၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲပေါက်ဈေး တွေကတော့ V2  တစ်တင်း ၂၂၀၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၉၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၉၃၀၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မုံရွာဈေးကွက်မှ ကုလားပဲစီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၇၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ကျော်သာရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုှုင်

Tuesday, 8 Nov 2011

              အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်အများစုမှာ ဈေးအမြင့်နဲ့ ငြိမ်နေပေမဲ့ အချို့ဈေးကွက်မှာ ဝယ်လိုအားနည်းလို့ ဈေးအနည်းငယ်ကျဆင်းပါတယ်။ ဈေးအမြင့်နဲ့ လှောင်လက်များဝယ်ယူဖို့မကိုက်တဲ့အတွက် အရောင်းအဝယ်မရှိဘူးလို့ သိရပါတယ်။ ဝယ်လိုအားနည်းမယ်ဆိုရင် နောက် ၄ ရက်ခန့်အတွင်း ဈေးကျဆင်း ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ နောက် ၄ လအကြာမှာ ပဲအသစ်များ ဝင်လာမှာဖြစ်လို့ ဈေးအနိမ့်မှာတော့ လှောင်လက်များ အဝယ်အသစ်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်ပေါက်ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                         ဒေါ်လာ/ တန်                    ၄-၁၁-၁၁       ၃-၁၁-၁၁        ၂-၁၁-၁၁              ၁-၁၁-၁၁ဒေလီ            ၇၁၀-၇၁၅      ၇၀၄-၇၀၉        ၇၀၇-၇၁၂             ၇၁၅-၇၂၀ကန်ပါ               ၇၃၅              ၇၂၉                 ၇၃၂                    ၇၄၄အာကိုလာ         ၇၄၅               ၇၄၀                 ၇၄၂                     -MIRT-MAPT

Tuesday, 8 Nov 2011

                         ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က အရောင်းအဝယ် မရှိခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ယခုတစ်ပတ်မှာ တန်ချိန် ၁၃၀ ကျော်ရှိပါတယ်။ အရောင်းအဝယ် အသင့်အတင့်ရှိသလို ပင်လယ်ရေကြောင်းတင်ပို့မှု အနေနဲ့လည်း တန်ချိန် ၃၆၀ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းခွဲစက်များလည်း အဝယ်ရှိတဲ့ပဲဖြစ်လို့ လက်ကျန်လျော့လာပြီဖြစ်ပြီး ပြည်ပဝယ်လိုအားလည်း အသင့်အတင့် သာရှိလို့ ရန်ကုန် FOB ဈေးအနည်းငယ် လျော့ ကျခဲ့ပါတယ်။ အောက်တိုဘာလ ၂၈ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၁၀၀၀-၁၀၂၀ ရှိရာမှ နိုဝင်ဘာလ ၄ ရက်မှာ ကန်ဒေါ်လာ ၉၈၀-၁၀၀၀ ဈေးသာ ရှိတယ်လို့ သိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                   ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ အဝင်များလာတာကိုတွေ့ရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ် များမှ အဝင်ရှိလာသလို အောင်လံ၊ မင်းတုန်း၊ ကံမဘက်မှလည်း ရေလမ်းရောကုန်းလမ်းမှပါ ဝင်ရောက်မှုများ ရှိခဲ့ပါတယ်။ တစ်ရက် အိတ် ၅၀၀ ကျော်အထိ အဝင်ရှိခဲ့ပြီး ရန်ကုန်ဝယ်လက်များ အဝယ်ရှိတာကြောင့် အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ဈေးနှုန်းကတော့ တစ်တင်း ၁၆၆၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ပြန်မြင့်လာကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Pages